Sunday, March 27, 2016

"လူချစ်လူခင်များဖို့ ရှိသင့်တဲ့ ကိုယ်ချင်းစာမှု (၃) မျိုး"


"လူချစ်လူခင်များဖို့ ရှိသင့်တဲ့ ကိုယ်ချင်းစာမှု (၃) မျိုး"

၁- အမြင်
တစ်ဖက်သားရဲ့ အခြေအနေ၊ တစ်ဖက်သားရဲ့ ယူဆနေမှုတွေကို သင့်ဘက်က သတိထားမြင်တတ်ဖို့ လိုပါတယ်။ သူ့စိတ်အခြေအနေက ဘယ်လိုဖြစ်နေတယ်ဆိုတာ နားလည်နေတဲ့အခါ ဘယ်လိုစကားမျိုး ရွေးပြောရမယ်ဆိုတာကို သိပါတယ်။

၂- လူမှုရေး
လူမှုရေးဘက်ကကြည့်တဲ့ ကိုယ်ချင်းစာမှုပါ။ လက်ရှိပတ်ဝန်းကျင် အခြေအနေကို ထည့်တွက်ပြီး ဖြစ်ပေါ်လာတဲ့ ကိုယ်ချင်းစာမှုပါ။ လူချစ်လူခင်များတဲ့ လူတွေဆီမှာ ဒီလိုကိုယ်ချင်းစာမှုမျိုး ရှိနေတာကို သတိထားကြည့်ရင် တွေ့ပါလိမ့်မယ်။

၃- ပူပန်ပေးမှု
ကိုယ်ချင်းစာမှုတွေထဲမှာ အရေးကြီးဆုံးဖြစ်ပေမဲ့ လုပ်လေ့မရှိကြတဲ့ ကိုယ်ချင်းစာမှုပါ။ တစ်ဖက်လူကို ကိုယ်ချင်းစာတယ်ဆိုတဲ့ ခံစားချက်မျိုးနဲ့ မပြီးသေးဘဲ ကိုယ့်ဘက်က တတ်နိုင်ရင် ကူညီပေးဖို့ လိုပါတယ်။

Photos & Source: Huffington

Credit: duwun

No comments:

Post a Comment