Wednesday, June 17, 2015
"သားကို ချစ်ပါနော် မေမေရယ်"
"သားကို ချစ်ပါနော် မေမေရယ်"
(ငိုလွယ်သူများ မဖတ်ရ)
မေမေ.....မေမေ.... မေမေ..
မေမေရေ သားက မေမေ့ ကလေးပါ။ သြော် .. မေမေကတော့ သားကိုဘယ်သိရှာမှာတုံး။ သားက
အခုမှ သုံးပတ်ပဲရှိသေးတာကို ..။ စိတ်မပူပါနဲ့ မေမေရယ် .. နောက်တော့
သားကိုမေမေ တွေ့လာမှာပါ။ မေမေ့ကိုလေ သားအကြောင်းလေးကို သားကိုယ်တိုင်
နဲနဲပြောပြချင်တယ် .. နားထောင်ပေးနော် မေမေ။
သားနာမည်က မိုးမိုးလို့ ခေါ်တယ် မေမေရဲ့။ သားမှာလေ မျက်ခုံးလှလှလေးတွေရှိတယ်.. နက်မှောင်တဲ့ ဆံပင်ကောက်ကောက်လေးတွှေရှိတယ်။ အခုတော့ သားမှာမရှိသေးဘူးပေါ့ .. ဒါပေမယ့် သားမွေးလာရင် တော့ရှိလာမှာမေမေရဲ့။
သားမွေးလာရင်လေ .. သားက မေမေ့ရဲ့ တစ်ဦးတည်းသော သားလေးဖြစ်လာမှာ။
"ဒီသားအမိနှစ်ယောက် အကဲကိုပိုလွန်းတယ်" လို့ မေမေနဲ့ သားချစ်ကြမှာကို ပတ်ဝန်းကျင်က အဲ့လိုပြောကြမှာ မြင်ယောင်သေး ဟိဟိ။ သား
ဖေဖေ့ကိုတောင် မလိုဘူးလို့ထင်တယ် .. ဖေဖေ တောင်းပန်ပါတယ်နော် ..
သားစော်ကားတာမဟုတ်ပါဘူး.. ဘာလို့လဲ ဆိုတော့ သားကလဲ အမေ့ကို အရမ်းချစ်တယ်... မေမေကလဲ သားကိုအရမ်း ပြန်ချစ်မယ်လို့ သားထင်တယ်။ မေမေ
သားကိုအရမ်းချစ်တယ်မလားဟင် ?? သားတို့ သားအမိနှစ်ယောက်လုံး တူတူ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ဘ၀ကိုဖြတ်သန်းကြမယ်လေ။
သားကတိပေးပါတယ် မေမေရယ်...
ဒါနဲ့လေ သားကြီးလာရင်လေ .. သား ဆရာဝန်ကြီး သိပ်ဖြစ်ချင်တာ မေမေရဲ့... အထူးကု သမားတော်ကြီးလာရင်လေ လူနာတွေ
အသက်ကိုကယ်နိုင်မှာဗျ .. သားတွေးရင်းနဲ့ ပျော်နေပြီ မေမေရယ် ...
ဟောဗျာ ... ဒီနေ့ပဲ မေမေ့ ဗိုက်ထဲမှာ သားရှိနေတာ မေမေသိသွားပြီ။ မေမေ သိပ်ပျော်နေတယ်နော် .. မေမေဘယ်သူကိုမှ မပြောဘဲ မနေနိုင်အောင်ဖြစ်နေတယ်နော်... မေမေ မျက်နှာလေးပေါ်မှာ အပြုံးပန်းတွေ ဝေနေတာ သားမြင်ရတယ် မေမေ..။ အဲ့အပြုံးလေးတွေဟာ သားဘ၀မှာ ပထမဆုံး မြင်ရတဲ့ အပြုံးလေးပါ ..
အဲ့ဒီ့အပြုံးလေးဟာ သားဘ၀မှာ အကောင်းဆုံး အပြုံးလေး ပါ မေမေရယ်...
အဲ့နေ့မှာပဲ ချက်ချင်း မေမေ ဖေဖေ့ကို သားအကြောင်း ပြောပြလိုက်တယ်လေ။ မေမေက အရမ်းကို
စိတ်လှုပ်ရှားနေတာလေ .. ဒါပေမယ့်လေ .. ဖေဖေက မေမေ့လို မဟုတ်ဘူးဗျ။ သူက မကြိုက်တဲ့ အမူအရာပြနေတယ်ဗျ။ ပျော်တဲ့ပုံလဲ ပေါက်ဝူး။
မေမေ့ရေ လုပ်ပါဦး ဖေဖေ့က စိတ်ဆိုးတဲ့ မျက်နှာကြီးဖြစ်လာပြီ ..
သားကြောက်လာပြီနော် မေမေရယ်...
တကယ်တော့ ပျော်ရမှာ မဟုတ်ဘူးလားဟင် မေမေ??
ဖေဖေ စပြောပါလေရော .. အဲ့စကား ဘယ်လိုခေါ်ပါလိမ့် ?? သြော် .. သားသိပြီ
ဟိုဟာလေ.. " ဗျစ် တောက် ဗျစ် တောက် " ဆိုလားပဲ။ ထားပါတော့လေ။ သူပြောတဲ့
စကားတွေထဲမှာ ပိုက်ဆံအကြောင်း၊ ကုန်ကျ စရိတ်တွေအကြောင်း၊ ဘာတွေမှန်းမသိဘူးဗျ .. စုံနေတာပဲ။ သားတော့ တစ်ခုမှ နားမလည်ဘူးမေမေ။
အဲ့ဒါဘာတွေ ပြောနေတာလဲဟင် ... ပိုက်ဆံဆိုတာ ဘာကြီးလဲဟင် ?? ထားလိုက်ပါ မေမေရယ်။ နောက်တော့ သားသိလာမှာ မလား ဟိဟိ .. ကျောင်းတက်ရင် ဒါတွေ နားလည်လာမှာပါ။ သားလေ ကျောင်းအရမ်း တက်ချင်နေပြီ မေမေရယ် ..
ဟာ ဟာ ဟာ..... ကျွန်တော်ဒါတွေ တွေးနေတုံး မှင်သေသေသွားတယ်..
ဖေဖေက မေမေ့ကို လှမ်းရိုက်လိုက်တယ် ..
မေမေနောက်ကို လန်ကျသွားတယ်ဗျ .. မေမေက လက်ထောက်ပြီး သားကို ကာကွယ်လိုက်တယ်လေ... သားကတော့ ဘာမှတော့ မဖြစ်ပါဘူး မေမေရယ် ..
သားလေ အမေ့အတွက် လုံးဝကို စိတ်မကောင်းဘူး မေမေရယ် .. ပြီးတော့ မေမေ စပြီး ငိုပါလေရောဗျာ .. သားလေ အဲ့အသံကို လုံးဝ မကြိုက်ဘူးဗျာ..
အရမ်းမုန်းတာပဲ .. ဘယ်လို အသံလဲတော့ သားမသိဘူး .. မေမေ့ ပါးစပ်ကထွက်သမျှ
အသံတွေထဲမှာ အဲ့ အသံကို သားလုံးဝ မကြိုက်ဘူး မေမေရယ် .... ။ ဖေဖေ က မေမေ့ကို "တောင်းပန်ပါတယ်ကွာ .. ကိုယ်မှားသွားတယ် .. မင်းကို ချစ်ပါတယ်" လို့ ပြောပြီး မေမေ့ကို ဖက်ပြီး နှစ်သိမ့်တယ်။
သားလေ တကယ်ရူးချင်လာပါပြီ မေမေရယ် .. ချစ်တယ်ဆိုရင် ဘာလို့ ရိုက်သေးလဲဟင် ..
သားနားမလည်နိင်တော့ပါလား မေမေရယ် .. ခေါင်းတွေတောင် မူးလာပြီ..
မေမေ.. သားကို မေမေ မြင်ရပြီလားဟင် ?? မေမေ့ ဗိုက်လေး ပူလာပြီနော် .. ။ မေမေလေ
ဖွားဖွားနဲ့ Shopping ထွက်ပြီး အ၀တ်အသစ်တွေ ၀ယ်တယ်လေ .. မေမေ့ဗိုက်လေး
ပူလာတော့ အကျီ်တွေ မတန်တော့ လို့လားဟင် ?
မေမေ သားကို သီချင်းလေးတွေ ဆိုပြတယ် .. သားဘ၀မှာ အဲ့အသံက အချိုမြိန်ဆုံးပါပဲဗျာ ... နားထောင်လို့ကို မ၀ဘူး မေမေရယ် ..
မေမေ။ သားကို စောင့်နေနော် သားမကြာခင် လူ့လောကထဲ လာခဲ့မယ် .. သားမွေးလာရင်လေ
အမေ့အတွက် သားအကောင်းဖြစ်အောင်လုပ်မယ် မေမေရယ် ... စိတ်ချပါ.. မေမေ့ကို သားရင်ထဲ အသဲထဲက ကို ချစ်မှာပါ။
မေမေရေ .. သားအခု ခြေထောက်လေးတွေ လက်လေးတွေ လှုပ်လို့ရပြီဗျ ..
သားဘာလို့လှုပ်လဲသိလား ?? မေမေက ဗိုက်ပေါ်လက်ကလေးတင်ပြီး ပွတ်တဲ့အခါဆိုရင်
သားကလဲ လက်လေးတွေ ခြေလေးတွေ လှုပ်ပြီး အချက်ပေးတာပေါ့ ဟိဟိ ပျော်လိုက်တာ.. မေမေနဲ့ သားနဲ့ ကစားနေတာလေ ..။
ဒီနေ့ဖေဖေက မေမေ့ကို လာတွေ့တယ် .. သားကြောက်တယ်မေမေရယ်။ ဖေဖေ ဘာတွေ
အထူးအဆန်းလုပ်ပြီး လျှောက်ပြောနေလဲမသိဘူး မေမေ။ သူက မေမေ့ကို မလိုဘူးတဲ့
ပြီးတော့ သူက မေမေ့ကို ရိုက်ပြန်ကော .. ပြီးတော့ မေမေနဲ့ ဖေဖေ စကားတွေ များကြတယ်လေ ..
သားအရမ်းကို ဒေါသထွက်တာပဲဗျာ .. ဖေဖေ့ကို မုန်းတယ်။ မေမေ စိတ်သာချထားလိုက် .. သားမွေးလာရင်လေ မေမေ့ကို ဘယ်သူမှ အနိုင်မကျင့်စေ ရဘူး .. သားကာကွယ်ပေးမယ်။ ဖေဖေ တကယ်ဆိုးတယ်ဗျာ .. မေမေက သူ့ကို လူကောင်းလို့ ထင်ထားလားမသိဘူးဗျာ .. သားအတွက်ကတော့ တော်တော်ဆိုးတယ်။ သားချစ်တဲ့ မေမေ့ကို သူရိုက်တယ်လေ။ ပြီးတော့ သူကပြောတယ် .. သားကို မလိုချင်ဘူးတဲ့။ သူက
သားကိုဘာလို့ မုန်းနေတာလဲ ဟင်။ သားမှာ ဘာများ အပြစ်ရှိလို့လဲ ဟင်။ သားကို ရှင်းပြပါဦး မေမေရယ် .. သားသိချင်လို့ပါဗျာ ... ။
"မေမေ.. မေမေ... မေမေ.." သားခေါ်နေတာကြားလားဟင် မေမေ။ ဒီည မေမေ သားကို ဘာမှလဲ မပြောဘူးနော်..
မေမေဘာဖြစ်နေတာလဲ ဟင် .. မေမေ နေကောင်းရဲ့လား ဟင် ?? သားစိတ်ပူလို့ပါ
အခုဆို မေမေ ဖေဖေနဲ့ တွေ့တာ သုံးရက်ကြာသွားပြီနော်..။ မေမေ အဲ့နေ့က စပြီး
သားကိုဘာမှမပြောတော့ဘူး၊ သားကိုလဲ မကိုင်တော့ဘူး၊ မေမေ သားကိုဂရုမစိုက်တော့ဘူး။
မေမေ သားကိုကော ချစ်သေးရဲ့လားဟင်?
ဘာပဲ ဖြစ်ဖြစ် သားကတော့ မေမေ့ကို ချစ်နေမှာပဲ..
သား မေမေအိပ်နေတဲ့ အချိန်ဆို အရမ်းပျော်တယ်သိလား .. ဘာလို့လဲဆိုတော့ မေမေက အိပ်ရင် ဗိုက်ပေါ်လက်တင်အိပ်တဲ့ အကျင့်ရှိတယ်လေ.. သားကိုဖက်ထားတယ်လို့
သားခံစားရတယ် မေမေရယ်...။
ဒါတွေက မေမေအိပ်နေတဲ့ အချိန်မှာပါပဲ .. မေမေနိုးနေတဲ့ အချိန်မှာ ဘာလို့
အဲ့လိုမလုပ်တော့တာလဲ မေမေရယ်.. အရင်တုံးကလို ဘာလို့ မလုပ်တော့တာလဲ
မေမေရယ် .. သားငို ချင်လာပြီနော်.. ။
သားလေ အခုဆို ၂၁ ပတ်ရှိပြီ မေမရေဲ့။ မေမေ သားအတွက် ဂုဏ်မယူ ဘူးလားဟင်..?? သားတို့ ဒီနေ့ နေရာသစ်ကို သွားမယ်လို့ မေမေနဲ့ ဖွားဖွား ပြောနေသံကြားတယ် .. သားတော့
အဲ့နေရာတော့မသိဘူး .. ဒါပေမယ့် ပျော်လိုက်တာ မပြောပါနဲ့တော့ ... အဲ့နေရာက ဆေးရုံလို. ခေါ်တယ်လို့ ပြောတာပဲ .. သားတော့ သိဝူး .. သိလဲ
သိချင်ပါဘူးလေ။ မေမေနဲ့ တူတူရှိနေရင် သားပျော်ပါတယ် မေမေရယ်...။
သြော် သားသိပြီ ဆေးရုံဆိုတာ ဆရာဝန်တွေရှိတဲ့ နေရာမလား ? မေမေ့ကို
သားပြောဖူးပါတယ် .. သားကြီးလာရင် ဆရာဝန်လုပ်မယ်ဆိုတာလေ... အခု
သားအဲ့နေရာကို သွားရမယ်ဆိုတော့ အတိုင်းမသိ ၀မ်းသာနေတယ် မေမေရယ်.. စိတ်လဲလှုပ်ရှားနေတယ်ဗျာ။ မေမေ့ကို ပြောပြချင်လိုက်တာဗျာ .. ဟိဟိ ...။
မေမေ .. သားတဖြည်းဖြည်း ကြောက်လာပြီ.. ။ မေမေ့ နှလုံးခုန်သံတွေ မြန်လာသလိုပဲနော်..။ မေမေ ဘာတွေတွေးနေတာလဲတော့ မသိဘူး .. ဒါပေမယ့် သား လေးစားရတဲ့ ဆရာဝန်ကြီးက မေမေ့ကို ဘာတွေလဲ မသိဘူးပြောပြနေတယ်ဗျ ..။
သားသိနေတယ်နော် မေမေ... တစ်ခုခုတော့ ဖြစ်တော့မယ်ဆိုတာလေ။ သားကြောက်လာပြီ
မေမေရယ် .. တကယ်ပြောတာပါ .. ကြောက်လာပြီ.. ။ မေမေ.. သားကို ချစ်တယ်ဆိုတဲ့ စကားလေးသာ ပြောပေးပါဗျာ .. သားအဲ့ဒါဆို စိတ်အေးသွားမှာပါ။ တောင်းပန်ပါတယ် မေမေရယ် .. ပြောပါ ပြောပါ။
သားကတော့ မေမေ့ကို အရမ်း အရမ်း ချစ်တယ်လို့ ပြောချင်တယ် မေမေရယ်..။
မေမေရေ .. သားကိုကယ်ပါဦး .. !!! သူတို့သားကို ဘာတွေလုပ်နေလဲ မသိဘူး.. သားဆရာဝန်ကြီးတွေကို မုန်းသွားပြီ .. ဆရာဝန်ကြီး မဖြစ်ချင်တော့ဘူး ..
မေမေ့.. သားနာလို့ပါ မေမေရယ် .. ကယ်ပါမေမေရယ် .. သူတို့ကို ရပ်ခိုင်းပေးပါ မေမေရယ် .. သားမခံနိင်တော့ဘူး အား!! အား!! အား!! နာတယ် နာတယ်!! ...
