Monday, May 4, 2015

"အောင်မြင်သူတွေမှာ တွေ့ရခဲတဲ့ အမူအကျင့်လေးများ"

"အောင်မြင်သူတွေမှာ တွေ့ရခဲတဲ့ အမူအကျင့်လေးများ"

အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့ ရလာတဲ့အရာ မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်လည်း အောင်မြင်မှုအပေါ် ထားတဲ့ခံယူချက်တွေ၊ သဘောထားတွေ မတူညီကြပါဘူး။ သို့ပေမယ့် အဓိပ္ပါယ်အမျိုးမျိုးနဲ့ အောင်မြင်မှုဆီသွားနေတဲ့ သူတိုင်းမှာ အခြားသူတွေနဲ့ မတူဘဲထူးခြားတဲ့ အမူအကျင့်လေးတွေ ရှိနေတတ်ပါတယ်။

၁။ ရေတိုသာယာပျော်ရွှင်မှုတွေအတွက် သူတို့ ရည်မှန်းချက်တွေကို ဘယ်တော့မှ အထိအခိုက်မခံကြဘူး။

၂။ တိကျခိုင်မာတဲ့ အစီအစဉ်မရှိဘဲ ဘာကိုမှ ယောင်ဝါးဝါး မလုပ်ကြဘူး။

၃။ သူတို့သွားရာ လမ်းတစ်လျှောက်မှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို ရင်မဆိုင်နိုင်အောင် လွန်ဆွဲနေတဲ့ အကြောက်တရားတွေကို သူတို့ လက်ခံမထားဘူး။

၎။ ကိုယ့်အတ္တတွေ၊ ခံစားမှုတွေကြောင့် ကိုယ့်တန်ဖိုးတွေ၊ လုပ်ရပ်တွေ ရည်မှန်းချက်တွေကို အထိအခိုက် မခံကြပါဘူး။

၅။ အခြားသူတွေရဲ့ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ ဝေဖန်ချက်၊ ထင်မြင်ယူဆချက်တွေကို ထည့်မစဉ်းစား တတ်ကြပါဘူး။

၆။ ဘဝမှာ အရေးပါတဲ့ အရာတွေကို အလေးပေးလုပ်ဆောင်တတ်ပြီး အနှစ်မရှိတဲ့ အပေါ်ယံ ကိစ္စလေးတွေအတွက် အချိန်ကုန်မခံကြပါဘူး။

၇။ သူများအကူအညီ ယူမှရမယ့် ကိစ္စမျိုးတွေဆိုလည်း အကူအညီတောင်းဖို့ တွန့်ဆုတ်နေတာမျိုး မရှိကြပါဘူး။

၈။ အတိတ်ကဖြစ်ရပ်တွေအတွက် နောင်တထိုင်ရနေမယ့် သူမျိုး မဟုတ်သလို အနာဂတ်ကိုကြိုတွေးပြီး စိုးရိမ်ပူပန်နေမှာလည်း မဟုတ်ကြပါဘူး။

၉။ ကိုယ်နဲ့ လက်တွဲလုပ်ဆောင်နေတဲ့သူတွေ၊ ဝန်ထမ်းတွေနဲ့ အခြားကိုယ့်ကို အားပေးနေတဲ့ သူတွေကို အမြဲတလေးတစား ဆက်ဆံတတ်ကြတယ်။

၁၀။ လွယ်လွယ်နဲ့ အရှုံးကို လက်မခံတတ်ကြဘူး။


ဂန္တဝင် မဂ္ဂဇင်း


No comments:

Post a Comment