Wednesday, June 17, 2015

"အစာစားဖို့ ပန်းကန်တွေကို ပါးစပ်နဲ့ကိုက်ပြီး တန်းစီစောင့်ဆိုင်းနေတဲ့ ခွေး (၆) ကောင်"


"အစာစားဖို့ ပန်းကန်တွေကို ပါးစပ်နဲ့ကိုက်ပြီး တန်းစီစောင့်ဆိုင်းနေတဲ့ ခွေး (၆) ကောင်"

ခွေး (၆) ကောင်ဟာ အစာစားဖို့ ပန်းကန်တွေကို ပါးစပ်နဲ့ကိုက်ပြီး တန်းစီ စောင့်ဆိုင်းနေတဲ့ ဓာတ်ပုံကို လူမှုကွန်ရက်တွေမှာ မကြာခဏ မြင်တွေ့ဖူးကြမှာ ဖြစ်ပါတယ်။ ခွေး (၆) ကောင်ဟာ အစာစားဖို့ စနစ်တကျ စောင့်ဆိုင်းနေတာကို သဘောကျတဲ့သူ အများအပြား ရှိခဲ့ပြီး ဘယ်က ခွေးတွေလည်း ဆိုတာ သိရှိသူ အလွန်နည်းပါးတယ်လို့ ဒေးလီးမေးလ် သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဒီခွေး(၆)ကောင်ဟာ တရုတ်နိုင်ငံက ခွေးတွေ ဖြစ်ပြီး ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင် နေသူလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ရဲတပ်ဖွဲ့တွေဟာ ခွေးတွေကို စနစ်တကျ သင်ကြားပေးရာမှာ အလွန် ထူးချွန်ပြီး အစာစားရာမှာတောင် တန်းစီ စောင့်ယူခိုင်းနိုင်တဲ့အထိ လေ့ကျင့် ပေးနိုင်ခဲ့ပါတယ်။ ဓာတ်ပုံရဲ့ အချက်အလက်တွေအရ ရှေ့ဆုံးမှာ ရပ်နေတဲ့ ခွေးနက်ကြီးဟာ လက်ဗရာဒေါ အမျိုးအစား ဖြစ်ပြီး နောက်မှာ ရပ်နေတဲ့ ခွေး (၅) ကောင်ကတော့ ဂျာမန် အယ်လ်ဇေးရှင်း ခွေးအမျိုးအစားတွေ ဖြစ်ပါတယ်။ ဒီခွေးတွေဟာ ဘယ်သင်တန်းကျောင်းက ခွေးလည်း ဆိုတာ မသိပေမယ့် တရုတ်ရဲတပ်ဖွဲ့တွေ လေ့ကျင့် သင်ကြားပေးထားတဲ့ ခွေးတွေ ဖြစ်ကြောင်း ချိုင်နားဒေးလီး သတင်းကို ကိုးကားပြီး ဒေးလီးမေးလ် သတင်းမှာ ဖော်ပြခဲ့ပါတယ်။

ခွေးတွေကို လေ့ကျင့် သင်ကြားပေးနေတဲ့ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ခွေးတစ်ကောင်ကို လေ့ကျင့်ပေးရာမှာ အချက် (၄) ချက် ရှိရန် လိုအပ်ကြောင်း၊ ယင်း အချက်များမှာ ကောင်းမွန်သည့် ရုပ်လဏ္ခာ ရှိခြင်း၊ အစားကြီးသူ ဖြစ်ခြင်း၊ သတ္တိရှိခြင်း၊ စိတ်အားထက်သန်ခြင်းတို့ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံး အချက်က အစားကြီးသူ ဖြစ်ခြင်းနဲ့ သတ္တိရှိခြင်းတို့ အဓိကကျကြောင်း သိရပါတယ်။ ခွေးတွေကို လေးလသား အရွယ်လောက်မှာ စတင် လေ့ကျင့်ပေးခြင်းက အကောင်းဆုံးဖြစ်ကြောင်း သိရပါတယ်။

အေသင်အောင်


Credit: messenger

No comments:

Post a Comment