Friday, March 18, 2016

"အသက် ၃၀ ကျော်ရင် သိထားဖို့ အရေးကြီးတဲ့ အရာ (၅) ခု"


"အသက် ၃၀ ကျော်ရင် သိထားဖို့ အရေးကြီးတဲ့ အရာ (၅) ခု"

မိသားစုတွေ၊ ချစ်ခင်သူတွေနဲ့ ယခင်ကထက် နွေးနွေးထွေးထွေး နေရမယ့်အချိန်ပါ။

၁- မျှော်လင့်တာတွေ ရပ်
ဘဝက သင်မျှော်လင့်သလို မဖြစ်မှာကို စိုးရိမ်နေတာတွေ ရပ်လိုက်ပါတော့။ အသက် ၃၀ ကျော်ဆိုတာ လေးနက်တဲ့ အတက်အကျတွေများမယ့် ကာလပါ။ လုပ်စရာရှိတာကိုသာ လုပ်သွားရမှာ ဖြစ်ပါတယ်။

၂- နှေးနှေးမှန်မှန်
အလုပ်ချိန်လျော့ရပါမယ်။ အင်တိုက်အားတိုက်နဲ့ လုပ်ရမယ့်အစား စီမံကိန်းကောင်းကောင်း၊ အိုင်ဒီယာကောင်းကောင်းတွေ ကိုင်ပြီး ဖြေးဖြေးမှန်မှန် လုပ်ရမယ့်အချိန်ဖြစ်သွားပါပြီ။ မိသားစုတွေ၊ ချစ်ခင်သူတွေနဲ့ ယခင်ကထက် နွေးနွေးထွေးထွေး နေရမယ့်အချိန်ပါ။

၃- စွန့်စားမှုကိုတော့ မလျော့နဲ့
အသက် ၃၀ ကျော်ရင် ဆုံးဖြတ်ချက်တွေ နှေးကွေး လာတတ်ပါတယ်။ အတွေ့အကြုံတွေကြောင့် သတိထားလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စွန့်စားဖို့ ဝန်မလေးသင့်သေးပါဘူး။ နှစ်ရှည် လုပ်လာခဲ့တဲ့ အလုပ်ကနေ အလုပ်သစ်ပြောင်းတာမျိုးပါ။

၎- ကျန်းမာရေး
ကျန်းမာရေးကို ကြည့်ရမယ့်အချိန်လည်း ဖြစ်ပါတယ်။ ပေပေတေတေ နေလို့ရတယ့်အချိန်တွေ နည်းသွားပါပြီ။

၅-  မထင်နဲ့
အရေးကြီးဆုံးကတော့ ၃၀ ကျော်တာဟာ အိုသွားတာလို့ မထင်မိဖို့ပါပဲ။ ဒါပေမဲ့ သင့်ကိုသင် ယခင်ကထက်တော့ ကန့်သတ်ပြီး နေထိုင်လာရမှာ အမှန်ပါပဲ။

Photos & Source: Lifehack

No comments:

Post a Comment