Friday, March 25, 2016
"အနာဂတ် ကင်းမဲ့နေတဲ့ အချစ်ရေးရဲ့ လက္ခဏာရပ် (၈) ချက်"
"အနာဂတ် ကင်းမဲ့နေတဲ့ အချစ်ရေးရဲ့ လက္ခဏာရပ် (၈) ချက်"
ချစ်သူတွေ လျှောက်လမ်းတဲ့လမ်းမှာ သာယာဖြောင့်ဖြူးတာတွေ ရှိသလို၊ အဖုအထစ် ခလုတ်ကန်သင်းတွေနဲ့ တွေ့ကြုံရတဲ့ အခါတွေလည်း ရှိပါတယ်။ ဘယ်လို အခြေအနေပဲဖြစ်ဖြစ် ချစ်သူတွေ တွဲလက်မဖြုတ်ပဲ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ တစ်အိုးတစ်အိမ် တည်ထောင်ခြင်းကို အောင်မြင်စွာ လျှောက်လမ်းနိုင်ခြင်းဟာ အချစ်စစ်ရဲ့ အောင်ပွဲဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ အောက်ပါ
အခြေအနေ (၈) ရပ်နဲ့ ရင်ဆိုင်နေရတယ် ဆိုရင်တော့ အချစ်ရေး ရင်လေးစရာပါဘဲ။
၁။ သင့်ကိုအရှိအတိုင်း လက်မခံဘူး။
ချစ်သက်တမ်း ဘယ်လောက်ပဲ ကြာမြင့်သည်ဖြစ်စေ သင့်ရဲ့လက်ရှိ အရှိတရားကို လက်ခံနိုင်တယ်ဆိုမှ သူဟာ သင့်ကို လက်တွဲဖော်အဖြစ် လက်ခံတယ်ဆိုတဲ့ သက်သေ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့လက်ရှိ အရှိတရားပေါ်မှာ သူ ဘယ်လောက် အတိုင်းအတာထိ လက်ခံသလဲဆိုတာ သင် သိထားရပါမယ်။
၂။ သူ့ကို သင်က လက်မခံဘူး။
ဒါကတော့ သင့်စိတ်မှာ မူတည်ပါတယ်။ သူရဲ့လက်ရှိ အရှိတရားကို သင်ဘက်က လက်မခံနိုင်သေးဘူးဆိုရင်တော့ သင်တို့မှာ အနာဂတ်ကင်းမဲ့နေတဲ့ အချစ်လမ်းကို လျှောက်လှမ်းနေတယ်လို့ ဆိုလိုလို့ ရပါတယ်။
၃။ ခက်ခဲတဲ့အခြေအနေမှာ အတူတူလက်တွဲ ရင်ဆိုင်ခြင်း မရှိဘူး။
ချစ်သူတို့ဘ၀ရဲ့ အနှစ်သာရဟာ အခြေအနေဆိုး အမျိုးမျိုးကို ဘယ်လို ညီညီညွှတ်ညွှတ် ရင်ဆိုင်
ဖြတ်ကျော်ခဲ့သလဲဆိုတဲ့ ပေတံနဲ့သာ တိုင်းတာပါတယ်။ တစ်ယောက်က ခက်ခဲတဲ့ အခြေအနေကြားထဲ ရောက်နေတဲ့အခါ အတူလက်တွဲဖေးမဖို့ စိတ်ကူး မရှိဘူးဆိုရင် နီးစပ်ဖို့ ခက်ခဲတဲ့ အချစ်ရေးတစ်ခုပါဘဲ။
၎။ သင့်ရဲ့ လိုအပ်ချက်ဟာ သူနဲ့ တွေ့ဆုံခြင်းမဟုတ်ဘူး။
တစ်နည်းဆိုရရင် သင်ဟာ သူ့ကို တွေ့ဖို့ စိတ်မပါဘူးပေါ့။ ဒါကလည်း အချစ်ရေးမှာ အနုတ်လက္ခဏာ တစ်ခုပဲ ဖြစ်ပါတယ်။ ချစ်သူအချင်းချင်း ဆာလောင်သော မျက်စိနဲ့ မကြည့်ချင်တော့လောက်အောင်အထိ ဖြစ်နေပြီဆိုရင်တော့ ပေါင်းခန်းမပါးတဲ့ ဇာတ်သိမ်းလေးနဲ့ အဆုံးသတ်ရမှာပါ။
၅။ စိတ်သဘောထားချင်း မတိုက်ဆိုင်မှုတွေ များတဲ့အခါ
တစ်ယောက်နဲ့တစ်ယောက် စိတ်သဘောထားချင်း အမြဲတမ်း တိုက်ဆိုင်ဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့်
မိတ်ဆွေသူငယ်ချင်း ဆက်ဆံရေးမှာတောင် သူတို့အလိုကို လိုက်ရတာရှိသလို ကိုယ့်အလိုကိုလည်း လိုက်ရတာ ရှိပါတယ်။ ချစ်သူဘ၀မှာလည်း အဲဒီလိုပါဘဲ။ တစ်ယောက်နဲ့တစ်ယောက် စိတ်သဘောထားချင်း မတိုက်ဆိုင်တာတွေ များလာခြင်းဟာ အချစ်ရေးရဲ့ အက်ကြောင်းတွေ ဖြစ်ပါတယ်။
၆။ အပေးအယူ မညီမျှခြင်း
အချစ်ရေးတစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် အပေးအယူ ညီမျှနေဖို့ လိုပါတယ်။ အပေးချည်း သက်သက်ဆိုရင်လည်း သင်က တစ်ဖက်သက်ချစ်ရာ ရောက်နေတဲ့ ပုံစံ ဖြစ်နေတတ်ပြီး၊ အယူချည်း သက်သက်ဆိုရင်လည်း သင့်အချစ်က အတ္တတွေနဲ့ ရောပြွမ်းနေတယ်လို့ ပြောလို့ရပါတယ်။
၇။ ယုံကြည်မှု ကင်းစင်နေခြင်း
တစ်ယောက်နဲ့တစ်ယောက် မယုံကြည်ရတော့တဲ့ အခြေအနေမျိုး ကြုံနေရတဲ့အခါ ဒါဟာ မကောင်းတဲ့လက္ခဏာပါဘဲ။ ဒါမှမဟုတ် တစ်ယောက် ဘာလုပ်တယ်၊ ဘာဖြစ်တယ်၊ ဘယ်သွားတယ် ဆိုတာကို
စိတ်မ၀င်စားတော့တဲ့ အခါမျိုးမှာလည်း အချစ်နဲ့ပတ်သက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ လက္ခဏာရပ်ပါ။
၈။ ရေရှည်အလားအလာကို မမြင်ဘူး။
သူနဲ့သာ လက်ထပ်လိုက်ရရင် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာမှာ ဘယ်လို ကောင်းကျိုးချမ်းသာတွေ ခံစားရလိမ့်မယ်လို့ သင့်မှာ မျှော်လင့်ချက် မရှိဘူးဆိုရင်လည်း သင်တို့အချစ်ရေးဟာ အတော်လေးကို အေးစက်တဲ့ အခြေအနေပါဘဲ။
နတ်စည်တော် (ShweMOM)
Credit: ShweMOM
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment