Friday, March 18, 2016
"ကိုယ့်စိတ်ကို မနှိပ်စက်ပါနဲ့"
"ကိုယ့်စိတ်ကို မနှိပ်စက်ပါနဲ့
ကိုယ့်ကို နှိပ်စက်နိုင်နေတဲ့ အတွေးတွေ မတွေးပါနဲ့။ ကိုယ့်စိတ်ကို ပူလောင်စေတဲ့ အတွေးတွေ မတွေးပါနဲ့။ ကိုယ့်အပေါ် မကောင်းတဲ့သူတွေအကြောင်း မတွေးပါနဲ့။ ကိုယ့်ကို မခေါ်ချင်တဲ့သူတွေအကြောင်း မတွေးပါနဲ့။ ကိုယ့်ကို ဂရုစိုက်သူတွေအကြောင်း မတွေးပါနဲ့။ ကိုယ့်စေတနာကို နားမလည်သူတွေအကြောင်း မတွေးပါနဲ့။ ကိုယ့်အပေါ် သစ္စာမရှိတဲ့သူတွေအကြောင်း မတွေးပါနဲ့။ ကိုယ့်အပေါ် လိမ်ညာ လှည့်စားသူတွေအကြောင်း မတွေးပါနဲ့။ ကိုယ့်ကို မုန်းတဲ့သူတွေအကြောင်းလည်း မတွေးပါနဲ့။ ကိုယ့်ကိုမချစ်လို့ ကျောခိုင်းထွက်သွားတဲ့
သူတစ်ယောက်အကြောင်း မတွေးပါနဲ့။
အဲ့ဒီသူတွေအကြောင်း မတွေးပါနဲ့။ အဲဒီအကြောင်းတွေ တွေးမိနေသမျှ ကိုယ့်စိတ်ကို နှိပ်စက်နေလို့ ကိုယ့်မှာ စိတ်ချမ်းသာမှုဆိုတာ ဘယ်တော့မှ ရနိုင်ဖို့ မလွယ်ပါဘူး
ဒါ့ကြောင့် ကိုယ့်စိတ်ကို ချမ်းသာအောင် တွေးပါ။ နားလည်ပေးနိုင်မယ့် အတွေးသာ တွေးပါ။ မေတ္တာပွားနိုင်ဖို့ တွေးပါ။ ခွင့်လွှတ်နိုင်အောင် ကြိုးစားဖို့ တွေးပါ။ အမုန်းမပွားဖို့ပဲ တွေးပါ။ မေတ္တာထားခြင်းသည် အကောင်းဆုံး လက်စားချေခြင်းပါပဲ။
ကိုယ့်စိတ်ကို နှိပ်စက်နိုင်ဆုံးသူဟာ ကိုယ်ကိုတိုင်သာ ဖြစ်ပါတယ်။ တစ်ခြားသူတွေဟာ ကိုယ့်စိတ်ထဲကို ဝင်လာပြီး နှိပ်စက်လို့ မရပါဘူး။ အဲ့ဒီသူတွေကို ကိုယ့်စိတ်ထဲမှာထားပြီး ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါပဲ။ ကိုယ့်အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုပြန်ပြီး မနှိပ်စက်ပါနဲ့တော့။ လူ့ဘဝက တိုတောင်းလွန်းလှပါတယ်။ ခဏတာ ရလာတဲ့ လူ့ဘဝလေးမှာ ကိုယ့်ကိုယ်ကို ပျော်ရွှင် အေးချမ်းမှုရအောင် ကိုယ်တိုင်လုပ်ယူဖန်တီးပြီး ပျော်ပျော်နေနိုင်ဖို့ အရေးကြီးပါတယ်။
ငယ်ငယ်ကလည်း ငိုခဲ့ပြီးပြီ။ အရွယ်ရောက်တော့လည်း ငိုခဲ့ပြီးပြီ။ မနေ့ကလည်း ငိုခဲ့ပြီးပြီ။ ဒီနေ့လည်း ငိုခဲ့ပြီးပြီ။ မနက်ဖြန်က စပြီး ရယ်နိုင်ဖို့ ကြိုးစားပါ။ လူ့ဘဝ တိုတိုလေးမှာ အမြဲတမ်းငိုနေရရင် လူဖြစ်ရှုံးပါတယ်။
ကိုယ့်စိတ်ကို မနှိပ်စက်ပါနဲ့တော့ သူငယ်ချင်း……
Emily
Credit: Emily Nge
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment