Friday, May 1, 2015

" သူ့နာမည်က ခင်နှင်းကြည်သာ "

" သူ့နာမည်က ခင်နှင်းကြည်သာ "

သူ့နာမည်က ခင်နှင်းကြည်သာ။ တစ်ကိုယ်တော် ပရဟိတသမားများအဖွဲ့ကို တည်ထောင်ထားသူပါ။ ဝေးလံခေါင်ပါးပြီး ဖွံ့ဖြိုးမှူ့နည်းတဲ့ ဒေသတွေကို တကိုယ်တော်သွားပြီး ပရဟိတလုပ်နေသူပါ။ အခုတော့ သူနဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ လုပ်ဆောင်နေပါတယ်။ နောက်ပိုင်းမှာ လူသိများလာပြီး သူ့ရဲ့ ပရဟိတလုပ်ငန်းမှာ လူအားရော ငွေအားရော ပါဝင်ကူညီလာကြပါတယ်။ ရေတွင်း ရေကန်တွေ မရှိတဲ့နေရာဆို တူးပေးတယ်။ ကျောင်းမရှိတဲ့နေရာဆို ကျောင်းဆောက်ပေးတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို facebook မှာတင်တယ်။ ဒီလိုနဲ့ ပရဟိတလုပ်နေတဲ့သူတွေကို အထူးချီးမြှင့်နေတဲ့ အမေရိကန်အခြေစိုက် အဖွဲ့အစည်းတခုကနေ လူထုဂုဏ်ရည် အထူးဆုကို ချီးမြင့်ခြင်းခံရတယ်။

စာရေးဆရာ လင်္ကာရည်ကျော်ကလည်း သူ့အကြောင်းကို ပန်းဒေါင်းဆိုတဲ့ နာမည်နှင့် စာအုပ်ထုတ်ဝေခဲ့တယ်။ အခု အဲဒါကို ဇာတ်ကားကြီးရိုက်ပါမယ်တဲ့။ စာအုပ်ကလည်း အရမ်းဖတ်လို့ကောင်းပါတယ်။
သူ့အကြောင်းကို သိချင်ရင် facebook မှာ ခင်နှင်း ကြည်သာ လို့ရိုက်ပြီး ကြည့်နိုင်သလို tacotaw.parahitathamarmyar လို့ရိုက်ပြီးလည်း ကြည်နိုင်ပါတယ်။ ကိုယ်တိုင်ပါဝင်ချင်ရင် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေလည်း တင်ထားပါတယ်။ တခုပြောဖို့ကျန်နေပါသေးတယ်။ သူမဟာ ဝေးလံခေါင်သီပြီး ဖွံ့ဖြိုးမှူ့နောက်ကျတဲ့ ဒေသဆီကို သွားရောက်ခဲ့ပါတယ်။

Credit to Thandar Aung


No comments:

Post a Comment