Thursday, October 1, 2015

"လူပျိုကြီး/အပျိုကြီးစာရင်းဝင်တာ ဘယ်လိုသိမလဲ!"


"လူပျိုကြီး/အပျိုကြီးစာရင်းဝင်တာ ဘယ်လိုသိမလဲ!"

၁ - အလှထက် အစားကိုပိုဂရုစိုက်လာမယ်
တနေ့တခြား ပိုစားလာလိမ့်မယ်
မထူးဇာတ်ခင်းတဲ့ သဘောပါ
သ' နေလို့လည်း ကြည့်မယ့်သူမရှိဘူးလို့
မသိစိတ်က လက်ခံလာတဲ့ သဘောပါ

*****
၂ - ခေတ်အတွဲတွေကို မျက်စိနောက်လာမယ်
မျက်စိရှက်တယ်ဘာညာနဲ့ ပြောလာမယ်
ရဲတင်းလိုက်တာနော်လို့ မကြာခဏပြောလိမ့်မယ်
ဖုံးထားလို့မရတဲ့ အသက်အရွယ်ကြီးရင့်မှုစိတ် အခြေအနေပါ

*****
၃ - ပွစိ ပွစိ လုပ်လာမယ်
မြင်သမျှ တွေ့သမျှ စိတ်တိုင်းမကျဖြစ်လာပြီ
ဒေါသကြီးလာပြီဆိုရင် . . .
လျှောက်မတွေးပါနဲ့
အဲ့ဒါ လူပျိုကြီး/အပျိုကြီးရောဂါပါ  :P

*****
၎ - ကိုရီးယားကား အကြည့်များလာမယ်
ဒါဖြစ်တတ်ပါတယ်
စိတ်ကူးယဉ်ချစ်သူပဲ ရတော့မယ့်အနေအထားဖြစ်သွားလို့ပါ

*****
၅ - တူ/တူမတွေက ဗျစ်တောက် ဗျစ်တောက် ပြောတယ်လို့ အပြောများလာမယ်
သိသိသာသာ ရောဂါရင့်တဲ့အဆင့်ပါ
ဒီအဆင့်ဆို တော်တော်ကျိန်းသေနေပါပြီ

*****
၆ - စိတ်ဖြေစရာ စကားတွေရှာပြောတတ်လာမယ်
မရတာ...မဟုတ်ဘူး မယူတာ
အေးအေးဆေးဆေးနေချင်လို့ လူပျိုကြီး/အပျိုကြီး လုပ်နေတာ ဘာညာပေါ့

*****
၇ - ဖေ့ဘုတ်အသုံးများလာမယ်
ရွယ်တူလို အဆက်ဆံခံချင်လာတာကြောင့်ပါ
ခေးလေးတွေလို ဖလန်းဖလန်း ပြန်နေလို့ရတာကြောင့်ရောပေါ့

*****
၈ - အရှိအတိုင်းကို လက်မခံနိုင်တော့ဘူး
လူပျိုကြီး/အပျိုကြီး တွေဆိုတာ
မတော်တဲ့ အင်္ကျီကိုဝတ်ချင်နေတဲ့ ဖက်တီးတွေလိုပဲ
ကိုယ်နဲ့တော်တာကို လက်မခံချင်တဲ့သဘော

*****
၉ - အငယ်တွေကို တအားအနိုင်ကျင့်လာမယ်
အမဲခံရတာပါ။ လူပျိုကြီး/အပျိုကြီးတိုင်း ဖြစ်လေ့ရှိတိုင်း ရောဂါပါပဲ။

*****
၁၀ - အသက်ကို လျော့ပြောတတ်လာမယ်
ဥပမာ ၃၀ ပြည့်ဖို့ တစ်လအလိုကို ၂၉ နှစ်လို့ ပြောတာမျိုး
( လက်တစ်လုံးခြား ရသလောက်အသက်ကို ငယ်အောင်ပြောတတ်ကြတာပါ )

****
၁၁ - အပျိုမကြီးသေးပါဘူး
လူပျိုမကြီးသေးပါဘူး အတင်းငြင်းလိမ့်မယ်
အရှိအတိုင်းကို လက်မခံနိုင်တဲ့သဘာဝမို့
အဲ့လိုပြောရင် ဆက်မငြင်းပါနဲ့
တသက်တာ အမုန်းခံရနိုင်ပါတယ် :P

*****
#နိဂုံး
သေချာတွေးကြည့်ပါ
အထက်ပါအချက်အလက်တွေနဲ့ အနည်းဆုံး ၃ချက်လောက် ငြိနေပြီဆိုရင်တော့
ဘယ်လိုမှ သင်...မငြင်းပါနဲ့
လူပျိုကြီး/အပျိုကြီး စာရင်းဝင်ပါပြီ ။

UlayKyi ( ကို လင်း )

No comments:

Post a Comment