Monday, March 21, 2016
"သင့်အချစ်ရေး ပိုမိုခိုင်မြဲစေဖို့ သင့်ချစ်သူကောင်လေးကို ဒီလိုလေးတွေ ချီးမွမ်းစကား ဆိုသင့်"
"သင့်အချစ်ရေး ပိုမိုခိုင်မြဲစေဖို့ သင့်ချစ်သူကောင်လေးကို ဒီလိုလေးတွေ ချီးမွမ်းစကား ဆိုသင့်"
လေ့လာချက်တွေအရ စုံတွဲတွေဟာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုပိုလာစေဖို့၊ ပိုမိုရင်းနှီးချစ်ခင်လာစေဖို့ မပျက်မကွက် ပြောဆိုပေးသင့်တဲ့ စကာလေးတွေ ရှိကြပါတယ်။ အထူးသဖြင့် စုံတွဲတစ်တွဲမှာ ကိုယ့်ချစ်သူကောင်လေးကို သူ့ကိုယ်သူ ယုံကြည်မှု ပိုတိုးလာစေဖို့ မိန်းကလေးတွေဘက်က ပြောပေးသင့်တဲ့ စကားလေးတွေ ရှိပါတယ်။ ဒီစကားလေးတွေ ပြောပေးခြင်းဖြင့် နှစ်ဦးသား ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ ချစ်ခရီးလမ်းကို အတူလျှောက်လှမ်းနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ကဲ သင့်ချစ်သူကောင်လေးကို ဘယ်လိုစကားမျိုးလေးတွေ ဆိုပေးသင့်သလဲ ကြည့်ရအောင်။
၁။ သူ့ရဲ့လုပ်ဆောင်ချက်တွေထဲက ဘယ်လိုအရာတွေက သင့်အတွက် လေးစားစရာ ကောင်းကြောင်းပြောပါ။
၂။ သူ့ကြောင့် သင့်ကိုယ်သင် ဘယ်လို ယုံကြည်မှုရှိလာကြောင်း ပြောပါ။
၃။ သူချက်ကျွေးတဲ့ ထမင်း၊ ဟင်းက ဘယ်လောက် အရသာကောင်းကြောင်း ပြောပေးပါ။
၎။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မောင်နှမတွေ၊ မိဘတွေက သူနဲ့အတူရှိရတာ သဘောကျကြောင်း ပြောပေးပါ။ သူ့ကို အားလုံးက ခင်မင် နှစ်လိုကြတယ်ဆိုတာ သူသိပါစေ။
၅။ သူ ဟာသနှောပြီး ပြောတတ်တဲ့ စကားတွေကြောင့် သင့်တစ်နေ့တာ ဘယ်လောက် အပန်းပြေရကြောင်း ချီးမွမ်းပါ။
၆။ သူနဲ့အတူ ရှိချိန် သင်ဘယ်လောက် လုံခြုံနွေးထွေးမှု ခံစားရကြောင်း ဖွင့်ဟပါ။
၇။ သူ ဘယ်အချိန်မျိုးမှာ ဆက်စီကျပြီး ဘယ်လိုအချိန်မျိုးမှာ ချစ်စရာအသွင်အပြင်ရှိကြောင်း သေချာ ဖွင့်ဟပြောဆိုပါ။ သင့်ချစ်သူဟာ သင်ဒီလို ပြောလိုက်တဲ့အချိန်မှာ သူ့ကိုယ်သူ ယုံကြည်မှု ပိုမိုလာတတ်ကြပါတယ်။
၈။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာ သူ့အကြံလိုချင်ကြောင်း ပြောပါ။ တစ်ခုခုကို ဆုံးဖြတ်တော့မယ်ဆိုရင် သူ ဘယ်လိုထင်မြင်သလဲဆိုတာ မေးမြန်းလိုက်ပါ။
၉။ ကောင်မလေးတွေ သူ့ကို ကြည့်တဲ့အခါလည်း သူ့ကို ပြောလိုက်ပါ။ ဒါဟာ သ၀န်တိုစရာ မဟုတ်ပဲ သင့်ချစ်သူ ကိုယ့်ကိုကိုယ် ယုံကြည်ချက် ပိုတိုးအောင် သင် လုပ်ဆောင်ပေးနေတယ်ဆိုတာ စိတ်ထဲထည့်ထားပါ။
၁၀။ သူ့ရဲ့အချစ်ကြောင့် သင် ဘာတွေ ပြောင်းလဲလာခဲ့တယ်ဆိုတာလည်း သူသိအောင် ပြောပြပေးပါ။
ဟန်နီ
Credit: Trend Myanmar
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment