Friday, March 25, 2016

"ကြည့်တာများလျှင် ချစ်စိတ်ဝင်လေ့ရှိ"


"ကြည့်တာများလျှင် ချစ်စိတ်ဝင်လေ့ရှိ"

လူတစ်ဦးကို ကြည့်တာများလာပါက ယင်းလူကို ဆွဲဆောင်မှုရှိသည်ဟု ထင်မြင်လာတတ်ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြလိုက်ပြီ ဖြစ်သည်။ စိတ်ဝင်တစား စိုက်ကြည့်ခြင်းက အမြင်ကို ပြောင်းလဲစေတတ်ကြောင်း ဟားဗတ်တက္ကသိုလ်မှ ဗွိုင်လာ စထိုးမားနှင့် ဂျော့ဂ်ျ အယ်ဗာရက်ဇ်တို့၏ လေလာမှုတွင် ဖော်ပြထားသည်။

ဒါးမတ်ကောလိပ်မှ အာရုံကြော သိပ္ပံပညာရှင် ပီတာဆေ၏ တွေ့ရှိချက်အပေါ် အခြေခံပြီး လေ့လာခဲ့ခြင်း ဖြစ်သည်။ အရာဝတ္ထုတစ်ခုကို ကြာရှည်စွာ စိုက်ကြည့်ပါက ယင်းအရာဝတ္ထု တောက်ပြောင်လာနေကြောင်း အမြင်မှားတတ်သည်ကို ပီတာဆေက ရေးသား ဖော်ပြခဲ့ဖူးသည်။ ဟားဗတ်မှ ပညာရှင်များသည် လူ၏မျက်နှာနှင့် ပတ်သက်၍ ယင်းကဲ့သို့ အမြင်မှားမှုများ ရှိမရှိကို သိချင်ခဲ့သည်။ ပညာရှင်များသည် အလေ့လာခံများအား ကွန်ပျူတာမျက်နှာပြင် ဘယ်နှင့်ညာတွင် ဖော်ပြထားသော လူမျက်နှာ ပုံနှစ်ပုံကို စိတ်ဝင်တစား စိုက်ကြည့်စေခဲ့သည်။

ထို့ပြင် ပညာရှင်များသည် ဓာတ်ပုံတစ်ပုံကိုသာ အာရုံစိုက်ကြည့်စေရန်အတွက် ယင်းဓာတ်ပုံ၏ နံဘေးတွင် အနက်ရောင် အမှတ်တစ်ခုကိုလည်း ထားရှိပေးခဲ့သည်။ အချိန်တော်တော်ကြာ ပြီးနောက်တွင် အလေ့လာခံများအား မည်သည့် မျက်နှာရှင်က ပိုမိုဆွဲဆောင်မှု ရှိကြောင်း မေးမြန်းခဲ့ရာ ၄င်းတို့က အနက်ရောင် အမှတ်ပါသောဘက်အခြမ်းမှ မျက်နှာရှင်သည် ဆွဲဆောင်မှု ပိုရှိကြောင်း ဖြေဆိုခဲ့သည်။ စိုက်ဝင်တစား ကြည့်ရှုခြင်းက လူတစ်ဦး၏ သဘောထားကို ပြောင်းလဲစေကြောင်း ယခု တွေ့ရှိမှုက သက်သေခံနေသည်ဟု ဟားဗတ် ပညာရှင်များက ပြောဆိုခဲ့သည်။

လူလူငြိမ်း

Credit: messenger

No comments:

Post a Comment