Friday, June 12, 2015
"ဂန္တ၀င်ဂီတ နားဆင်ပါက သွေးတိုး ကျစေနိုင်စွမ်းရှိ"
"ဂန္တ၀င်ဂီတ နားဆင်ပါက သွေးတိုး ကျစေနိုင်စွမ်းရှိ"
နှလုံးကျန်းမာစေလိုပါက ရေဒီယို နားထောင်လိုက်ပါဟု ပညာရှင်များက အကြံပြုထားသည်။
ဂန္တဝင်သီချင်းသံက သွေးတိုးကို ကျစေလောက်သည့် အစွမ်းရှိကြောင်း ဆရာဝန်များက တွေ့ရှိခဲ့ကြသည်။
သို့သော် နောက်ဆုံးပေါ် ပေါ့ပ်သီချင်းများနှင့် ရက်ပ်သီချင်းများကမူ သွေးပေါင်ချိန်ကို တက်စေသဖြင့် ရှောင်ရှား သင့်သည်။
ဂီတသံစဉ် အနိမ့်အမြင့်က သွေးခုန်နှုန်းနှင့် သွေးပေါင်ချိန်ကို သက်ရောက်မှု အမျိုးမျိုး ဖြစ်စေကြောင်း အောက်စ်ဖို့ဒ်တက္ကသိုလ်မှ သုတေသန ပြုလုပ်ချက်များအရ သိရှိရသည်။
အော်ပရာဇာတ်များနှင့် ဂန္တ၀င်ဂီတ တူရိယာများက ခန္ဓာကိုယ်၏ သဘာဝ စည်းချက်နှင့် သဟဇာတဖြစ်ကြောင်း ထို့ကြောင့် သွေးတိုးကို သိသိသာသာ လျော့ကျစေနိုင်ကြောင်း နှလုံးအထူးကုများက ရှာဖွေ တွေ့ရှိခဲ့ကြသည်။
သို့သော် မြန်လွန်းသော ရက်ပ်တီးလုံးများ၊ ပေါ့ပ်နှင့် နည်းပညာသုံး တီးလုံးများက ဆန့်ကျင်ဘက် ရလဒ်ကို ဖြစ်ပေါ်စေသည်။ လေ့လာမှုတွင် ပါဝင်ကူညီသူများကို ဂီတပုံစံ အမျိုးမျိုးကို ဖွင့်ပြကာ လူတစ်ဦးချင်းစီ၏ သွေးခုန်နှုန်း သွေးပေါင်ချိန် အပါအ၀င် နှလုံးသွေးကြောဆိုင်ရာ တုံ့ပြန်မှုများကို ဆန်းစစ် လေ့လာခဲ့ကြသည်။
ခန္ဓာကိုယ်၏ သဘာဝ စည်းချက်က ဂီတစွမ်းအင်အတွက် အရေးပါသည့် သော့ချက်ဖြစ်ကြောင်း ကျွမ်းကျင်သူ တစ်ဦးက ပြောကြားခဲ့သည်။
ဗြိတိန် နှလုံးရောဂါ ဖောင်ဒေးရှင်းမှ ပါမောက္ခ ဂျေရမီပီးယားစန်က စိတ်ဖိစီးမှုက နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားစေသည့် အဓိက တရားခံ ဖြစ်ပြီး ဂီတ၏ စိတ်ငြိမ်စေသည့် အကျိုးက ရောဂါကုသနိုင်ခြေ ရှိသည်ကိုလည်း သိလာရကြောင်း ပြောကြားခဲ့သည်။
Source:Daily Mail
Credit: messenger
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment