"အဝေးရောက် ချစ်သူတို့၏ အတားအဆီးများ"
၁။ အခက်အခဲကို ဖော်ပြရန်မလွယ်ကူခြင်း
တကယ်တော့ ဝေးကွာနေတဲ့ ချစ်သူနှစ်ယောက်အတွက် မက်ဆေ့ခ်ျပို့တယ်ဆိုတာ စကားသံကြားရတာ မဟုတ်ဘူး။ စကားပြောရတယ်ဆိုတာလည်း အမူအရာကို တွေ့ရတာမဟုတ်ဘူး။ တကယ်လို့ ငါ နင့်ကို စိတ်မဆိုးဘူးလို့ ပြောရင် နင်ယုံချင်ယုံမှာလား။ ငါငိုနေတယ်ဆိုလည်း နင် တွေ့ရမှာ မဟုတ်ပါဘူးချစ်သူ။
မှတ်ချက်။ ။vzo ပြောဖို့ရာ အမြဲမလွယ်ကူပါ။ လွယ်ကူသည့်တိုင် မှန်ကန်သော ခံစားချက်ကို သိဖို့ရန် အခက်ကြုံနိုင်ပါသေးသည်……။
၂။ ချစ်သူဆီက စကားသံကို အမြဲ မကြားနိုင်ခြင်း
တကယ်လို့သာ ချစ်သူနှစ်ယောက် အတူတူရှိခဲ့ကြရင် စကားအတူတူပြောလို့ ရသလို နေ့တိုင်းလည်း မတူညီတဲ့ အကြောင်းအရာ စကားအသစ်အဆန်းလေးတွေ ကြားဖို့ အခွင့်အရေး ရနိုင်တာပေါ့။ အတူတူ မနေနိုင်တဲ့ ချစ်သူနှစ်ယောက် အတွက်မှာတော့ အမြဲပဲ
"ငါနင့်ကို သတိရလိုက်တာ လွမ်းတယ်" ဆိုတဲ့ စကားလေးတွေသာ ကြားရမှာလေ။
ချစ်သူရယ် ငါ နင့်အတွက် မရိုးနိုင်တဲ့ အကြောင်းအရာတွေကို ကြိုးစားရှာပါ့မယ်။ ငါ့ကို
"အော်၊ ဟုတ်ပါပြီ" ဆိုတဲ့ စကားလေးတွေနဲ့ပဲ မနှစ်သိမ့်ပါနဲ့လား……။
၃။ လုံခြုံစိတ်ချမှု မရှိသလို ခံစားရခြင်း
ဟန်းဖုန်းကို ကြည့်ရတာ ၁၀ ခါလောက်ရှိပြီ။ နင် ဘာလို့ စာမပြန်သေးတာလဲ။ နင် ဘယ်ရောက်နေလဲ၊ ဘယ်သူနဲ့ အတူရှိနေလဲ။ ပြီးတော့ ဘာတွေလုပ်နေသလဲ ချစ်သူ။ နင့်ဘေးနားမှာ ဘယ်လို ပျံလွှားငှက်လေးတွေ ရောက်နေသလဲ။ ငါ့ဘေးမှာ ရှိတဲ့ ပန်းပွင့်လေးတွေလိုပေါ့……။
၎။ ရေနဲ့ဝေးရင် မီးဟာ ငြိမ်းဖို့မလွယ်
တကယ်လို့ ဒီမှာ မိုးရွာတယ်ဆိုရင် သူငယ်ချင်းတစ်ယောက်ကပဲ ငါ့ကို ထီးလာပေးမယ်။ ပတ်ဝန်းကျင်က မိသားစု မိတ်ဆွေတွေပဲ ရှိတယ်လေ။ တကယ်လို့ နင် နေမကောင်းဖြစ်တယ် ဆိုဦးတော့ ငါ စိတ်ပူနေရုံကလွဲလို့ ရေတစ်ခွက်တောင် တိုက်နိုင်မှာ မဟုတ်ပါဘူး……။
၅။ ဝေးကွာခြင်းက စိတ်ကို ကစဥ့်ကလျားဖြစ်စေတယ်
ဝေးကွာနေတဲ့ နင့်ကို ချစ်ရတာ ဘယ်လိုစကားတွေကို ယုံကြည်ပေးရမလဲ။ ကောင်းတဲ့အပြော၊ ချိုသာတဲ့ စကားတွေနဲ့ ပြောနေပေမဲ့ ပြောတဲ့စကားတွေက ကောင်းတယ်လို့ တပ်အပ်မပြောနိုင်ဘူးလေ……။
၆။ ဝေးကွာခြင်းက ချစ်သူနှစ်ယောက်ကို အထင်လွဲစေတယ်
ငါက စိတ်လှုပ်ရှားဖွယ် အကြောင်းအရာကို နင့်ဆီ မက်ဆေ့ခ်ျပို့တဲ့အခါ နင်က "အော် ဟုတ်လား" ဆိုတဲ့ စကားလေးပဲ ပြန်ပို့တတ်တယ်။ တကယ်တော့ ငါ နင်အလုပ်များနေတာ မသိလို့ပါ၊ တကယ်လို့ ငါ အလုပ်များတဲ့အခါ ငါလဲ မက်ဆေ့ခ်ျ မပြန်၊ ဖုန်းမဖြေခဲ့ရင် နင် ဘယ်လို ခံစားရမလဲ။ နင်အလှပြင်ဆိုင် ရောက်နေလို့ ငါက ဖုန်းဆက်တဲ့အချိန် ဖုန်းက အိတ်ထဲ ရောက်နေမယ်ဆိုရင်ရော ဘယ်လိုလုပ်ရပါ့မလဲ။ တမင်လုပ်တာ မဟုတ်ဘူးလို့ သိနေပေမဲ့ စိတ်မချတာတော့ အမှန်ပါပဲ ချစ်သူ……။
၇။ အဖြူရောင် မုသားစကားသုံးစွဲရခြင်း
တကယ်လို့ ငါ သူ့ငယ်ချင်း မိန်းကလေးတစ်ယောက်ယောက်နဲ့ ရုပ်ရှင် အတူတူ သွားကြည့်ဖြစ်မယ်ဆိုရင် စဉ်းစားပြီးတော့  ယောကျာ်းလေး သူငယ်ချင်းနဲ့ သွားကြည့်တယ်လို့ ပြောမိမှာပါ။ အဓိကက အထင်မလွဲစေချင်လို့ပါ။ နင်လဲ ဒီလို မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်ချစ်သူ။ ငါ့ဘက်ကတော့ အိပ်မရတဲ့ ညတွေသာ တစ်နေ့တစ်ခြား ပိုများလာခဲ့တာပေါ့……။
၈။ အထီးကျန်ဆန်ခြင်း
လူဟာ တစ်ယောက်တည်းနေတဲ့အခါ အထီးကျန် မဆန်ပါဘူး။ အခြားတစ်ယောက်ကို သတိရသွားတဲ့ အခါမှ အထီးကျန်ခြင်း မြစ်ဖျားခံပါတယ်။ နင်ကတော့ ပြောမှာပေါ့။ နင့်ကို ဖက်ထားပါလို့။ ဒါပေမဲ့ ငါ့မှာ ပွေ့ဖက်စရာဆိုလို့ စောင်တစ်ထည်ပဲ ရှိပါတယ်။ မျက်လုံးကိုမှိတ်ပြီး ခံစားမှုနဲ့ ပွေ့ဖက်ထားမှာပါ……။
၉။ ယုံကြည်ချက် ပျက်သုဉ်းခြင်း
တကယ်လို့ ချစ်သူနှစ်ယောက်သာ အတူတူရှိခဲ့ကြရင် တစ်ယောက်က အကူအညီလိုတဲ့အခါ တစ်ယောက်က ကူညီနိုင်တယ်လေ။ အခက်အခဲကြုံရင် အတူတူ စဉ်းစားဖြေရှင်းလို့ ရနိုင်တာပေါ့။ အားပေးစကား ပြောပေးမဲ့သူလဲ အနားမှာ အဆင်သင့်ဆိုတော့ အားဆေးမလိုတော့ဘူးလေ။ တို့နှစ်ယောက်က ဝေးနေကြတော့ အားငယ်စိတ်ပျက်တဲ့အခါ ဘ၀မှာ တန်ဖိုးထားတဲ့ ယုံကြည်ချက်တွေ ပျက်သုဉ်းသွားနိုင်လောက်ပါရဲ့ ချစ်သူရယ်……။
၁၀။ တစ်ယောက်နဲ့တစ်ယောက် စိတ်ထားအမှန်ကို မသိနိုင်ခြင်း
လူ့စိတ်ဆိုတာ ၀မ်းဗိုက်အရေပြား တစ်ချပ်စာပဲ ခြားထားတာပါ။ ဒါပေမဲ့ ငါတို့နှစ်ယောက်ကျတော့ ဘာလို့ မိုင်တွေအများကြီး ဝေးကွာနေကြရတာလဲ။ ဒီတော့ တစ်ယောက်အခက်အခဲ အခြေအနေတွေ တစ်ယောက်ရဲ့ စိတ်အားသိမ်ငယ်မှုတွေကို သိဖို့ မလွယ်တော့ဘူး ချစ်သူရယ်။ ငါ နင့်ကို အနီးနားမှာ ရှိစေချင်လိုက်တာ။ မျှော်လင့်ခြင်း များစွာနဲ့ပေါ့……။
စာချစ်သူများအား ကျေးဇူးတင်လျက်
Credit: Zay Yar
Monday, October 5, 2015
"အဝေးရောက် ချစ်သူတို့၏ အတားအဆီးများ"
Labels:
ခံစားမှုရသ,
ချစ်မှုရေးရာ
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment