"Colgate သွားတိုက်ဆေးတွေမှာ အသက်အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းများ တွေ့ရှိ"
သင်ဟာ Colgate သွားတိုက်ဆေး သုံးစွဲသူများထဲ ပါဝင်ကောင်း ပါဝင်နိုင်ပါတယ်။ အကြောင်းက ဒီသွားတိုက်ဆေးမှာ ကမ္ဘာတစ်ဝှမ်း လူသုံးအများဆုံး brand ဖြစ်လို့ပါပဲ။
မကြာသေးမီက လေ့လာချက်တစ်ခုအရ ဒီသွားတိုက်ဆေးမှာ ကင်ဆာရောဂါဖြစ်ပွားခြင်းနဲ့ တခြားရောဂါဘယများ ဖြစ်ပေါ်စေနိုင်တဲ့ ပစ္စည်းတွေ ပါဝင်တယ်လို့ သိရပါတယ်။ အဲဒါကို Triclosan လို့ ခေါ်ပြီး အနံ့အသက်ပျောက်ဆေး၊ လက်သန့်စင်ဆေး၊ ပိုးသတ်ဆေး၊ ကြေးချွတ်ဆေးတွေ အများဆုံး သုံးထားတာပါ။ နောက်လေ့လာမှု တစ်ခုမှာ အဲဒီသွားတိုက်ဆေးကို များများသုံးပါက ကင်ဆာရောဂါ ဖြစ်စေနိုင်ကြောင်း ဆိုပါတယ်။
ကနေဒါဟာ Triclosan တားဆီးပိတ်ပင်မှုလုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ကမ္ဘာ့တစ်ခုတည်း နိုင်ငံ ဖြစ်ပါတယ်။ ဒီအသက်အန္တရာယ်ဖြစ်စေတဲ့အရာနဲ့ ပတ်သက်လို့ အဓိကပြသနာမှာ အဲဒီအရာက ကျွန်ုပ်တို့ အရေပြားထိ ထိုးဖောက်ပြီး သွေးထဲထိ ဝင်ရောက်ကာ ဟော်မုန်းမညီမျှမှု ဖြစ်စေပါတယ်။ Colgate ကတော့ သက်သေ အထောက်အထားတွေနဲ့ သုတေသနပြုချက်တွေ ရှိနေသည့်တိုင် သူတို့ထုတ်ကုန်တွေဟာ ဘေးကင်းလုံခြုံစိတ်ချရကြောင်း ကျွန်ုပ်တို့ဆီ ပြောဆိုနေဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ဒီပစ္စည်းကို ဆက်လက်သုံးစွဲသင့် မသုံးစွဲသင့်ဆိုတာ သင်နဲ့သာ ဆိုင်ပါလိမ့်မယ်။
Ref: healthylivinghouse
Credit: Trend Myanmar
Tuesday, October 6, 2015
"Colgate သွားတိုက်ဆေးတွေမှာ အသက်အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းများ တွေ့ရှိ"
Labels:
ကျန်းမာရေး,
ဗဟုသုတ
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment