Monday, March 14, 2016
"ဆယ်ကျော်သက်အရွယ်ဟာ အခြားအရွယ်တွေထက် စိတ်ဖိစီးမှု အများဆုံးအရွယ်ဖြစ်"
"ဆယ်ကျော်သက်အရွယ်ဟာ အခြားအရွယ်တွေထက် စိတ်ဖိစီးမှု အများဆုံးအရွယ်ဖြစ်"
အထက်တန်းကျောင်း တက်ရတဲ့အချိန်တွေက ပျော်စရာကောင်းသလောက် စိတ်ဖိစီးမှု တော်တော်လေး ခံရတဲ့အချိန်ဆိုတာ အားလုံး သိပြီးသားပါ။ စိတ်လှုပ်ရှားစရာတွေ၊ စိတ်ဖိစီးမှုတွေ၊ စိတ်ပျက်၊ စိတ်ညစ်စရာတွေ တစ်ချိန်တည်း ကြုံတွေ့ရတဲ့ အရွယ်လို့ ဆိုရင်လည်း မငြင်းနိုင်ပါဘူး။ ဒီအချိန်မှာ ကမ္ဘာကြီးတစ်ခုလုံးကို ကိုယ့်ပခုံးပေါ် ထမ်းထားရသလိုကို ပုံစံမျိုးစုံနဲ့ စိတ်ဖိစီးမှု ခံရတာပါ။
လေ့လာမှုတစ်ခုကဆိုရင် ဆယ်ကျော်သက်တွေ ခာံးရတဲ့ စိတ်ဖိစီးမှုတွေဟာ အရွယ်ရောက်ပြီးသား လူငယ်တွေထက် ပိုလို့တောင် များသေးတယ်လို့ ဆိုထားပါတယ်။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ ဆယ်ကျော်သက်တွေမှာ တိကျတဲ့ စိတ်ဖိစီးမှုရယ်လို့ ခေါင်းစဉ်တပ် ခံစားရတာမျိုး မဟုတ်ပဲ အားလုံးကို စုပေါင်းခံစားနေရလို့ပါ။ အရွယ်ရောက်ပြီးသား လူတွေမှာ မိသားစုရေးရာတွေ၊ အလုပ်နဲ့ပတ်သက်တာတွေ၊ ငွေကြေးကိစ္စ၊ အခွန်ကိစ္စ စသဖြင့် ဖိစီးမှုတွေ ရှိတတ်ပေမယ့် ဆယ်ကျော်သက်တွေမှာတော့ ဘာတွေခံစားနေရမှန်းမသိ အားလုံးကို ခံစားနေကြရတာပါ။ စိတ်ပူပန်တတ်တဲ့ အရွယ်လည်း ဖြစ်နေတာမို့ ငါတို့ ဒီစာမေးပွဲပြီးရင် ဘာလုပ်ရမယ်ဆိုတဲ့ ပူပန်မှုတွေကလည်း အများကြီးပါပဲ။ အချစ်ဆိုတာကိုလည်း စတင်ခံစားတတ်လာကြပါပြီ။
ဒီတော့ သင့်ဆီမှာ အဲ့ဒီလို ဆယ်ကျော်သက်လေးအသိတွေ ရှိတယ်ဆိုရင် စိတ်ဖိစီးမှုတွေ လျော့နည်းသွားအောင် သင့်အနေနဲ့ အကြံပေးနိုင်တာက
၁။ လေ့ကျင့်ခန်းလုပ်ဖို့ပါ။
ကိုယ်လက်လှုပ်ရှားခြင်းဟာ သင့်စိတ်မှာ ခံစားနေရတဲ့ ဖိစီးမှုတွေကို လျော့ချပေးနိုင်တဲ့ တစ်ခုတည်းသော အရာဆိုတာ မမေ့ပါနဲ့။ စိတ်သွားတိုင်း ကိုယ်ပါစေဖို့အတွက်လည်း ကိုယ်လက်လေ့ကျင့်ခန်းကို မဖြစ်မနေ လုပ်ပေးသင့်ပါတယ်။
၂။ သဘောကျနှစ်ခြိုက်တဲ့ အရာတွေကို လုပ်ဆောင်ပါ။
စိတ်ဖိစီးမှုတွေ လျှော့ကျနိုင်ဖို့ သင်လုပ်ပေးနိုင်တဲ့ အရာ နောက်တစ်ခုကတော့ သင်သဘောကျတဲ့ အရာတွေကို လုပ်ဆောင်ပေးခြင်းပါ။ စာအုပ်ဖတ်ရတာ ကြိုက်ရင် စာအုပ်ဖတ်ပါ။ ပုံဆွဲရတာ နှစ်ခြိုက်ရင် ပုံဆွဲပါ။ စာရေးရတာ၊ ဒါမှမဟုတ် မုန့်ဖုတ်ရတာ စသဖြင့် ကိုယ့်ဝါသနာပါရာကို လုပ်ဆောင်နိုင်ဖို့ အချိန်ပေးဖြစ်အောင် ပေးလိုက်ပါ။
၃။ တစ်စုံတစ်ယောက်ကို စကားပြောပါ။
သင့်စိတ်ထဲ ဖိစီးမှုတွေ ခံစားနေရတဲ့အခါ သင့်ထက် ကြီးတဲ့အရွယ် ရောက်ပြီးသူ တစ်ယောက်ယောက်၊ ဥပမာ ဆရာ၊ မိဘ၊ အစ်ကို၊ အစ်မ၊ ဦးလေ၊ စတဲ့ သူတွေကို သင်ဘာတွေ ခံစားနေရကြောင်း ပြောပြလိုက်ပါ။ သူတို့က သင်ခံစားရသလိုမျိုး ခံစားဖူးတာကြောင့် သင့်ကို ဘယ်လိုနေထိုင် လုပ်ဆောင်ရမယ်ဆိုတာကို သူတို့က အကြံဥာဏ် ပေးနိုင်ပါလိမ့်မယ်။
ဟန်နီ
Credit: Trend Myanmar
Labels:
ဗဟုသုတ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment