Wednesday, March 16, 2016
"ရည်းစားတစ်ယောက်ကို ဝေမျှချစ်ကြတဲ့ အမြွှာညီအစ်မ တစ်ပြိုင်တည်း ကိုယ်ဝန်ရဖို့ ကြိုးစားနေ"
"ရည်းစားတစ်ယောက်ကို ဝေမျှချစ်ကြတဲ့ အမြွှာညီအစ်မ တစ်ပြိုင်တည်း ကိုယ်ဝန်ရဖို့ ကြိုးစားနေ"
တစ်ဦးနဲ့တစ်ဦး သိပ်ချစ်ကြတဲ့ အမြွှာညီအစ်မ နှစ်ဦးဟာ ရည်းစားတစ်ယောက်တည်းကိုပဲ အတူတူ ချစ်ကြိုက်ကြတဲ့ အပြင် ညီအစ်မနှစ်ဦးလုံး တစ်ပြိုင်တည်း ကိုယ်ဝန်ရဖို့လည်း ကြိုးစားနေကြပါတယ်။
အန်နာနဲ့ လူစီလို့ခေါ်တဲ့ သူတို့ညီအစ်မနှစ်ဦးက တကိုယ်ရေသုံး ပစ္စည်းအတော်များများကို နှစ်ယောက်အတူတူ သုံးလေ့ရှိပါတယ်။ အိပ်ယာကအစ တစ်ခုတည်း အိပ်တတ်ကြသူတွေပါ။ ရည်းစားထားတာတော့လည်း အမျိုးသား တစ်ဦးကိုပဲ ညီအစ်မ နှစ်ယောက်လုံးက ရည်းစားတော်ထားတာ ဖြစ်ပါတယ်။
သူတို့ညီအစ်မနှစ်ဦးရဲ့ ခန္ဓာကိုယ်နဲ့ ရုပ်ရည်ကိုလည်း တစ်ပုံစံတည်းတူညီအောင် ပေါင် နှစ်သိန်းခွဲလောက် အကုန်အကျခံပြီး ပြင်ဆင်ထားပါတယ်။ ဒီရည်းစားနဲ့အတူတူ နေထိုင်ကြတဲ့ သူတို့ညီအစ်မနှစ်ဦးဟာ ကိုယ်ဝန်ရခဲ့ရင်လည်း တစ်ချိန်တည်းမှာပဲ ရလာဖို့ ကြိုးစားနေကြတာပါ။
အရာရာတိုင်းကို သူတို့ညီအစ်မနှစ်ဦး အတူတူဖြစ်အောင် ကြိုးစားကြပါတယ်။ အစားအသောက်၊ အနေအထိုင်နဲ့ ပတ်ဝန်ကျင်ကအစ အားလုံးအတူတူဖြစ်အောင် ကြိုးစားကြတယ်လို့ သူတို့က ပြောပါတယ်။ ဒီရည်းစားတစ်ယောက်တည်းကို သူတို့နှစ်ဦး အတူတူချစ်လာကြတာ လေးနှစ်ရှိနေပါပြီ။
Source & Photos : Daily Mail
Credit: duwun
Labels:
နိုင်ငံတကာ သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment