Friday, June 12, 2015

"ကြံကြံဖန်ဖန် ချစ်ခွင့်ပန်"


"ကြံကြံဖန်ဖန် ချစ်ခွင့်ပန်"

မိန်းမသားများသည် မိမိချစ်သူ ကောင်လေးများထံမှ အဆန်းတကြယ် ပုံစံဖြင့် ချစ်ခွင့်ပန်ကြလျှင် ကြိုက်နှစ်သက်ကြသူများသာ ဖြစ်သည်။ သို့ရာတွင် ယခုကဲ့သို့ အထိတ်တလန့် ပုံစံဖြင့် ချစ်ခွင့်ပန်ခဲ့လျှင်တော့ မည်သို့ ခံစားကြရမည်ကို မသိနိုင်ပေ။

Josh ဟု  အမည်ရသည့် အမျိုးသား တစ်ဦးသည် ချစ်သူဖြစ်သည့် Brooke အား သူငယ်ချင်းများရှေ့တွင် ချစ်ခွင့်ပန်ရန် ကြိုးစားခဲ့သည်။ သူသည် Brooke အား သူငယ်ချင်းများရှေ့မှောက်၌ လက်ထပ်ခွင့်ရရန် ခွင့်တောင်းပြောကြားပြီးနောက် လက်စွပ်အား ထုတ်၍ ဟန်ချက်ပျက်ကာ ငါးထပ်တိုက်ပေါ်မှ ပြုတ်ကျသွားခဲ့သည်။

ထိုစဉ် Brooke က စူးစူးဝါးဝါး အော်ဟစ်ကာ ပြေးထွက်လာပြီး တိုက်၏ အပေါ်ထပ်မှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်သည်။ ထိုအချိန်တွင် သူမ တွေ့လိုက်ရသည်က အောက်က လေအိတ်ခံထားသည့် အပေါ်တွင် ”ငါ့ကို လက်ထပ်နိုင်မလား” ဟူသည့် စာတန်းကို ပုံဖော် ကိုင်ဆောင်ထားသော  Josh ကို တွေ့လိုက်ရခြင်းပင်။

သူမ အလွန်ပျော်ရွှင်သွားခဲ့သလို အလွန်လည်း အံ့အားသင့်သွားခဲ့သည်။ သို့ရာတွင် သူမရင်ထဲ၌ ရိုလာကိုစတာ တစ်စင်း ခုတ်မောင်းသွားခဲ့သည်ကတော့ မငြင်းသာခဲ့ပေ။

KTZO

Credit: Popular

No comments:

Post a Comment