Tuesday, June 2, 2015
"ငါ…… မကြေကွဲမိပါဘူး……ဒါပေမယ့်……"
နင့်ဖုန်းကို ချက်ချင်းပြန်မဖြေနိုင်တဲ့အခါတိုင်း
စိတ်မရှည်လေသံနဲ့ ဒေါသတကြီး ပြောဆိုတတ်တဲ့ နင်နဲ့….ဝေးသွားရတာ ငါ…မကြေကွဲမိပါဘူး…
ဒါပေမယ့် နင် ဖုန်းမဆက်တော့တဲ့အခါ
ဝမ်းနည်းပက်လက် ခံစားနေရတဲ့ ငါ့ကိုယ်ငါပဲ မကျေမနပ်ဖြစ်နေမိတယ်….။
အတူတူဆုံဖို့ နေရာရွေးတဲ့အခါတိုင်း
အမြဲ ပြဿနာရှာတတ်တဲ့ နင်နဲ့ ထာဝရ နှုတ်ဆက်လိုက်ရတာ ငါ…မကြေကွဲမိပါဘူး…
ဒါပေမယ့် အဲ့ဒီ့နေရာတွေရောက်တိုင်း….. နင့်အရိပ်တွေကို သတိရနေတတ်တဲ့ ငါ့ကိုယ်ငါ မုန်းတယ်..။
ငါ့ ၀တ်စားဆင်ယင်ပုံတွေကို
အမြဲဝေဖန်ရှုံ့ချလေ့ရှိတဲ့ နင်နဲ့ လမ်းခွဲခဲ့ရတာ
ငါ… မကြေကွဲမိပါဘူး…
ဒါပေမယ့် အ၀တ်အစားတွေ ရွေးချယ်တိုင်း ခုချိန်တွေထိ နင့်ဝေဖန်မှုတွေကို တမ်းတနေသေးတဲ့ ငါ့ကိုယ်ငါ စိတ်နာတယ်….။
ငါ့အပြင်အဆင်….နေထိုင်ပုံတွေနဲ့ အမြဲဆန့်ကျင်ဘက် ဖြစ်တည်နေတတ်တဲ့ နင်နဲ့… ပြန်မဆုံဖြစ်တော့တာ ငါ… မကြေကွဲမိပါဘူး…
ဒါပေမယ့် နင့်လိုပုံစံကောင်လေးတွေမြင်တိုင်း…..
နင်များဖြစ်နေမလားလို့ လိုက်ကြည့်နေမိတတ်တဲ့ ငါ့ကိုယ်ငါ စိတ်ပျက်တယ်…။
အဆင့်အတန်းတွေကွာလို့ အသိုင်းအ၀ိုင်းကြားမှာ ငါ့ကို ဖုံးကွယ်ထားခဲ့တဲ့နင်နဲ့ ကျောခိုင်းခဲ့ရတာ
ငါ…မကြေကွဲမိပါဘူး…
ဒါပေမယ့် ဂုဏ်တွေ ဒြပ်တွေကြားထဲမှာ နင် ကြာရှည်စွာ မရပ်တည်နိုင်မှာကို ခုထိ စိတ်ပူမိနေသေးတဲ့ ငါ့ကိုယ်ငါ အပြစ်တင်နေမိတော့တယ်…။
Credit: Lwan Lay
Labels:
ခံစားမှုရသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment