Thursday, June 18, 2015
"သစ်ပင် ပေါများသော အရပ်မှာ ကြီးပြင်းရသည့် ကလေး မှတ်ဥာဏ်ပိုကောင်း"
"သစ်ပင် ပေါများသော အရပ်မှာ ကြီးပြင်းရသည့် ကလေး မှတ်ဥာဏ်ပိုကောင်း"
စိမ်းစိမ်းစိုစို သစ်ပင်ပေါသော အရပ်များတွင် ကြီးပြင်းရသည့် ကလေးများသည် သစ်ပင်နည်းပါး (သို့မဟုတ်) သစ်ပင်မဲ့သော အရပ်များတွင် ကြီးပြင်းရသည့် ကလေးများထက် မှတ်ဥာဏ်ပိုင်းတွင်ရော၊ စဉ်းစား တွေးခေါ်နိုင်စွမ်း တွင်ပါ ပိုကောင်းမွန်ကြကြောင်း သိရသည်။
အိမ်ဝန်းကျင်မှာ သစ်ပင်ပန်းမန်နဲ့ စိမ်းစိမ်းစိုစို နေရသောကလေး၊ ကျောင်းသွားသည့် လမ်းတစ်လျှောက်မှာလည်း စိမ်းစိမ်းစိုစို သစ်ပင်များကြား သွားလာရသော ကလေးများသည် ကွန်ကရစ်တောမှာ ကြီးပြင်းရသော ကလေးများထက် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှုန်း တစ်နှစ်စာလောက် ပိုစော၊ ပိုရှေ့ရောက်ကြကြောင်း သိရသည်။ သစ်ပင် ပန်းမန်များနဲ့ စိမ်းစိုသောဝန်းကျင်ကို အစိမ်းနယ်မြေဟု ပညာရှင်များက သတ်မှတ်ခေါ်ဝေါ်သည်။
သုတေသနအဖွဲ့သည် ကလေး (၂၅၀၀) ၏ မှတ်ဥာဏ်နှင့် စဉ်းစား တွေးခေါ်နိုင်စွမ်းများကို စစ်တမ်းကောက်ယူသည်။ ထို့နောက် ထိုကလေးများ၏ နေရပ်လိပ်စာနှင့် ကျောင်းလိပ်စာ တို့ကိုလည်း စစ်တမ်း ယူသည်။ ထိုလိပ်စာနှစ်ခုကို အသုံးပြုပြီး၊ အွန်လိုင်းမြေပုံတွင်ကြည့်ကာ ကလေးတစ်ဦးချင်း၏ နေအိမ်အနီး သစ်ပင်ပန်းမန် ပမာဏ၊ အိမ်မှ ကျောင်းသွားသည့် လမ်းတလျှောက် စိမ်းစိမ်းစိုစိုရှိနှုန်း စသည်များကို မှတ်တမ်း တင်သည်။ အချက်အလက် အားလုံးကို ပေါင်းခြုံ အမှတ်ပေး လိုက်သောအခါ စိမ်းစိုသော နေအိမ်ဝင်း၊ စိမ်းစိုသော ကျောင်းသွားလမ်းများနဲ့ ထိတွေ့နေရသော ကျောင်းသားများသည် ကွန်ကရစ် ၀န်းကျင်နဲ့သာ ထိတွေ့နေရသော ရွယ်တူ ကျောင်းသားများထက် တစ်နှစ်လောက် စိတ်ဖွံ့ဖြိုးမှု ရှေ့တန်းပိုရောက် နေကြောင်း တွေ့ခဲ့ရ သည်။
ထို့အတူ အပြာနယ်မြေ (ရေကန်၊ ရေလှောင်ကန်၊ ပင်လယ်) စသောနေရာများ အနီးနေရသော ကလေးများသည်လည်း စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးနှုန်း တစ်နှစ်စာလောက် ပိုစောကြောင်း စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ သုတေသန အဖွဲ့၏ အစီရင်ခံစာကလည်း ဖော်ပြသည်။
Source: Daily Mail
Credit: messenger
Labels:
ဗဟုသုတ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment