Tuesday, June 9, 2015
"သင်ဟာ စမတ်ကျပြီး ဥာဏ်ရည်မြင့်တဲ့ အမျိုးသမီးဖြစ်လေလေ ကလေးယူဖို့ ပိုတွေးလေလေ"
"သင်ဟာ စမတ်ကျပြီး ဥာဏ်ရည်မြင့်တဲ့ အမျိုးသမီးဖြစ်လေလေ ကလေးယူဖို့ ပိုတွေးလေလေ"
အမျိုးသမီးတွေ ကလေးယူသင့်သလား မယူသင့်ဘူးလားဆိုပြီး ဆုံးဖြတ်ရတော့မယ် ရွေးချယ်ရတော့မယ်ဆိုရင် ဒါဟာ သိပ်ကို ကိုယ်ရေးကိုယ်တာဆန်တဲ့ ကိစ္စမို့ ကိုယ်တိုင်ဆုံးဖြတ်ချက် ချရမှာပါ။ ဒါ တစ်ခြားသူတွေ ၀င်ဆုံးဖြတ်ပေးလို့ ကောင်းတဲ့အရာ မဟုတ်ဘူးဆိုတာကိုလည်း သိထားရပါလိမ့်မယ်။ ကိုယ်ကလေးယူတာ မယူတာကလည်း သူများကို ထိခိုက်တဲ့ ကိစ္စ မဟုတ်ဘူးလေ။
Satoshi Kanazaw ရဲ့ လေ့လာတွေ့ရှိချက်အရ ဆိုရင် ဥာဏ်ရည်ဥာဏ်သွေးထက်မြက်မှုကို သားတွေက အမေ့ဆီက ရသွားတတ်ပါတယ်တဲ့။ ဒါဟာ X ဗီဇအမျှင်တွေကို ကျေးဇူးတင်ရမယ့်ကိစ္စပါ။ ဆိုလိုတာက သားတွေဟာ အမေဆီကသာ ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်မှုကို အမွေရနိုင်ပြီး သမီးတွေဆိုရင်တော့ အဖေရော အမေထံကပါ ဒါကို အမွေရနိုင်ပါတယ်တဲ့။
ဒါပေမယ့် Kanazawa ရေးသားတဲ့ The Intelligence Paradox စာအုပ်ထဲမှာတော့ IQ အရည်အသွေး ၁၅ မှတ်ရှိတဲ့ အမျိုးသမီးတစ်ဦးဟာ ကလေးယူဖို့ ဆန္ဒ ၂၅ ရာခိုင်နှုန်းထိ လျော့ကျနေတတ်ပါတယ်။ ဒီတော့ ဥာဏ်ရည်မြင့်တဲ့ အမျိုးသမီးတွေဟာ ကလေးယူဖို့ ဆန္ဒနည်းနေတယ်လို့ ပြန်တွေးနိုင်ပါတယ်။ အနည်းဆုံးတော့ စမတ်ကျပြီး ထက်မြက်တဲ့ အမျိုးသမီးတွေဟာ ကလေးအများကြီး ယူဖို့လောက်ထိ မတွေးတော့ပါဘူး။
ကလေးတစ်ယောက်သာယူပြီး အဲ့ဒီတစ်ယောက်ကိုသာ ထူးချွန်အောင် ထက်မြက်အောင် ပြုစုပျိုးထောင်ချင်လာကြပါတယ်။ အဲ့ဒီလို မဖြစ်ရင်တောင် ဒီလိုမိခင်မျိုးတွေရဲ့ ပထမဆုံး ကလေးဟာ ပိုစမတ်ကျပြီး ပိုဥာဏ်ရည်ထက်ကြတယ်လို့ သိရပါတယ်။
ဟန်နီ
Credit: Trend Myanmar
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment