Thursday, October 1, 2015

"ပရိဘောဂဆိုင်သို့ ချစ်တူစုံတွဲတွေ အတူသွားရောက်ခြင်းက သူတို့ရဲ့ အချစ်ရေးကို ပျက်စီးစေ"


"ပရိဘောဂဆိုင်သို့ ချစ်တူစုံတွဲတွေ အတူသွားရောက်ခြင်းက သူတို့ရဲ့ အချစ်ရေးကို ပျက်စီးစေ"

Business Insider သတင်းဌာနက ဖော်ပြချက်အရတော့ ပရိဘောဂပစ္စည်း ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီရဲ့ လုပ်ဆောင်ချက် တစ်ခုချင်းစီဟာ စိတ်ခံစားချက်တွေ ဘာကြောင့် အစပျိုးဖြစ်ပေါ်စေရသလဲ၊ အဲဒီအဖြေသိတဲ့အခါ ဘယ်လိုရှောင်လွဲလို့ ရနိုင်မလဲဆိုတဲ့ အကြောင်းတွေကို ကျွမ်းကျင်ပညာရှင်များစွာက စူးစမ်းဖော်ထုတ်ဖို့ ဆွေးနွေးပြောဆိုနေကြပါတယ်တဲ့။

ပရိဘောကဆိုင်ကို ရောက်ပြီဆိုရင် အတွဲတော်တော်များများဟာ အကြိုက်ချင်းမတူညီတာကြောင့် "ငါ့ကို ယုံလား၊ ငါရူးကြောင်ကြောင်နိုင်တယ်လို့ ထင်လား၊ ငါ့မှာ အတတ်ပညာတစ်ခုမှမရှိဘူး မင်းယူဆလား၊ မင့်အရင်ရည်းစားဖြစ်ရင်ကောင်းမှာပဲ ဆိုတဲ့ စိတ်ရှိလား" စတဲ့ မေးခွန်းတွေနဲ့ မကြာခဏ ပြသနာတက်ကြပြီး အဲ့ဒီကနေ တစ်ဆင့်တက်ကာ ချစ်သူစုံတွဲတွေကို အဆိုးဆုံး အခြေအနေရောက်အောင်လည်း တွန်းဖို့ပေးတယ်လို့ သိရပါတယ်။

စိတ်ပညာရှင်တစ်ဦးဖြစ်သူ Ramani Durvasula က  ပရိဘောဂဆိုင်သို့ သွားရောက်တာဟာ အချစ်ကံဆိုးမိုးမှောင်ကျစေတဲ့ လမ်းပြမြေပုံဖြစ်ကြောင်း ဆိုပါတယ်။

ချစ်သူစုံတွဲတွေဟာ Ikea ပရိဘောဂများကြောင့် ဘာလို့ ရန်ဖြစ်နေကြသလဲ အဖြေရှာဖို့ Durvasula အဲဒီနေရာသို့ သွားရောက်လည်ပတ်ခဲ့ပါတယ်။ အရောင်းပြခန်းမှာ ပြသနာအများဆုံးဖြစ်ခဲ့ကြောင်း သူမ တွေ့ရှိခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒီနေရာက အခင်းအကျင်းများဖြစ်ကြတဲ့ မွေ့ရာနဲ့ အိပ်ရာခင်း၊ မီးဖိုချောင်သုံးပစ္စည်း၊ ကလေးကစားစရာပစ္စည်းများက ငြင်းခုံမှုတွေ စတင် ဖြစ်ပွားစေတော့တာပါပဲ။

ချစ်သူစုံတွဲများ ပရိဘောဂ အကြိုက်ချင်းမတူပါက ဘဝမှာလည်း အကြိုက်ချင်းလည်း တူချင်မှ တူမှာပဲလို့ စဉ်းစားမိလာ ကြပါတယ်။

လက်တွဲဖော်နဲ့ စောဒ တက် အငြင်းပွားခြင်းက ရန်ဖြစ်မှု စတင်ဖြစ်ပေါ်စေတတ်ပြီး ရင့်ကျက်မှု၊ သည်းခံခြင်းနဲ့ အသိဥာဏ်တွေ ခဏ ပျောက်ကွယ်သွားပါတယ်။

ဒါ့ကြောင့် ပဋ္ဋိပက္ခကို ရှောင်ချင်တယ်ဆိုရင်တော့ အိမ်တိုင်ရာရောက်လာပြီး ပရိဘောဂ တပ်ဆင်ပေးတဲ့ ကုမ္ပဏီကို ရှာပါ။

Ref: yourtango

Credit: Trend Myanmar

No comments:

Post a Comment