Wednesday, June 17, 2015
"ဝက်ခြံနဲ့ ဆားဝက်ခြံတွေ ပျောက်စေမယ့် ဖက်ယားရွက်ဆေးနည်း"
"ဝက်ခြံနဲ့ ဆားဝက်ခြံတွေ ပျောက်စေမယ့် ဖက်ယားရွက်ဆေးနည်း"
အရေပြားဆဲလ်သေတွေ ချွေးပေါက်တွေ ပိတ်တဲ့အခါနဲ့ အဆီပြန်တာ သို့မဟုတ် အဆီပြန် ဝက်ခြံရှိတဲ့အခါ ဆားဝက်ခြံတွေ၊ ပြည်တည်အိတ်နဲ့ ဝက်ခြံတွေ ဖြစ်ပေါ်ပါတယ်။ ဝက်ခြံရှိသူတိုင်း ဒါတွေ မကြာခဏ ဖြစ်နိုင်ကြောင်း သိကြပါတယ်။
ဒါတွေ ဖယ်ရှားကုသမှုဖို့အတွက် အမျိုးမျိုးသော လိုးရှင်း၊ ခရင်မ်၊ ဂျယ်နဲ့ ပိုးသတ်ဆေး ကုထုံးတွေ အသုံးပြုခဲ့မယ်ဆိုရင်တောင် ထိရောက်မှုမရှိတာ တွေ့ရပါတယ်။
ဖက်ယားရွက်ရည် (nettle tea) ဟာ ဝက်ခြံကို အမှန်တကယ် ပျောက်ကင်းစေနိုင်ကြောင်း လေ့လာချက်များမှ ဖော်ပြထားပါတယ်။
ဖက်ယားပင် (nettle) မှာ ဘက်တီးရီးယားနဲ့ ယောင်ရမ်းတာတွေ ကာကွယ်ပေးနိုင်တဲ့ သတ္တိတွေ ရှိပါတယ်။
ဆူနေတဲ့ ရေနွေးကို ခွက်တစ်ခုထဲထည့်ပြီး ဖက်ယားရွက်ကို ထည့်စိမ်ပြီး ရလာတဲ့အရည်ကို သောက်ရမှာ ဖြစ်ပါတယ်။
ဖက်ယားရွက်မှ ရတဲ့ အနှစ်က ဘက်တီးရီးယားဖွံ့ဖြိုးခြင်းနဲ့ ယောင်ရမ်းမှုမဖြစ်အောင် တားဆီးပေးတာကြောင့် ဖက်ယားရွက်ရည်ဟာ အရေပြားနဲ့ ပတ်သက်ရင် အလွန်ထိရောက်မှု ရှိတဲ့အရာပဲ ဖြစ်ပါတယ်။
Ref: NHC
Credit: Trend Myanmar
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment