Monday, March 28, 2016
"ပထမဆုံး ဒိတ်လုပ်ချိန်မှာ အမျိုးသားတွေ မမှားသင့်တဲ့ အမှား (၆) ခု"
"ပထမဆုံး ဒိတ်လုပ်ချိန်မှာ အမျိုးသားတွေ မမှားသင့်တဲ့ အမှား (၆) ခု"
မိန်းကလေးရဲ့ အထင်ကြီးမှု ရရှိချင်တယ်ဆိုရင်တော့ အောက်ပါအမှားတွေကို မလုပ်မိအောင် သတိထားဖို့ လိုပါတယ်။
သင့်မှာ ဒီပြစ်ချက်တွေ ရှိနေရင်တော့ မိန်းကလေးတွေက တခြား သင့်ရဲ့ ကောင်းကွက်တွေကိုတောင် မစဉ်းစားနိုင်တော့ဘဲ စိတ်အပျက်ကြီး ပျက်သွားနိုင်ပါတယ်။
၁။ ကပ်စေးနှဲခြင်း
ဘယ်မိန်းကလေးမှ ကပ်စေးနှဲသူကို မကြိုက်ပါဘူး။ ပထမဆုံး ဒိတ်လုပ်ချိန်မှာတောင် ပိုက်ဆံသုံးဖို့ လက်တွန့်နေရင်တော့ နောက်တစ်ကြိမ်ဆိုတာ သင့်အတွက် မရှိနိုင်တော့ပါဘူး။
၂။ အဝတ်အစား
ညစ်ပတ်တဲ့ ရှပ်အင်္ကျီ ဒါမှမဟုတ် ပေစုတ်စုတ် ဘွတ်ဖိနပ် ဒါမှမဟုတ် နံစော်နေတဲ့ ခြေအိတ်တို့ကို ဝတ်သွားတာမျိုးကိုလည်း ဘယ်မိန်းကလေးမှ နှစ်သက်မှာ မဟုတ်ပါဘူး။ ပြီးတော့ အဝတ်အစားက ကိုယ်နဲ့ တော်တဲ့အဝတ်အစား ဖြစ်နေသင့်ပါတယ်။ ဂျင်းဘောင်းဘီက အရမ်းကျပ်နေတာ၊ အရမ်းရှည်နေတာ ဒါမှမဟုတ် အရမ်းပွနေတာမျိုး မဖြစ်ပါစေနဲ့။ ထို့အတူ အင်္ကျီကိုလည်း ဂရုစိုက်သင့်ပါတယ်။
၃။ ငွေစကားပြောခြင်း
တချိန်လုံး သူဘယ်လောက် ပိုင်ဆိုင်တယ်၊ ဘယ်လောက်ချမ်းသာတယ် ဆိုတာကို ပြောနေတဲ့ ယောက်ျားမျိုးလောက် မိန်းကလေးတွေကို စိတ်ပျက်စေတာ မရှိပါဘူး။ အောင်မြင်ကျော်ကြားတဲ့ အမျိုးသားတွေကို မိန်းကလေးတွေက သဘောကျကြပေမဲ့ ဒါဟာ သူတို့ဘာသာ သိသွားတာပဲ ဖြစ်သင့်ပါတယ်။ ငါးမိနစ်တစ်ကြိမ် သူမကို သွားပြီး သတိပေးနေစရာ မလိုပါဘူး။
၎။ ရည်းစားဟောင်း
ရည်းစားဟောင်းနဲ့ ပတ်သက်ပြီး ဖြစ်ပျက်သမျှကို ပြောပြတာ ရပါတယ်။ ဒါပေမဲ့ သူမအကြောင်း ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေတာကတော့ သင် ဒိတ်လုပ်တဲ့ မိန်းကလေးအတွက် အတော်လေး ကသိကအောက် နိုင်စေပါတယ်။
၅။ ဆိုးရွားတဲ့အက
ကိုယ့်ကိုယ်ကိုယ်တော့ အကကောင်းတယ်လို့ ထင်ကောင်းထင်မှာပေါ့။ ဒါပေမဲ့ သူနဲ့ ဒိတ်လုပ်တဲ့ညမှာ အတူတွဲပြီးတဲ့နောက် သင့်ရဲ့ကကွက်တွေက ဆိုးရွားနေရင်တော့ သူမရဲ့ စိတ်ကူးယဉ်အိပ်မက်ထဲကို သင် ဘယ်လိုမှ ဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
၆။ တစ်ကိုယ်ရည် သန့်ရှင်းမှု
ချောမွေ့သန့်ပြန့်လွန်းတဲ့ ယောက်ျားတွေထက် နည်းနည်းအကြမ်းဆန်တဲ့သူကို ပိုသဘောကျတတ်ပါတယ်။ ဒါပေမဲ့ မိန်းကလေးတစ်ယောက် နှစ်သက်ဖို့ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိဖို့ လိုသေးတဲ့အတွက် မျက်ချေးတွေ ထွက်နေတာမျိုး၊ နှာခေါင်းထဲက အမွေးတွေ အပြင်ထွက်နေတာမျိုးတော့ မဖြစ်အောင် ဂရုစိုက်သင့်ပါတယ်။
Source & Photos : Life
Credit: duwun
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment