Friday, June 19, 2015
" နင်ငါ့ကို..လွမ်းလို့ "
" နင်ငါ့ကို..လွမ်းလို့ "
ချစ်သူ.. နင်ငါ့ကိုမမြင်နိုင်ပေမယ့်..
ငါနင့်ကိုမြင်နေရပါတယ်...
ငါမရှိတဲ့.. နေရာလေးမှာ..
နင်ထိုင်နေတက်တာကိုလည်း..ငါသိနေတယ်..
နင်ငါ့ကို..လွမ်းလို့ ..
မျက်ရည်တွေကျနေတာလည်း..ငါမြင်နေတယ်..
လက်တကမ်းမှာ.. နင်ကြေကွဲနေတာကို.. မြင်ပေမယ့်လည်း.. ငါလက်တွေက..
နင့်ကိုထိတွေ့ ခွင့်မရှိဘူး..ကွယ်..
ဘယ်တော့မှ... ပြန်မဆုံမယ့်သူ.. အတွက်..
ဆက်ပြီး.. ငိုကြွေးမနေပါနဲ့ တော့နော်..
နင့်ရဲ့.. ကြွေမျက်ရည်တစစက်က..
ထုထည်မရှိတော့တဲ့.. ငါ့နှလုံးသားကို
တစစ်စစ်နာကျင်စေပါတယ်.... ဟာ..
ဒါပေမယ့်..
ငါအမြဲတမ်း.. မကြားရမမြင်ရတဲ့..
သံယောဇဉ်တွေနဲ့ .. နင့်အနားမှာ..
နင့်အတွက်.. ရှိနေဦးမှာပါ..
Credit: Lwan Lay
Labels:
ခံစားမှုရသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment