Wednesday, June 17, 2015
"မိမိကို ၀စေတဲ့ အမှတ်တမဲ့ အလေ့အထများ"
"မိမိကို ၀စေတဲ့ အမှတ်တမဲ့ အလေ့အထများ"
တစ်နေ့တစ်နေ့ အလုပ်တွေများလို့ ပြေးလိုက်လွှားလိုက်နဲ့ အစားတောင် ဖြောင့်ဖြောင့်မစားနိုင် ဖြစ်နေတာတောင် ကိုယ်အလေးချိန် တိုးလာနေပါသလား။ အစားကို ခုံခုံမင်မင်စားဖို့ အချိန်တောင် မရှိတဲ့အခါမျိုးမှာ တဖြည်းဖြည်းဝလာတာဟာ ကိုယ်တိုင်သတိမထားမိပဲ လုပ်မိနေတဲ့ အလေ့အထများ ရှိနေတာကြောင့် ဖြစ်ပါတယ်။
အဆီနည်းတဲ့ အစားအစာများစားခြင်း
အဆီနည်းတဲ့ အစားအစာများဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကိုယ်အလေးချိန်မတက်စေဘူးလို့ အများစုက ထင်တတ်ကြပါတယ်။ အဆီပါဝင်မှုနည်းပေမဲ့ သကြားဓါတ်မြင့်မားပြီး တခြားမကောင်းတဲ့ ဓါတုပစ္စည်းတွေ ပါဝင်ပါတယ်။ အဆီနည်းတဲ့ အစားအစာတွေဟာ ကျေညက်လွယ်ပြီး စုပ်ယူမှုကို ပိုမြန်စေတာကြောင့် စားချင်စိတ်ကို ပိုမိုတိုးတက်လာစေပြီး အမြဲလိုလို ဗိုက်ဆာနေစေပါတယ်။ ဒါကြောင့် အဆီနည်းတဲ့အစားအစာတွေကို စားတာဟာလည်း သကြားဓါတ် ပိုများစေပြီး မတင်းတိမ်နိုင်ဖြစ်ကာ ပိုစားမိစေပါတယ်။
အစာစားချိန်မမှန်ခြင်း (သို့) မစားပဲနေခြင်း
အချိန်မှန်မစားခြင်း (သို့) မစားပဲနေခြင်းဟာ ခန္ဓာကိုယ်အတွက်ရော စိတ်နှလုံးအတွက်ပါ အရမ်းကို ဆိုးဝါးတဲ့ အလေ့အထတစ်ခု ဖြစ်ပါတယ်။ ဗိုက်ဆာမှုကို လျစ်လျူရှုခြင်း ဒါမှမဟုတ် အစားမစားပဲ နေခြင်းဟာ နောက်တစ်ခါအစားစားတဲ့အခါ အများကြီးစားမိစေပါတယ်။ ခန္ဓာကိုယ်ရဲ့ လောင်စာဖြစ်တဲ့ အစားအစာကို မှန်မှန်မစားတဲ့အခါ ခန္ဓာကိုယ်ဟာ လုပ်ဆောင်မှုစွမ်းအား ကျဆင်းသွားပါတယ်။ အစားစားပြီးနောက် ၄ - ၆ နာရီအတွင်းမှာ လူရဲ့ဦးနှောက်ဟာ ဂလူးကို့စ်တွေ မြင့်မားနေတဲ့အတွက် အရမ်းကို တက်ကြွသန်စွမ်းနေတတ်ပါတယ်။ အဲဒီအချိန်နောက်ပိုင်းမှာ အစားထပ်စားမှသာ ဦးနှောက်က အမြဲတမ်း တက်ကြွသန်စွမ်းနေမှာ ဖြစ်ပါတယ်။
အမြန်စားတတ်ခြင်း
အစားကို အမြန်စားတတ်ခြင်းဟာ အသက်တိုစေတတ်တဲ့ အလေ့အထဖြစ်တယ်လို့ တချို့က ပြောကြပါတယ်။ အိုဆာကာတက္ကသိုလ်မှ လူ ၃၀၀၀ ကိုလေ့လာခဲ့ရာ အစားမြန်မြန်စားလေ့ရှိတဲ့ အမျိုးသား ၈၄% နဲ့ အစားမြန်မြန်စားလေ့ရှိတဲ့ အမျိုးသမီး ၅၀% တို့ ၀လာကြကြောင်း တွေ့ရှိခဲ့ရပါတယ်။ အကြောင်းရင်းကတော့ အစားစားတဲ့အခါ လူရဲ့ဦးနှောက်ဟာ မိနစ် ၂၀ ခန့် ကြာတဲ့အခါမှသာ ဗိုက်တင်းကြောင်း အချက်ပြလေ့ရှိပါတယ်။ အစားမြန်မြန်စား တတ်သူတွေမှာ အဲဒီအချက်ပြတဲ့ဟော်မုန်း ထွက်နှုန်း လျော့ကျသွားတတ်လေ့ရှိပါတယ်။ ဒါကြောင့် မြန်မြန်စားလေ ဟော်မုန်းလျော့ကျလေ ဗိုက်တင်းကြောင်း မသိလေဖြစ်တတ်ပြီး များများစားမိစေပါတယ်။
ပါးစပ်အပြည့်အားရပါးရစားတတ်ခြင်း
စားတာက စားတာပဲ ဘာများအရေးကြီးလဲလို့ မထင်လိုက်ပါနဲ့။ အားလုံးအတူတူထိုင် စားကြတဲ့အခါ ပါးစပ်ထဲအပြည့်ထည့်ပြီး အားရပါးရစားတတ်သူဟာ ပါးစပ်ထည့်ဆန့်ရုံစားတတ်သူထက် အချိန်ကယ်လိုရီ ၅၂% ပိုစားမိတယ် လို့ လေ့လာချက်များအရ တွေ့ရှိရပါတယ်။ ပါးစပ်အပြည့် ထည့်စားတတ်သူတွေဟာ အချိန်တိုအတွင်း အများကြီးစားမိပြီး လွယ်လွယ်နဲ့လည်း ဗိုက်မတင်း တတ်ပါဘူး။ အလုတ်သေးသေးလေးစားပြီး အကြာကြီးဝါးစားတတ်သူတွေဟာ နည်းနည်းစားပြီး ဗိုက်ဝတတ်တယ်လို့ ဆိုပါတယ်။
စားသောက်ဆိုင်မှာ စားလေ့ရှိခြင်း
စားသောက်ဆိုင်မှာ အစားအစာတွေဟာ အရသာရှိစေဖို့နဲ့ စားပြီးရင်းစားချင်စေဖို့အတွက် အဓိက ရည်ရွယ်ပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။ စားကောင်းစေတဲ့အစားအစာတွေက သင့်ကို ကယ်လိုရီတွေ တက်လာစေသလို စားပြီးရင်းစားချင်တဲ့စိတ်ကလည်း သင့်ရဲ့ အစာစားချင်စိတ်ကို တိုးသထက်တိုးစေပါတယ်။ ဒါကြောင့် ခဏခဏ အပြင်ထွက်စားခြင်းဟာ ၀ိတ်ပိုတက်စေသလို ပိုလည်းစားမိစေပါတယ်။
Credit: yangonlife
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment