Monday, March 28, 2016

"စိတ်ဖိအား အရမ်းများနေကြောင်း သိစေနိုင်တဲ့ လက္ခဏာရပ် (၇) မျိုး"


"စိတ်ဖိအား အရမ်းများနေကြောင်း သိစေနိုင်တဲ့ လက္ခဏာရပ် (၇) မျိုး"

လူတွေဘ၀မှာ စိတ်ဖိအားဆိုတာ ကုစားရမယ့် အရာပါ။ စိတ်ထဲကို သိမ်းထားတာ ကြာတာနဲ့အမျှ ဖိအားတွေ အရမ်းများပြီး လူဟာ ကြာလာတဲ့အခါ စိတ်ဖိအားဒဏ် မခံနိုင်တော့ပဲ ရူးချင်သလိုလို၊ ကြောင်ချင်သလိုလို ဖြစ်သွားစေနိုင်ပါတယ်။ ဒါကြောင့် အောက်ပါ ကိစ္စလေးတွေ ဖြစ်လာရင် သင့်မှာ စိတ်ဖိအား အရမ်းများနေပြီဆိုတာ သင် သိသင့်ပါတယ်။

၁။ အရမ်းမောပန်းနေတယ်။

တစ်ခါတလေ ဘာမှ မယ်မယ်ရရမလုပ်ရပါဘဲ တစ်စုံတစ်ခုကြောင့် မောပန်းနေတယ်၊ အားပျက်နွမ်းလျှနေတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါဆိုရင် သင့်စိတ်ထဲမှာ ဖိအားတွေ အများကြီး ၀င်နေပြီဆိုတဲ့ လက္ခဏာပါဘဲ။ ဘယ်ကနေ ၀င်လာတဲ့ စိတ်ဖိအားဆိုတာ သိဖို့လိုပါတယ်။

၂။ အိပ်မရဘူး။

စိတ်ဖိအား အရမ်းများတဲ့အခါ လူဟာ ကြောင်တောင်တောင်ဖြစ်ပြီး အိပ်မရတာမျိုးတွေ ရှိတတ်ပါတယ်။ စိတ်ဖိအားတွေဟာ အိပ်ချင်စိတ်ကို ဖြစ်စေတဲ့ ဟိုမုန်းတွေကို တိုက်ဖြတ်ပေးလို့ အိပ်မရဘဲ လူက ခွေနွမ်း နေတတ်ပါတယ်။

၃။ ခဏခဏ ဖျားချင်သလိုလို ဖြစ်တယ်။

ဖိအားတွေကြောင့် အိပ်ပျက်ညတွေ များလာတဲ့အခါမှာ လူ့ကျန်မားရေးကလည်း အစားအသောက်ပုံမှန် စားသူ၊ အိပ်ရေးဝသူတွေနဲ့ မတူနိုင်တော့ပါဘူး။ သင်ဟာ ခဏခဏ ဖျားနာမှုတွေ စတင် ခံစားရပါလိ့မ်မယ်။

၎။ စိတ်နဲ့ ကိုယ်နဲ့ မကပ်ဘူး။

ရည်းစာပူမိနေသူတွေ၊ အသည်းကွဲနေတဲ့ သူတွေဟာ တစ်ခါတလေ လူက ကိုင်ပြီး ဘာဖြစ်နေတာလဲ မေးမှ၊ အသိပြန်ဝင်လာတဲ့ ပုံစံမျိုး တွေ့ဖူးပါလိမ့်မယ်။ စိတ်ဖိအား များသူတွေဟာ အဲဒီလိုပဲ စိတ်နဲ့ကိုယ်နဲ့ မကပ်ဘဲ
ငူငူငိုင်ငိုင်ကြီး ဖြစ်နေတတ်ပါတယ်။

၅။ ခေါင်း နာတာရှည်ကိုက်မယ်။

စိတ်ဖိအားများတဲ့ အခြေအနေရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ အိပ်ရေးပျက်ခြင်း၊ နေမကောင်းဖြစ်ခြင်းတွေရဲ့ နောက်မှာ တိုးလာတဲ့ ရောဂါကတော့ ခေါင်းကိုက်ခြင်း ဖြစ်ပါတယ်။ ခဏခဏ ခေါင်းကိုက်ပါတယ်။ ပျောက်မလား ဆေးသောက်တယ်။ မပျောက်ပါဘူး။ စိတ်ကဖြစ်နေတဲ့ ရောဂါမို့ စိတ် ကြည်လင်သန့်ရှင်းတဲ့အခါ ခေါင်းက ပြန်ကြည်သွားတတ်ပါတယ်။

၆။ ခံစားချက်တွေဟာ အိုဗာဖြစ်လာတယ်။

တစ်ခါတလေ အော်ငိုပစ်လိုက်မိတာတို့၊ ဒါမှမဟုတ် နာနာကျည်းကျည်း ရယ်မိတာတို့တစ်တွေဟာ မြင့်မားတဲ့ စိတ်ဖိအား အခြေအနေကို ပြသပေးပါတယ်။ ဒီအချိန်မှာ အရာရာတိုင်း ခံစားလွယ်ပြီး အရာရာတိုင်းကိုလည်း ပေါက်ကွဲလွယ်ပါတယ်။

၇။ ၀မ်းချုပ်ခြင်း

အလွန်မြင့်မားတဲ့ စိတ်ဖိအားရဲ့ ဆိုးကျိုးနောက်တစ်မျိုးက ၀မ်းချုပ်ခြင်းပဲ ဖြစ်ပါတယ်။ အဓိကအချက်က စိတ်ဖိအားဒဏ်ကြောင့် စားမ၀င် အိပ်မပျော်ဖြစ်တာ ရက်ဆက်များလာတဲ့ အကျိုးပဲ ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးတွေ ဖြစ်လာရင် ကိုယ်ဟာ အလွန်ကြီးမားတဲ့ ဖိအားကြီးအောက်ကို ရောက်နေပြီဆိုတာ သိသင့်ပါတယ်။

နတ်စည်တော် (ShweMOM)

Credit: ShweMOM

No comments:

Post a Comment