Saturday, March 26, 2016

"Screen ဖန်သားပြင်ကြည့်ချိန်နဲ့ အိပ်ရာဝင်ချိန် ဘယ်လောက်ခြားသင့်သလဲ"


"Screen ဖန်သားပြင်ကြည့်ချိန်နဲ့ အိပ်ရာဝင်ချိန် ဘယ်လောက်ခြားသင့်သလဲ"

ဒစ်ဂျစ်တယ်လောကနဲ့ ပတ်သက်နေခြင်းက ညအိပ်ရာမဝင်ခင် လုပ်မိတတ်တဲ့ အဆိုးဆုံး အချက်တစ်ခု ဖြစ်ပါတယ်။ အဲဒီဒစ်ဂျစ်တယ် ကိရိယာတွေရဲ့ တောက်ပတဲ့ အလင်းရောင်ဟာ သင့်အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေရုံမက အိပ်ရေးကိုပါ ထိခိုက်စေပါတယ်။

ဒါပေမယ့် မစိုးရိမ်ပါနဲ့။ အဖြေက ရိုးရိုးလေးပါ။ အိပ်ယာမဝင်ခင် ၁၅ - ၂၀ မိနစ်လောက် ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ အဆက်ဖြတ်ရုံသာ ဖြစ်ပါတယ်။ အိပ်ခါနီးလေးအချိန်မှာ အိပ်ခန်းကို နည်းပညာ ကင်းမဲ့ဇုံဖြစ်အောင် စည်းကြပ် သတ်မှတ်ထားလိုက်ပါ။ အသစ်ရောက်လာတဲ့ အီးမေးလ်တွေ၊ စာတိုတွေ တဂွမ်ဂွမ်မြည်သံတွေက မခံမရပ်နိုင်အောင် ဆွဲဆောင်လွန်းနေပါက ဖုန်းကို silence လုပ် ဒါမှမဟုတ် ပိတ်ထားလိုက်ပါ။ မအိပ်ခင်အချိန်လေးမှာ တစ်နေ့တာ လုပ်ဆောင်ချက်တွေ ပြန်လည်စဉ်းစားသုံးသပ်ဖို့ အချိန်အနည်းငယ် ယူပါ။ စာအုပ်ဖတ်ပါ (အွန်လိုင်းကနေ မဟုတ်)။ screen နဲ့ ဝေးစေမယ့် အရာမှန်သမျှ လုပ်ဆောင်ပါ။

Ref: Shefinds

Credit: Trend Myanmar

No comments:

Post a Comment