"လူငယ်များ မိုဘိုင်းလ်ဖုန်းတွင် အာရုံရောက် နေသောကြောင့် လူမှုဆက်ဆံရေး အရည်အသွေး ကျဆင်းလာ"
မိုဘိုင်းလ်ဖုန်း သုံးစွဲသော လူငယ်များသည် အချိန်ရှိသမျှ ဖုန်းထဲသာ အာရုံရောက်နေသည့်အတွက် လူမှု ဆက်ဆံရေး အရည်အသွေးများ ကျဆင်းလာပြီး လူအများနှင့် လက်တွေ့ ပြောဆိုဆက်ဆံရာတွင် အပေး၊ အယူ၊ အပြော၊ အဆို ညံ့ဖျင်းသည့် ပြဿနာမှာ တစ်နေ့တခြား ကြီးထွား လာနေသောကြောင့် လူငယ်များ ဖုန်းကိုသာ ထိုင်ပွတ်နေသည့် ကိစ္စကို လွှတ်ထားရန် မသင့်တော့ကြောင်း အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဘေလာ တက္ကသိုလ်မှ သုတေသီများက ပြောသည်။
''လူငယ်တွေ အချင်းချင်း တွေ့ဆုံ သွားလာတဲ့အခါ၊ ချစ်သူ အိမ်ထောင်ဖက်တွေ အတူရှိနေတဲ့အခါ တစ်ယောက်ယောက်က ဖုန်းထုတ်ပြီး ပွတ်နေမယ်။ ဒါမှမဟုတ် ဖုန်းထဲကို အတူတူ ကြည့်နေမယ် ဆိုတာတွေဟာ ပျော်စရာကောင်းတယ်လို့ ယူဆကောင်း ယူဆနေကြပါလိမ့်မယ်။ တကယ်တမ်းတော့ သူတို့ဟာ တကယ့် လူမှုဆက်ဆံရေးပိုင်းမှာ ပိုမို အားနည်းလာပြီး အမျိုးသားကလဲ အမျိုးသမီးကို စိတ်မဝင်စား၊ အမျိုးသမီးကလဲ အမျိုးသားကို စိတ်မဝင်စား၊ မိဘက ကလေးကို စိတ်မဝင်စား၊ ကလေးက မိဘကို စိတ်မဝင်စား ဆိုတာတွေ ဖြစ်လာပြီး လူ့လောက အသိုက်အမြုံကြီးဟာ ရင်းနှီးနွေးထွေးမှု ကင်းမဲ့သလို ဖြစ်နေတာကို အံ့သြ ထိတ်လန့်ဖွယ်ရာ မြင်တွေ့နေရပါတယ်'' ဟု သုတေသီ တစ်ဦးက ပြောပြသည်။
မိမိနှင့်အတူ ရှိနေသူကို အာရုံမစိုက်နိုင်ဘဲ ဖုန်းထဲတွင်သာ အာရုံရောက်နေသူများတွင် အမျိုးသားလေးများက အများစုဖြစ်ပြီး အမျိုးသားလေး တစ်ဦးကို လျစ်လျူရှုထားကာ အမျိုးသမီးအချင်းချင်း ဖုန်းကြည့်ပွတ်ကာ ပျော်ရွှင် ရယ်မောနေတတ်သူများတွင် အမျိုးသမီးက ပိုကြောင်း၊ မည်သို့ပင်ဖြစ်စေ မိုဘိုင်းဖုန်း ဖျော်ဖြေရေးသည် လူ့ဘောင် လူ့အသိုင်းအဝိုင်းကို စိတ်ဝမ်းကွဲစေနေသည်မှာ ထင်ရှားသောကြောင့် ၄င်းကိစ္စကို ထိန်းချုပ်ရန် လိုအပ်နေကြောင်း သုတေသီများက ထောက်ပြထားသည်။
ရတနာပုံနေ့စဉ် ၊ စာ(၁၂)
Credit: Yadanarpondaily
Wednesday, October 7, 2015
"လူငယ်များ မိုဘိုင်းလ်ဖုန်းတွင် အာရုံရောက် နေသောကြောင့် လူမှုဆက်ဆံရေး အရည်အသွေး ကျဆင်းလာ"
Labels:
အတွေးအမြင်
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment