Friday, May 1, 2015

"အလုပ်ရှင် ငါးယောက်မှာ တစ်ယောက် ၀န်ထမ်းတွေဆီက ဦးနှောက် ဖောက်စားဟုဆို"

"အလုပ်ရှင် ငါးယောက်မှာ တစ်ယောက် ၀န်ထမ်းတွေဆီက ဦးနှောက် ဖောက်စားဟုဆို"

ကိုယ့်အိုင်ဒီယာကို သူ့အိုင်ဒီယာလို လုပ်ကာ နာမည်ကောင်း ယူသွားသည့် အလုပ်ရှင်မျိုးနဲ့ ကြုံရလို့ စိတ်ပျက်နေပါသလား။ ကိုယ်တစ်ယောက်တည်း ထိုသို့ ခံရခြင်းမဟုတ်၊ အဖော်တွေ အများကြီးရှိကြောင်း သိစေလိုသည်။

ဗြိတိန်နိုင်ငံတွင် ၀န်ထမ်းတစ်ထောင်ကို သဘောထား စစ်တမ်း ကောက်ယူထားချက်အရ အလုပ်ရှင် ငါးယောက်တွင် တစ်ယောက်သည် ၀န်ထမ်းများ၏ အိုင်ဒီယာကို သူ့အိုင်ဒီယာလိုလုပ်ကာ နာမည်ကောင်း ယူကြကြောင်း ၀န်ထမ်းများက ပြောကြသည်။

မိမိ အိုင်ဒီယာကို လုပ်ဖော်ကိုင်ဖက်များက ခိုးကာ သူတို့အိုင်ဒီယာလိုလိုနဲ့ နာမည်ကောင်း ယူကြတာမျိုး ကြုံရကြောင်း သဘောထား ပေးသူကလည်း စစ်တမ်း ပါဝင်သူ (၄၆) ရာခိုင်နှုန်း ရှိသည်။ စစ်တမ်းကို လူရှေ့ထွက် စကားပြောနည်း သင်တန်းမှူး အန်ဒီဟာရီတန်က ကောက်ယူထားခြင်း ဖြစ်သည်။

အိုင်ဒီယာ အခိုးခံရခြင်းကြောင့် အလုပ်ထဲတွင် စိတ်ပျက်ရတတ်ကာ၊ အလုပ်ခွင် စိတ်ကျေနပ်မှုလည်း ကျဆင်းရတတ်ကြောင်း ဟာရီတန်က ပြောသည်။

စစ်တမ်း ဖြေဆိုသူ (၆၉) ရာခိုင်နှုန်းထိကလည်း အလုပ်ထွက်လိုစိတ် တစ်ကြိမ်မက ဖြစ်ရသည်ဟု သဘောထား ပေးကြသည်။

““ဒီစစ်တမ်းကို ကြည့်မယ်ဆိုရင် လုပ်သားထု အများစုကြီးဟာ အလုပ်ထဲမှာ တန်ဖိုးထား မခံရတာကြောင့် စိတ်ပျက် အားလျော့နေတာ မြင်နိုင်တယ်”” ဟု ဟာရီတန်က သုံးသပ် ပြောကြားသည်။

Source: The Independent


No comments:

Post a Comment