"ချစ်သူအမျိုးသားတွေ အမြဲ စွန့်ခွာထွက်ပြေးတာမျိုး ခံကြရတဲ့ အမျိုးသမီး (၅) မျိုး"
ချစ်သူရည်းစားနဲ့ လမ်းခွဲလိုက်ရတာ ဘယ်နှစ်ခါရှိနေပြီဖြစ်ပါသလဲ။ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် ပြန်စဉ်းစားသုံးသပ်တဲ့အခါ ငါ အကောင်းဆုံးနေထိုင်ခဲ့တယ်၊ သူ့အပေါ် သစ္စာမဖောက်ဘူး၊ အခြားတစ်ယောက်လည်း မထားဘူး။ ဒါနဲ့များ ဘာဖြစ်လို့ ငါ့ကို လမ်းခွဲစကားတွေ ပြောထွက်ရတာလဲဆိုပြီး အဖြေရှာမရ ဖြစ်နေတတ်ပါလိမ့်မယ်။ သင့်ဆီက သင့်ချစ်သူအမျိုးသား ထွက်ပြေးသွားတယ်ဆိုရင် သင်ဟာ ဒီလိုအမျိုးအစား (၅) မျိုးထဲ ပါနေပြီလားဆိုတာ တွေးပါ။ အဲ့ဒါကတော့
၁။ကိုယ့်ချစ်သူကို ကိုယ်ကချည်း ထိန်းချုပ်အနိုင်လိုချင်သူ
သင်ဟာ ပြသနာတစ်ခုခုကို အမြဲ ဖြေရှင်းပေးနေရတဲ့ ဆရာမကြီးပုံစံမျိုးနဲ့ သင့်ချစ်သူကို ဆက်ဆံတတ်သူဆိုရင်တော့ အချိန်ကြာလာတာနဲ့အမျှ သင့်ချစ်သူဟာ စိတ်ပျက်လာပါလိမ့်မယ်။ နောက်တစ်ခုက သူ့ကိုဘာလုပ်ဖို့၊ ဘယ်သွားဖို့၊ အားလုံးကို ထိန်းချုပ်ပစ်ချင်သူဆို ပိုဆိုးပါတယ်။
၂။အမေက သားတစ်ယောက်ကို ဆက်ဆံသလို ပြုမူဆက်ဆံတတ်သူ
သင့်ရဲ့လေသံကိုကတည်းက အမေတစ်ယောက်လို ဖြစ်နေတတ်တယ်။ သူ့အပေါ် ဒီနေ့ ဘာတွေပြီးအောင်လုပ်နော် ဆိုတာမျိုး ဖိအားလည်း ပေးတတ်တယ်။ သင့်ရဲ့ထိတွေ့ဆက်ဆံမှုက ကျောလေးပွတ်သပ်ပေး၊ ဆံပင်လေးတွေ သပ်ပေးတာက မပိုဘူး။ သင်နဲ့ သူ့အကြား ဆက်ဆံရေးဟာ ထင်ထားတာထက် ကွာဟမှုတွေ များများလာတယ်။
၃။အမြဲတမ်း စိတ်ဓာတ်ကျနေတတ်သူ
ရုပ်ရှင်တွေထဲမှာတော့ စိတ်ဓာတ်ကျနေတဲ့ မင်းသမီးလေးကို မင်းသားလေးက နှစ်သိမ့်ပေးမယ်၊ နောက်ဆုံး ကောင်မလေးနဲ့ ကောင်လေး လက်ထပ်သွားကြမယ်ဆိုတာမျိုးတွေပေါ့။ တကယ့်လက်တွေ့ဘ၀မှာ ဒါ အဆင်မပြေနိုင်ပါဘူး။ သင်ဟာ နေ့စဉ်နဲ့အမျှ အဆင်မပြေတာတွေချည်း သူ့ဆီ ညည်းတွားမယ်။ စိတ်ဓာတ်ကျနေမယ် ဆိုရင်တော့ သင့်ချစ်သူကောင်လေးဟာ သင့်ကို စွန့်ခွာဖို့သာ စဉ်းစားပါလိမ့်မယ်။
၎။ညီမျှမှုရှိမရှိ အမြဲ စဉ်းစားတွက်ချက်နေတတ်သူ
ဒီလို ကောင်မလေးမျိုးကတော့ နှစ်ဦးသားအချစ်ရေးမှာ ဘယ်သူကတော့ဖြင့် ပိုအနစ်နာခံတယ်။ ငါက ပိုသည်းခံရတယ်။ ပိုငွေကြေးအကုန်အကျများတယ်။ ငါ ဒါလုပ်ပေးပြီးပြီ နင် ဘာပြန်လုပ်ပေးမှာလဲဆိုပြီး အမြဲ တွက်ချက်နေတတ်သူပေါ့။
၅။မင်းသမီးလေးတစ်ပါးလို နေတတ်သူ
အချစ်ရေးမှာ ဘယ်သူ့ကို ပိုအလေးပေးရမယ်ဆိုတာမျိုး မရှိပါဘူး။ တစ်ယောက်ကိုတစ်ယောက်က အပြန်အလှန် ဂရုစိုက်ပြီး နားလည်မှုပေးနိုင်မှသာ ရေရှည် သွားနိုင်မှာပါ။ အဲ့ဒီလိုမဟုတ်ပဲ ငါကသာ ပိုအရေးကြီးတာ၊ ငါ့ကို ပိုဂရုစိုက်ပေးရမယ် ဆိုတာမျိုး မင်းသမီးတစ်ပါးလို နေထိုင် ပြုမူစေချင်တယ်ဆိုရင်တော့ ဒါဟာ ရေရှည်မြဲမယ့် အချစ်ရေး မဟုတ်ပါဘူး။
ဟန်နီ
Credit:Trend Myanmar
Thursday, October 1, 2015
"ချစ်သူအမျိုးသားတွေ အမြဲ စွန့်ခွာထွက်ပြေးတာမျိုး ခံကြရတဲ့ အမျိုးသမီး (၅) မျိုး"
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment