Tuesday, June 9, 2015

"အ၀လွန်နေ ပေမယ့် ထင်ရှားတဲ့ မော်ဒယ် ဖြစ်နေသူ"


"အ၀လွန်နေ ပေမယ့် ထင်ရှားတဲ့ မော်ဒယ် ဖြစ်နေသူ"

အ၀လွန်နေလို့ စိတ်ပျက်နေစရာ မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အ၀လွန်နေ သူအတွက် အားတက်စေမယ့် အကောင်းဆုံး လုပ်ဆောင်မှုကို အသက် (၂၉) နှစ် အရွယ် အမေရိကန်နိုင်ငံသူ တက်စ်ဟိုလီဒေးက လုပ်ဆောင်နိုင်ခဲ့ တာကြောင့် ဖြစ်ပါ တယ်။ တက်စ်ဟိုလီဒေးဟာ အ၀လွန်သူ ဖြစ်ပေမယ့် အောင်မြင်တဲ့ မော်ဒယ်အဖြစ် ရပ်တည်နေပြီး အခြားသူတွေအတွက် စံနမူနာ ထားစရာ ဖြစ်ခဲ့ပါတယ်။ တက်စ်ဟိုလီဒေးဟာ Plus Size မော်ဒယ် အဖြစ် သတ်မှတ်ခံထားရပါတယ်။ Plus Size ဆိုတာ အ၀လွန်သူတွေကို ဆိုလိုတာ ဖြစ်ပြီး တက်စ်ဟိုလီဒေးပာာ အ၀လွန်သူတွေ ၀တ်ဆင်မယ့် အ၀တ်အစားတွေကို သရုပ်ပြ ကြော်ငြာပေးနေသူ ဖြစ်ပါတယ်။

ချောမောတဲ့ မျက်နှာအသွင်အပြင်ကို ပိုင်ဆိုင်ထားပေမယ့် အ၀လွန်တာကြောင့် တက်စ်ပာိုလီဒေးရဲ့ ဖခင်ဖြစ်သူကတောင် ဘာမှဖြစ်လာမှာ မပာုတ်ဘူးလို့ ပြောကြားခဲ့ဖူးပါတယ်။ တက်စ်ဟိုလီဒေးဟာ လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် မမျှော်လင့်တဲ့ အခြေအနေကို ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ တက်စ်ဟိုလီဒေးဟာ ဘ၀တစ်လျှောက်လုံး ဖက်တီးမအဖြစ် အခေါ်ခံခဲ့ရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တက်စ်ဟိုလီဒေးဟာ လက်ထပ်ထားပြီး ကလေး တစ်ဦး ရရှိထားပါတယ်။ တက်စ်ဟိုလီဒေးဟာ ဗြိတိန်အခြေစိုက် မော်ဒယ်အေဂျင်စီတစ်ခုနဲ့ စာချုပ်ချုပ်ဆိုပြီး အ၀တ်အစားတွေ၊ အတွင်းခံတွေကို ၀တ်ဆင်ပြီး မော်ဒယ်အဖြစ် သရုပ်ဆောင်ပေးနေခြင်း ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာကို ၂၀၁၃ မှာ အသုံး ပြုကာ ပရိသတ်တွေ သိလာအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ တက်စ်ဟိုလီဒေးဟာ ဆေးမင်ကြောင်တွေ ထိုးထားပြီး အ၀လွန်သူ ဖြစ်ပေမယ့် ဆွဲဆောင်မူတွေ ပြုလုပ်နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ခံခဲ့ရပါတယ်။ တက်စ်ဟိုလီဒေးက တစ်စုံ တစ်ယောက်ရဲ့ ဝေဖန်မှတ်ချက်ကို လိုက်ပြီး အလေးထားနေမယ် ဆိုရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောပြခဲ့ပါတယ်။ တက်စ်ဟိုလီဒေးဟာ ဘယ်သူတွေ ဘာပြောပြော ကိုယ်လုပ်ရမယ့် အလုပ်ကိုသာ အာရုံစိုက်ခဲ့တာကြောင့် အောင်မြင်တဲ့ မော်ဒယ် ဖြစ်နေပြီး အ၀လွန်သူတွေအကြား ရေပန်း အစားဆုံးသူ ဖြစ်နေတယ်လို့ သိရပါတယ်။

အေသင်အောင်

Credit: messenger

No comments:

Post a Comment