Sunday, May 17, 2015

" အချစ်ဆိုတာ..."


" အချစ်ဆိုတာ..."

တစ်ခါတုန်းက ချစ်သူနှစ်ဦးရှိတယ်။
တစ်နေ့မှာတော့ ကောင်မလေးက ကောင်လေးကို မေးခွန်းတစ်ခုမေးတယ်။

ကောင်မလေး >> နင်ငါ့ကိုဘာလို့ချစ်တာလဲဟင်…

ကောင်လေး >> ငါ့မှာအကြောင်းပြချက်မရှိဘူး…
ကောင်လေးကအဲလိုဖြေတော့ ကောင်မလေးက မကျေနပ်ဘဲ ဘာလို့ချစ်တာလဲဆိုတဲ့ အကြောင်းပြချက်ကို အတင်းမေးတယ်။အဲဒါနဲ့ ကောင်လေးလဲ ဖြေလိုက်တယ်။

ကောင်လေး >> ကောင်းပြီလေ အဲဒါဆိုငါဖြေမယ် မင်းကအရမ်းလှတယ် ဆွဲဆောင်မှုလဲရှိတယ် ချစ်ဖို့လဲကောင်းလို့ပေါ့…

ကောင်မလေးက ကောင်လေးအဖြေကို ကျေနပ်သွားတာပေါ့။

အဲလိုနဲ့တစ်နေ့မှာ ကောင်မလေး အကြီးအကျယ်နေမကောင်းဖြစ်တယ်။ အချိန်တော်တော်ကြာကြာ နေမကောင်းဖြစ်သွားတဲ့ ကောင်မလေးခမျာ လူလည်းပိန်ချုံးကျသွားတယ်။ အသားရေတွေကလည်း ဖြူဖပ်ဖြူရော် ဖြစ်သွားတယ်။ မျက်နှာလည်း အတော်လေး ချောင်ကျသွားတာပေါ့။ အဲဒီအချိန်မှာ ကောင်လေးလဲ ကောင်မလေးဆီရောက်သွားတယ်။

ကောင်မလေးက ကောင်လေးကိုမေးတယ်

ကောင်မလေး >> နင်ငါ့ကိုချစ်သေးရဲ့လားဟင်…

ကောင်လေးကပြုံးပြီး ပြန်ဖြေလိုက်တယ်

ကောင်လေး >> အခု မင်းက မလှပတော့ဘူး ဆွဲဆောင်မှုလဲမရှိတော့ဘူး
ချစ်ဖို့လဲမကောင်းတော့ဘူး။ ဒါနဲ့များ ငါကမင်းကို
ချစ်ဖို့ အကြောင်းပြချက်ရှိရဦးမလား…

ကောင်မလေးချုံးပွဲချငိုရှာတာပေါ့။ ကောင်လေးရဲ့စကားက သူ့ရင်ဘတ်ကို
ဆူးဆူးနစ်နစ်နဲ့ အောင့်သွားစေတယ်လေ။

အဲဒီတော့မှ ကောင်လေးက ကောင်မလေးလက်ကိုကိုင်ပြီး သူ့ရင်ခွင်ထဲကို
ဆွဲသွင်းရင်း စကားလေးတစ်ခွန်းပြောလိုက်တယ်။

''အဲဒါကြောင့် ကိုယ်ပြောခဲ့တာပေါ့ ချစ်သူရယ်… အချစ်မှာ ဘာကြောင့်ချစ်တယ်… ဘယ်လိုကြောင့်ချစ်တယ်… ဆိုတဲ့ အကြောင်းပြချက် မရှိဘူးလေ… တစ်ယောက်နဲ့တစ်ယောက် အပေါ်ယံအမြင်မဟုတ်ဘဲ ရင်ထဲက အလိုအလျောက် ဖြစ်ပေါ်လာတဲ့ နူးညံ့တဲ့ခံစားမှုလေးပါကွာ.."

Credit: Lwan Lay

No comments:

Post a Comment