Thursday, June 18, 2015
"မိန်းမသားတွေရဲ့ကိုယ်ဝန်ဆောင်ရမှုကို စာနာနားလည်နိုင်မယ့် စက်"
"မိန်းမသားတွေရဲ့ကိုယ်ဝန်ဆောင်ရမှုကို စာနာနားလည်နိုင်မယ့် စက်"
နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့မှာရှိတဲ့ The Birth Hotel မှာ မိန်းမသားတွေရဲ့ ကိုယ်ဝန်ဆောင်ရမှုကို အမျိုးသားတွေ စာနာနားလည်နိုင်စေမယ့် နည်းလမ်းကောင်းတစ်ခုကို အသုံးပြုနေပါတယ်။ ဒါကတော့ အမျိုးသမီးတွေရဲ့ ခင်ပွန်းသည်တွေကို လျှပ်စစ်အသုံးပြုတဲ့ ပလာစတာတွေ ကပ်ပြီး ဗိုက်ကြွက်သားတွေကို နာကျင်အောင် စက်တစ်မျိုးနဲ့ လုပ်တာပဲ ဖြစ်ပါတယ်။
ဒီလို လုပ်မယ်ဆိုရင် ခင်ပွန်းသည်တွေအနေနဲ့ ဇနီးဖြစ် သူတွေရဲ့ ကလေးမွေးတဲ့အခါ နာကျင်ရတဲ့ ခံစားမှုကို ထပ်တူလောက်နီးနီး ခံစားရမှာပဲ ဖြစ်ပါတယ်။
“ဒါက အတော်လေး ပြင်းထန်တဲ့ ခံစားမှုပါ။ ဒီလိုခံစားမှုဖြစ်နေတဲ့ ကာလအတွင်း ကျွန်တော့် တကိုယ်လုံး ခွန်အားဆုတ်ယုတ်သွားသလို ခံစားရပါတယ်။ ကျွန်တော်ခန္ဓာကိုယ်ကို ကျွန်တော် မပိုင်တော့သလိုပါပဲ။ နာကျင်ခံစားမှုရဲ့အဆုံးမှာ ကျွန်တော်ဟာ လှိုင်းလုံးတစ်ခုနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားခဲ့ရပါတယ်။ ဗိုက်နာတာက အတော်လေးကျယ်ပြန့်ပြီး လျင်မြန်လွန်းပါတယ်။ ယောင်္ကျားတစ်ယောက်အနေနဲ့ ကလေးမွေးရတယ်ဆိုတဲ့ နာကျင်ခံစားမှုကို သိမြင်ခံစားလိုက်ရတာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့သူကတော့ ကလေးတစ်ယောက်အဖေ စာရေးဆရာတစ်ယောက်ဖြစ်တဲ့ တွမ်မစ်ချယ်ဆန်ပဲ ဖြစ်ပါတယ်။ တွမ်က သူဟာ အတူနေချစ်သူ ဂျန်နီနဲ့ရတဲ့ ပထမဆုံးသားဦးလေး လီယိုကို မွေးဖွားခဲ့ရာမှာ ချစ်သူကို ဆေးရုံမှာ တစ်ရက်တိတိ လိုက်စောင့်ခဲ့ရပါတယ်။ မွေးတော့မယ့်ချစ်သူကို စောင့်ရင်း အိပ်ရေးပျက်တာမို့ ထိုင်ခုံမှာ အိပ်ပျော်သွားခဲ့ပါတယ်။ သားဦးလေးကို မွေးပြီးတဲ့နောက် ဂျန်နီကို ခပ်ပေါ့ပေါ့ စကားတစ်ခွန်း ပြောလိုက်ပါတယ်။ ဒါကတော့ သူ့ဘ၀မှာ အဆိုးရွားဆုံးကိစ္စက ကလေးရပြီးတဲ့နောက် ဆေးရုံမှာ နောက်ထပ်တစ်ရက်နေရတာပဲ ဆိုတဲ့ စကားပါ။
ဒီတော့ ဂျန်နီကလည်း ခံစားချက်နဲ့ပက်သက်ပြီး အဆိုးရွားဆုံးအတွေ့အကြုံ ဘာလဲဆိုတာ ရှင်သိလားလို့ ပြန်မေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တွမ်ဟာ သူရဲ့ချစ်သူမိန်းကလေးရဲ့ ကလေးမွေးရတဲ့ အတွေ့အကြုံ ဘယ်လိုနေသလဲဆိုတာ ကိုယ်တိုင်ခံစားကြည့်နိုင်ဖို့ ဂူးဂဲလ်မှာ ရှာဖွေခဲ့ပြီး အက်စတာဒမ်မြို့မှာရှိတဲ့ ဟိုတယ်က စက်အကြောင်းသိခဲ့ရတာမို့ စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခုဆိုရင် မိန်းမတွေရဲ့ ကလေးမွေးရတဲ့ ဒုက္ခ ဘယ်လိုရှိသလဲဆိုတာ သူ ကောင်းကောင်းသိခဲ့ရပြီမို့ ကိုယ်ချင်းစာနိုင်ပြီလို့ တွမ်က ပြောကြားခဲ့ပါတယ်။
Ref – Dailymail
Credit: Planet
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment