Friday, March 18, 2016
"ဘွဲ့ရပြီးခါစ လူငယ်တွေ သိသင့်တဲ့ အချက် (၄) ချက်"
"ဘွဲ့ရပြီးခါစ လူငယ်တွေ သိသင့်တဲ့ အချက် (၄) ချက်"
၁- ဘဝသစ်ကို လက်ခံ ရင်ဆိုင်ပါ
ကျောင်းပြီးတဲ့အခါ ပိုကြီးတဲ့ပြဿနာဆိုတဲ့ အစား ပိုကြီးတဲ့ တာဝန်ကို ယူလာရမှာ ဖြစ်ပါတယ်။ ကျောင်းသားဘဝတုန်းက သင့်တာဝန်က စာမေးပွဲအောင်ဖို့ပဲ ဖြစ်ပါတယ်။ သင် ဘာကို အောင်မြင်အောင် လုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ရှိပါတယ်။ လက်တွေ့ဘဝက ဒီလိုမဟုတ်ပါဘူး။ သင် ဘာကို အောင်မြင်အောင် လုပ်မယ်ဆိုတာကို ရှာဖွေဖို့တောင် ခက်နေတတ်ပါတယ်။ ကျောင်းသားဘဝကို အမြန်ဆုံးနှုတ်ဆက်ပြီး အခြေအနေသစ်ကို အမြန်ဆုံး လက်ခံရင်ဆိုင်သင့်ပါတယ်။
၂- အလုပ်စရှာပါ
အလုပ် လုပ်ရတာ သင့်ဘဝအတွက် အကြီးမားဆုံး အပြောင်းအလဲကြီးပါပဲ။ ကိုယ့်ကိုယ်ကိုယ် မပိုင်တော့တာကြောင့် ကိုယ်ပိုင်အချိန်တွေ ပျောက်လာပါမယ်။ လုပ်ထားဖို့ ရည်ရွယ်ထားတာတွေလည်း မလုပ်ဖြစ်တဲ့ အခြေအနေနဲ့ အဆုံးသတ်ရပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ်ပိုင်ဝင်ငွေ ရှိလာတာကြောင့် သင့်ဘဝကတော့ တည်ငြိမ်လာပါမယ်။ ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့ မတည်ငြိမ်တဲ့ အခြေအနေကတော့ လွတ်သွားပါမယ်။
၃- ကိုယ်ပိုင်အလုပ်နဲ့ အချိန်ပိုင်း
အကောင်းဆုံးကတော့ ကိုယ်ပိုင်လုပ်ငန်း လုပ်တာဖြစ်ပါတယ်။ ဒါမှမဟုတ် အချိန်ပိုင်းအလုပ်လုပ်ပြီး ဝါသနာတစ်ခုကို ဆက်လက် လေ့လာတာ ဖြစ်ပါတယ်။ နှစ်ခုစလုံးကတော့ မလွယ်ပါဘူး။ ဒါပေမဲ့ ရေရှည်မှာ သူများ အလုပ်လုပ်တာထက် ပိုသာပါတယ်။
၎- အချစ်ဆုံးတွေကို မမေ့နဲ့
သင် အချစ်ဆုံး သူငယ်ချင်း၊ သင် အချစ်ဆုံး ချစ်သူ၊ သင် အချစ်ဆုံး ဝါသနာတွေကို ဘယ်တော့မှ အဆက်အသွယ် မဖြတ်လိုက်ပါနဲ့။ ဒါတွေကို မေ့ပစ်ခဲ့မိတဲ့အတွက် သတ်လတ်ပိုင်းအရွယ်မှာ နောင်တ ရလာပါလိမ့်မယ်။ မျှော်လင့်ချက်တွေ၊ အပေးအယူတွေ မပါဘဲ ရရှိခဲ့တဲ့ ချစ်ခြင်းတွေဟာ သူတို့ဆီကပဲ ရနိုင်ခဲ့တာကို တွေ့လာရပါလိမ့်မယ်။
Photos & Source:Lifehack
Credit: duwun
Labels:
ဗဟုသုတ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment