ဖုန်းဘီလ် အပေါ် အခွန်ဆောင်ရမယ်ဆိုတော့ ... အားလုံး စီကနဲ ညံသွားတယ် ... အဲဒီထဲ ကိုယ်လဲ ပါတယ် ...
သို့သော် ကိုယ့်ဝသီအတိုင်း ... ဇစ်ဇစ်မြစ်မြစ် လိုက်ကြည့်တယ် ...
၂၀၁၅ ဧပြီ ၁ရက်နေ့မှာ ... လွှတ်တော်က ပြင်ဆင်လိုက်တဲ့  ... ကုန်သွယ်လုပ်ငန်းခွန် ဥပဒေဆိုတာလဲ ... ရှာဖတ်ကြည့်တယ် ...
ပုဒ်မ ၂ မှာ ပါတဲ့  ... ဤဥပဒေသည် ၂၀၁၅-၂၀၁၆ နှစ်မှစ၍ ... အကျိုး သက်ရောက်စေရမည် ဆိုတဲ့ ...
စာသား ကိုလဲ သတိထားမိတယ် ...
အဲတော့ အဓိပ္ပာယ်က ... လွှတ်တော်က ဥပဒေ ပြဋ္ဌာန်းတယ် ... အစိုးရက လိုက်နာဆောင်ရွက်ရတယ် ... ဒါ ဒီမိုကရေစီရဲ့ အခြေခံအကျဆုံး ... သဘောတရားပဲ ... ဒီအထိ ပြသနာမရှိဘူး ... လက်ခံလို့ရတယ် ...
ဒါဆို လူအများစု ... မကျေမနပ် ဖြစ်ကြတာက ဘာကိုလဲ ?
လူတွေ ဒေါပွကြတာက ... ရှင်းရှင်းလေးရယ် ... မညီမျှတာတွေ များနေတာကို ဒေါပွတာ ...
စက်မှုဇုန်မှာ ... စက်ရုံ မဆောက်ပဲ ခြံခတ်ပြီး ... ဈေးတက်အောင် ထိုင်စောင့်နေတဲ့ .... မြေကွက်တွေ အများကြီးရှိတယ် ...
အခုပဲ သိမ်းတော့မယ် .... အခုပဲ အရေးယူတော့မယ် ... ခဏခဏ ထကြေငြာတယ် ... တစ်ခါမှ သိမ်းတာလဲ မကြားဖူးဘူး ... နဂိုအတိုင်း ပိုနေမြဲ ကျားနေမြဲပဲ .... ဟုတ်လား… မဟုတ်လား .... ကွကို ပြန်စဉ်းစားကြည့် ...
ပိုင်ဆိုင်မှုတွေ တင်ပြဖို့ အဆိုတင်သွင်းတယ် ... ချက်ချင်း ရှုံးသွားတယ် ... ရှုံးမှာပေါ့ .... သူခိုးတွေ များတာကိုး .... ဘယ်တင်ရဲမလဲ ... ဟုတ်လား မဟုတ်လား .... ကွကို ပြန်စဉ်းစားကြည့် .....
အခွန်မဆောင် အခွန်ရှောင် ... ခရိုနီ ခရိုနက်ပေါင်း ... သောင်းခြောက်ထောင်ရှိတယ် ... သူတို့ကို ဖိဖိစည်းစည်း အခွန်မကောက် .... ကုန်သွယ်လုပ်ငန်းခွန်ကို .... အားထည့်ပြီး ကောက်တယ် .... ဟုတ်လား… မဟုတ်လား .... ကွကို ပြန်စဉ်းစားကြည့် .....
ဆင်းရဲချမ်းသာ ...ကွာဟမှု မြင့်နေတဲ့ ဒီတိုင်းပြည်မှာ ... Wealth Tax သဘောမျိုး ... ပိုင်ဆိုင်မှုအပေါ်မှာ ...
အိမ်တစ်လုံးကို အခွန်ဘယ်လောက် ... နောက်တစ်လုံးထပ်ဝယ်ရင် နှစ်ဆ ... နောက်တစ်လုံးဆို ၃ဆ ... စသဖြင့် အခွန်ကောက်သင့်တယ် ... ဘယ်လုပ်ရဲမလဲ ... ကိုယ့်ပြန်ထိမှာကိုး .... ဟုတ်လား… မဟုတ်လား .... ကွကို ပြန်စဉ်းစားကြည့် .....
လွှတ်တော်ကလဲ သောက်ရေးမပါတာမျိုးကို ... ကြိုးစားပမ်းစား ဥပဒေ ပြဋ္ဌာန်းတယ် ... အစိုးရကလဲ ကြိုးစားပမ်းစား ... ချက်ချင်း အားထည့်လုပ်တယ် ...
လူတွေ ဆဲကြတာက .... အခွန်ဆောင်ရလို့  ဆဲတာမဟုတ် ... မညီမျှလို့  ... အရင်လုပ်ရမယ့် အလုပ်တွေ အရင်မလုပ် ... နောက်မှ လုပ်ရမယ့်အလုပ်တွေ ... ရှေ့တန်းတင် အားထည့်လုပ်နေလို့  ... ဒါကို ဆဲတာ ဖြစ်တယ် ....
အဆဲမခံချင်ရင် .... အစိုးရက ... စက်မှုဇုန်တွေက ... မြေကွက်အလွတ်တွေ သိမ်းပြ ... လွှတ်တော်က ... Right to recall ဥပဒေကို ... အတည်ပြုပြ ...
ဒါဆိုရင်ကို ... အဆဲခံရ အတော်သက်သာမယ် ...
ဒါပေမယ့် ပြောသာပြောရတယ် ... ခင်ဗျားတို့ကလဲ ... အဆဲခံရတာကို နာမယ့်ပုံ မရှိပါဘူး ...
ကျုပ်လိုပဲ ... ထုံသွားပြီ ထင်ပါရဲ့
ရဲမိုး
Oppositeye myanmar

No comments:
Post a Comment