မေမေ့ကို ချစ်.. ချစ် ..ချစ်... တယ်... တယ်..
နော်..........................
...
/iv./iv./iv./iv/iv./iv/
iv...../iv ....
______________________________
________ (Heart Beats)
မေမေ.. သားအခု အန္တရယ် ကင်းသွားပါပြီ မေမေရယ် .. သားအခု နတ်ပြည်မှာလေ နတ်သား နတ်သမီးလေးတွေနဲ့ အတူတူရှိနေပါတယ်မေမေ။ Angle လေးတွေက မေမေ
ဘာလုပ်လိုက်လဲဆိုတာ သားကိုပြောပြတယ်.. မေမေ ကိုယ်ဝန်ဖျက်ချ လိုက်တာတဲ့ (Abortion )
မေမေရယ် ... လုပ်ရက်လိုက်တာ .. ဘာလို့ အဲ့လို လုပ်ရတာလဲဟင် ? မေမေ သားကို
ုမချစ်ဘူးလား ? သားက မေမေ့ကို ၀န်ထုပ်ဝန်ပိုး ဖြစ်စေခဲ့လို့လား ?
မေမေရယ် ဖေဖေ မရှိလဲ သား မေမေ့ကို စိတ်ချမ်းသာအောင်ထားမှာပါ မေမေရယ်..
သားရယ် အမေရယ် ဘ၀ကို ရုန်းကန်ဖြတ်သန်းမယ်လို့ သားမျှော်လင့်ထားတာပါ မေမေရယ်.. ။
မေမေရယ် သားကတော့ မေမေ့ကို အသဲ ပေါက်ထွက်မတတ် ချစ်ပါတယ်မေမေရယ်။ သားကို
ဘာလို့ ပြန်မချစ်တာလဲဟင် .. မေမေသားကို အရမ်းချစ်မယ်လို့ သားထင်ထားတာပါ
မေမေရယ်..။ သားလေ လူ့ဘ၀ကို ရောက်ချင်တယ် မေမေရယ်။ ဒီဘ၀မှာ မနေချင်ဘူး မေမေရယ်။ သားပြန်လာချင်တယ် မေမေရယ် ။ သားကြီးလာရင်လေ မေမေကို ပညာရှင်ကြီးဖြစ်အောင် ကြိုးစားပြီး လုပ်ကျွေးမှာ.. (ဆရာဝန်တော့ သားမဖြစ်ချင်တော့ဘူး၊ သား မုန်းသွားပြီ )
မေမေရယ် .. သားကို ဘာလို့မချစ်တာလဲ ဟင် ?
သားလေ မေမေမျက်နှာကို အဝေးကပဲ မြင်ဖူးတာ .. အနီးကပ်မြင်ချင်တယ်မေမေရယ် ..
သား အမေ့ကို နမ်းချင်တယ်..
မေမေနဲ့သားနဲ့ ဆော့ချင်တယ်.. မေမေနဲ့ သားနဲ့ ညဘက် ကြယ်လေးတွေ တူတူရေချင်တယ် ...
သားလေ လူတွေ အလယ်မှာ ထွက်ပြီး ဒါငါ့အမေကွ လို့ အော်ပြောချင်တယ် မေမေရယ်..
သာဆန္ဒတွေ ဘာလို့ မဖြစ်လာရတာလဲဟင်...
သား အမေ့ကို ချစ်တဲ့ အချစ်က နဲလို့လားဟင် မလုံလောက်ခဲ့လို့လားဟင် ??
သား လောကမှာ အလိုချင်ဆုံးက မေမေသားကို ပြန်ချစ်လာတာကိုပါပဲ..
သား အမေ့အပေါ် အမှားလုပ်မိလို့လားဟင်.. အမှားလုပ်မိတာရှိရင် တောင်းပန်ပါတယ် မေမေရယ်..
ဟော .. မေမေ သားကို နတ်သားလေးတွေ လာခေါ်နေပြီ သွားတော့မယ်နော် မေမေ...
သား မေမေကို တစ်ခု လှမ်းပြောလိုက်မယ်နော် .. မေမေတော့ ကြားပါ့မလားမသိဘူး
"သား အမေ့ကို အရမ်း အရမ်း ချစ်ပါတယ်ဗျာ ... "
Credit: Black Prince
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment