Tuesday, March 29, 2016

"နေ့လည်ဘက်မှာ အချိန်ကြာကြာ အိပ်စက်ခြင်းက စောစီးစွာ သေဆုံးနိုင်မှုကို မြင့်မားစေ"


"နေ့လည်ဘက်မှာ အချိန်ကြာကြာ အိပ်စက်ခြင်းက စောစီးစွာ သေဆုံးနိုင်မှုကို မြင့်မားစေ"

နေ့လည်ပိုင်းမှာ မိနစ်လေးဆယ်ထက် ပိုအိပ်တာက စောစီးစွာ သေဆုံးနိုင်မှုကို မြင့်မားစေတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဆိုပါတယ်။

လူသုံးသိန်းလောက်ကို စမ်းသပ်ခဲ့ရာမှာတော့ နေ့လည်ဘက်မှာ အချိန်ကြာကြာ အိပ်စက်လေ့ရှိသူတွေဟာ ဇီဝကမ္မဆိုင်ရာ ဖြစ်စဉ်တွေ နှောင့်နှေးသွားပြီးတော့ သွေးဖိအား မြင့်မားတာတွေ၊ ကိုလက်စထရောပါဝင်မှု မြင့်တက်တာတွေ ဖြစ်လာတယ်လို့ သိရပါတယ်။

လေ့လာမှုပေါင်း ၂၁ ခုနဲ့ လူသုံးသိန်းကျော်ကို စမ်းသပ်ခဲ့ပြီးမှ အမေရိကန်နိုင်ငံ နှလုံးဘက်ဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးမှာ အခုလိုမျိုး အတည်ပြု ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ နေ့လည်ပိုင်းမှာ ပင်ပန်းလို့ ခဏတာ အိပ်စက်ခြင်းဟာ လူကို အားပြည့် လန်းဆန်းစေပေမယ့်လည်း မိနစ်လေးဆယ်ထက် ပိုသွားရင်တော့ ကျန်းမာရေးဆိုးကျိုးတွေ များမှာဖြစ်ပြီး အရွယ်မတိုင်ခင် သေဆုံးမှုကို အားပေးနေတယ်လို့ Daily Mail က ဖော်ပြခဲ့တာပါ။

လူတွေရဲ့ တစ်နေ့တာလှုပ်ရှားနေထိုင်မှုတွေကို ခြေရာခံကြည့်လိုက်တဲ့ အချိန်မှာတော့ မိနစ်လေးဆယ်ထက် ပိုအိပ်တတ်သူတွေဟာ အဝလွန်တာတွေ၊ ဆီးချိုသွေးချိုရောဂါတွေနဲ့ နှလုံးရောဂါလိုမျိုး သေစေနိုင်တဲ့ ရောဂါတွေ ရှိနေပြီး မိနစ်လေးဆယ်ထက် ပိုမအိပ်သူတွေမှာ ဒီရောဂါ အရိပ်အယောင်တွေကို မတွေ့ခဲ့ရပါဘူး။

နေ့လည်ပိုင်း အိပ်ချိန်ရှည်ကြာတဲ့သူတွေမှာ ဆိုရင်တော့ ခန္ဒာကိုယ်ရဲ့ ဇီဝကမ္မဗေဒဖြစ်စဉ်ဟာ ကမောက်ကမ ဖြစ်သွားပြီး အိပ်ရာထတဲ့အချိန်အထိ ပုံမှန် ပြန်မဖြစ်တော့တာကို တွေ့ခဲ့ရပါတယ်။ အကယ်လို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်သေးဘူးဆိုရင်တော့ ဇီဝကမ္မဗေဒဖြစ်စဉ်ဟာ ပုံမှန်အတိုင်းပဲ ဆက်သွားနေတယ်လို့ သိရပါတယ်။

ဦးဆောင်လေ့လာသူ ဒေါက်တာ တိုမိုဟိုက်တမားဒါးကတော့ “နေ့လည်ဘက် အိပ်စက်တာက ကမ္ဘာတစ်ဝှမ်းမှာ ပြုလုပ်လေ့ ရှိကြပါတယ်။ ဒီလိုမျိုး နေ့လည်ဘက် အချိန်ကြာ အိပ်စက်မှုများလာရင်တော့ ဇီဝကမ္မဗေဒ ဖြစ်စဉ်တွေနဲ့ ပတ်သက်တဲ့ ရောဂါတြွေ
 ဖြစ်တယ်လေ။ ဒီလို အိပ်စက်တာနဲ့ အန္တရာယ်ရှိတဲ့ ရောဂါတွေကို ဖြစ်ပွားစေတယ်ဆိုတာကို လူတွေ သိမြင်အောင်ပါ။ ဒါဆိုရင်တော့ အဖြစ်များတဲ့ ရောဂါတွေကို ကြိုတင်ကာကွယ်သလိုလည်း ဖြစ်စေပါတယ်” လို့ ပြောခဲ့ပါတယ်။

( Paing A K )

သစ်ထူးလွင်(ကျန်းမာရေး)

No comments:

Post a Comment