Monday, March 14, 2016
"ရတ်ဂီတက အရွယ်မတိုင်မီ လိင်ဆက်ဆံရန် တွန်းအားပေး"
"ရတ်ဂီတက အရွယ်မတိုင်မီ လိင်ဆက်ဆံရန် တွန်းအားပေး"
ရတ်ဂီတ နားထောင်လေ့ရှိသည့် ဆယ်ကျော်သက်များ အရွယ်မရောက်မီတွင် လိင်ဆက်ဆံခြင်းနှင့် အရက်သေစာ သောက်စားခြင်းတို့ကို မြည်းစမ်း ပြုလုပ်လေ့ရှိကြောင်း လေ့လာမှုတစ်ခုအရ သိရှိခဲ့ရပြီ ဖြစ်သည်။
ခြောက်တန်းနှစ်တွင် ရတ်သီချင်းများကို နားထောင်လေ့ရှိသူသည် ရှစ်တန်းတွင် လိင်ဆက်ဆံမှုကို ပြုလုပ်ခဲ့ပြီး ဖြစ်နိုင်ခြေများကြောင်း ကျောင်းသား (၄၅၀) ခန့်အား နှစ်နှစ်ကြာ လေ့လာမှုအရ သိရသည်။ အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ် ဟူစတန်ရှိ တက္ကသိုလ် ကျန်းမာရေး သိပ္ပံတက္ကသိုလ်သည် ကျောင်းသား (၄၄၃) ဦးအား နှစ်နှစ်ကြာ လေ့လာခဲ့သည်။
ကျောင်းသားများအား ရတ်သီချင်းများကို မည်မျှ နားထောင်သည်နှင့် သက်တူရွယ်တူများ အသက် (၁၃ မှ ၁၆) နှစ်ကြားတွင် လိင်ဆက်ဆံခြင်း ရှိမရှိ မည်မျှ သိရှိထားသည်တို့နှင့် ပတ်သက်ပြီး မေးမြန်းခဲ့သည်။ တစ်ရက်လျှင် သုံးနာရီနှင့်အထက် ရတ်သီချင်း နားထောင်လေ့ရှိသည့် ကျောင်းသားများသည် ရတ်သီချင်း နားထောင်လေ့မရှိသည့် ကျောင်းသားများထက် နောက်နှစ်နှစ်အကြာတွင် လိင်ဆက်ဆံနိုင်ခြေ (၂ ဒသမ ၆)ဆ ပိုများကြာင်း တွေ့ရှိခဲ့သည်။
အကြောင်းမှာ သက်တူရွယ်တူများ လိင်ဆက်ဆံနေကြောင်း ယုံကြည်ထားသည့် ကျောင်းသားများသည် ၄င်းတို့ကိုယ်တိုင် လိင်နှင့် ပတ်သက်ပြီး လက်တည့်စမ်းနိုင်ခြေ ပိုများခြင်းဖြစ်ကြောင်း သုတေသန ပညာရှင်များက ပြောဆိုခဲ့သည်။ ဆယ်ကျော်သက်များသည် လိင်အကြောင်း တစ်တစ်ခွခွ ရေးသားထားသည့် စာသားများကို ကြားနာရပြီးနောက် သူငယ်ချင်းများ လိင်ကို စိတ်ဝင်စားခြင်း ရှိမရှိကို သိရှိအောင် အားထုတ်လေ့ရှိကြောင်း ပညာရှင်များက ပြောသည်။
သူငယ်ချင်းများက လိင်ကို စိတ်ဝင်စားပါက ၄င်းတို့သည်လည်း လိင်နှင့် ပတ်သက်ပြီး လက်တည့် စမ်းတတ်ကြသည်။ ဆယ်ကျော်သက်အရွယ်တွင် သက်တူရွယ်တူများက လက်ခံပါက ကိုယ်ကလည်း လိုက်ပြီး လက်ခံတတ်ကြောင်း သုတေသနကို ဦးဆောင်ခဲ့သည့် ကင်မ်ဘာလေ ဂျွန်ဆင်-ဘေကာက ပြောဆိုခဲ့သည်။
မွန်ရဲ
Credit: messenger
Labels:
ဗဟုသုတ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment