"နောက်ဆုံးမှာ မှန်ကန်သင့်တော်တဲ့ အချစ်စစ် သင် တွေ့ရှိသွားပြီဆိုတာ ဒီအချက် (၆) ချက်က ပြောပြပေးနိုင်"
အမျိုးသမီးတွေအနေနဲ့ ကိုယ်တွဲနေတဲ့ ကိုယ့်ချစ်သူက ကိုယ့်အတွက် မှန်ကန်တဲ့ချစ်သူ ဟုတ်ရဲ့လားဆိုပြီး မကြာခဏ တွေးမိတတ်ကြပါတယ်။ သင့်ချစ်သူဟာ သင့်အပေါ် တကယ်အချစ်စစ် အချစ်မှန်နဲ့ ချစ်မချစ်၊ သင့်အတွက် Mr.Right ဖြစ်မဖြစ် ဒီအချက် (၆) ချက်က အတည်ပြုပေးနိုင်ပါတယ်။
၁။သူဟာ သင့်အတွက် အစစအရာရာအားလုံး နားလည်သိတတ်နေသူပါ။
သင်ဟာ တကယ့်လူကောင်းတစ်ယောက် သင့်အပေါ် တကယ်ချစ်တဲ့သူကို ရွေးချယ်မိပြီဆိုရင် ပထမဆုံး သင်ခံစားရမှာက သူဟာ သင်နဲ့ပတ်သက်ရင် ဘာမဆို သိနေတယ်ဆိုတာပါပဲ။ သင့်စိတ်ကိုသိတယ်။ သင်တစ်ခုခုကို ဘယ်လိုခံစားရမယ်ဆိုတာမျိုး သူသိတယ်။ သင့်လိုအပ်ချက် ဘာဆိုတာလည်း သူသိနေတတ်တယ်။
၂။သူဟာ သင့်ကို ရေရှည်အတွက် စဉ်းစားရွေးချယ်ထားမှန်း သင့်ကို သိစေလိမ့်မယ်။
နှစ်ဦးသားစတွဲပြီးကတည်းက တစ်လပြီးတစ်လ ချစ်ခြင်းသံယောဇဉ်ကြိုးတွေ ပိုခိုင်မြဲလာတယ်။ သင့်ကို သူ ဘယ်လိုရေရှည်အတွက် စဉ်းစားထားကြောင်း အိပ်မက်တွေ ဖွင့်ဟလာမယ်။ အနာဂတ်ခရီးမှာ သင်တို့နှစ်ယောက် ဘယ်လို အနေအထားမျိုး လျှောက်လှမ်းသွားကြမယ် ဆိုတာမျိုး သူ စဉ်းစားထားပြီးပြီဖြစ်တယ်။ သင့်ကိုလည်း ဖွင့်ဟလာတတ်တယ်။ သင့်လိုအပ်ချက်တွေ သူ ဖြည့်ဆည်းပေးနိုင်သလောက် ဖြည့်ဆည်းပေးလာတယ်။ သင့်ကိုပေးထားတဲ့ ကတိတွေ တည်နိုင်အောင် အမြဲ ကြိုးစားလုပ်ဆောင်တတ်တယ်။
၃။သင်ကိုယ်တိုင်လည်း အချစ်ခံရတဲ့ လူတစ်ယောက်အဖြစ် သင် ခံစားမိလာတယ်။
သူ သင့်အတွက် ပြုလုပ်ပေးလိုက်တဲ့ အရာရာတိုင်းဟာ သင့်အတွက် ကျေနပ်ပျော်ရွှင်မှုတွေ ရရှိတယ်။ သင့်ကမ္ဘာမှာ ချစ်ခြင်းတွေပြည့်နေတယ်လို့ ခံစားလာရတယ်။ သင့်ကို ချစ်တယ်လို့ ဖွင့်ဟလိုက်တိုင်းမှာလည်း ဒါ သူ့ပါးစပ်ထဲရှိလို့ ပြောနေတာ မဟုတ်ပဲ တကယ်ပါလားလို့ သင် သေချာသိလာတယ်။ သူဟာ သင့်အတွက်ဆို ဘာမဆို ဖြည့်ဆည်းပေးဖို့ အမြဲ အသင့်ရှိမှန်း သိလာတဲ့အခါ ငါ အချစ်ခံရတဲ့ ဘ၀လေး ရရှိနေပါလားရယ်လို့ သင် အမြဲ ကြည်နူးမိနေတယ်။
၎။သူဟာ သင့်ကို လွတ်လပ်မှုလည်း ပေးထားတယ်။
ချစ်တော့ချစ်ပါရဲ့။ ဘာမှလုပ်ခွင့်မပေးဘူး၊ နားလည်မှုလည်း မပေးဘူးဆိုရင် သင်ဟာ ကြာရှည်မှာ စိတ်ညစ်ညူးလာပါလိမ့်မယ်။ လှောင်အိမ်ထဲထည့်ပြီး ချစ်တဲ့အချစ်မျိုး ဘယ်သူက လိုချင်မှာလဲ။ သင့်ချစ်သူကတော့ သင့်ရဲ့အိပ်မက်တွေအတိုင်း လုပ်ဆောင်ဖို့၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေဖို့ ဘေးနားက ပံ့ပိုးပေးတာကလွဲပြီး သင့်ကို လွတ်လပ်မှုလေးတစ်ခု ပေးထားတယ်။ အတင်း ကန့်သတ်ချုပ်ခြယ်တာမျိုးတွေ သူ ဘယ်တော့မှ မလုပ်ဘူး။
၅။သူ့အနာဂတ်မှာ သင်ဟာ အမြဲ တွဲလျှက် ပါရှိနေတယ်။
သူပြောတဲ့ အနာဂတ်အကြောင်းတွေမှာ ကိုယ်တို့အသက်တွေရလာရင် ဆိုတာမျိုး၊ ကိုယ်တို့နှစ်ယောက် အဲ့ဒီအချိန်ကျရင် ဆိုတာမျိုးတွေသာ ပြောဆိုတတ်တယ်။ သူတစ်ယောက်တည်း အကြောင်း မပြောဘဲ၊ နှစ်ဦးတွဲလျက်သာ သူပြောဆိုတယ်ဆိုရင် သူဟာ သူ့အနာဂတ် စိတ်ကူးထဲမှာတောင် သင့်ကို အမြဲ ထည့်တွက်ထားတယ်ဆိုတာ သိသာစေပါတယ်။
၆။သင်ဟာ သူ့အတွက် အရေးကြီးတဲ့သူတစ်ယောက်ဆိုတာ သူ့လုပ်ရပ်တွေက သက်သေပြနေတယ်။
သင်ဟာ ဘယ်သူနဲ့ယှဉ်ယှဉ် ပထမဦးစားပေးနေရာမှာသာ အမြဲရှိတယ်။ အရေးတကြီးကိစ္စတွေရှိရင် သင့်ကို သူ အရင်ဆုံး ဖွင့်ဟတိုင်ပင်တယ်။ သင့်ဆုံးဖြတ်ချက်ကိုလည်း သူ အလေးထားတယ်။ ဒါ့အပြင် သင့်ရဲ့အပေါင်းအသင်း သူငယ်ချင်းတွေကိုလည်း သူ လေးလေးစားစား အမြဲ ဆက်ဆံပေးတယ်။
ဟန်နီ
Credit: Trend Myanmar
Monday, October 5, 2015
"နောက်ဆုံးမှာ မှန်ကန်သင့်တော်တဲ့ အချစ်စစ် သင် တွေ့ရှိသွားပြီဆိုတာ ဒီအချက် (၆) ချက်က ပြောပြပေးနိုင်"
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment