Friday, June 19, 2015

"တစ်ညတည်းနဲ့ ကိုယ်အလေးချိန်ကျဆင်းစေမယ့် သဘာဝနည်း"


"တစ်ညတည်းနဲ့ ကိုယ်အလေးချိန်ကျဆင်းစေမယ့် သဘာဝနည်း"

ကိုယ်အလေးချိန်လျော့ချဖို့ အကောင်းဆုံး နည်းလမ်းက စနစ်တကျစားပြီး လေ့ကျင့်ခန်း အလုံအလောက်လုပ်ဖို့ ဖြစ်ပါတယ်။ သို့သော် သူဟာ အဲဒီကိုယ်အလေးချိန် လျော့ကျစေမယ့် လေ့ကျင့်ခန်းတွေအတွက် မိမိအချိန်နဲ့ အားအင်တွေ မပေးနိုင် သို့မဟုတ် မပေးချင်သူ တစ်ယောက်ဖြစ်ရင် အဆီကိုလျော့ကျစေပြီး အစာချေမှု အားကောင်းမွန်စေမယ့် အရည်တစ်မျိုးကို သောက်ကြည့်သင့်ပါတယ်။

လိုအပ်တဲ့ပစ္စည်းများ

လတ်ဆတ်သော သဘာဝသံပုရာသီး (၁/၂) လုံး

ပျားရည်စစ်စစ် ထမင်းစားဇွန်း (၂) ဇွန်း

သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း (၁) ဇွန်း

ရေ (၂၅၀) မီလီလီတာ

၁။ ရေကို ပွတ်ပွတ်ဆူအောင် တည်ပါ။

၂။ ပါဝင်ပစ္စည်းအားလုံး ဇလုံတစ်ခုထဲပေါင်းထည့်ပါ။

၃။ ရေကို နွေးနွေးဖြစ်သည်အထိ စောင့်ပြီး ပစ္စည်းများပေါ်လောင်းချပါ (ပွက်ပွက်ဆူနေတဲ့ရေကို ပျားရည် သို့မဟုတ် သံပုရာရည်ပေါ် လုံးဝမလောင်းချပါနဲ့)။

၎။ ကောင်းမွန်စွာရောစပ်ပါ။

၅။ အေးအောင်စောင့်ပြီး သောက်ပေးရပါမယ်။

ဒီဆေးရည်ကို သောက်ဖို့ အကောင်းဆုံးအချိန်က မနက်အချိန်နဲ့ နောက်ပြီး ညအိပ်ရာမဝင်ခင်လေး အချိန်မှာ သောက်ပေးရပါမယ်။ ဒါပေမယ့် အမြဲတမ်း အစာအိမ်ဗလာဖြစ်နေချိန် ဖြစ်ရပါမယ်။

ပေါ်ထွန်း


Credit: Trend Myanmar

No comments:

Post a Comment