" နာနတ်သီး ဆံပင်ပုံစံ "
ဒီဆံပင်ပုံစံကိုတော့ အလှပဆုံးနဲ့ စတိုင် အကျဆုံးလို့ ပြောရတော့မှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆံပင်ပုံစံကို နာနတ်သီးပုံစံ ဖန်တီးခဲ့တာကြောင့် ဖြစ်ပါတယ်။ လောင်းကြေးပြုလုပ်ရာမှာ ရှုံးနိမ့်သွားခဲ့တာကြောင့် ဆံပင်ပုံစံကို နာနတ်သီး ပုံစံအဖြစ် ပြောင်းလဲပေးလိုက်ရတာ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲဟာ ကျောင်းသားတိုင်းအတွက် အရေးပါပြီး ဘ၀တစ်ဆစ်ချိုး ပြောင်းလဲစေတာကြောင့် စာမေးပွဲ မတိုင်မီ ကြိုးစားကျက်မှတ်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။ ဒီလိုပြုလုပ်ရာမှာ စိတ်ဓာတ်ခွန်အားဖြစ်စေဖို့ အလောင်းအစားတွေကို အပျော်သဘောနဲ့ ပြုလုပ်ကြပါတယ်။ ကနေဒါနိုင်ငံမှာ နေထိုင်တဲ့ ဟန်ဆယ်ဟာ ညီမ ၀မ်းကွဲဖြစ်သူနဲ့ အမှတ်ဘယ်သူ ပိုကောင်းမလဲဆိုတာ အလောင်းအစား ပြုလုပ်ရာမှာ ရှုံးနိမ့်သွားခဲ့တာကြောင့် ဆံပင်ပုံစံကို နာနတ်သီးလို ပြောင်းလဲခဲ့ရပါတယ်။
ဒီနောက် ပာန်ဆယ်ဟာ နာနတ်သီး ဆံပင်ပုံစံကို လူမှုကွန်ရက်မှာ တင်ခဲ့ရာ စိတ်ဝင်စားသူ အများအပြားရှိခဲ့ပြီး ပျော်စရာအဖြစ် နောက်ပြောင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပာန်ဆယ်က ဆံပင်ညှပ်သမားဟာ အကောင်းဆုံး ပုံဖော်ပေးလိုက်ခြင်း၊ မိမိအနေဖြင့် လောင်းကြေးပွဲမှာ ရှုံးသွားခဲ့တာကြောင့် ကတိအတိုင်း လုပ်ခဲ့တာဖြစ်ကြောင်း ဟြေကြားခဲ့ပါတယ်။ ဟန်ဆယ်ဟာ ဟာဝိုင်ယီ ရှပ်ကို ၀တ်ဆင်ပြီး နာနတ်သီးတစ်လုံး ကိုင်ကာ ဓာတ်ပုံရိုက်ခံမှု ပြုလုပ်ခဲ့တာကြောင့် ဆံပင်ပုံစံက ပိုပေါ်လွင်သွားခဲ့ပါတယ်။
အေသင်အောင်
Credit: messenger
Wednesday, June 10, 2015
" နာနတ်သီး ဆံပင်ပုံစံ "
Labels:
အလှအပ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment