Tuesday, March 29, 2016
"ကောာင်မလေးတွေ အထင်မကြီးတဲ့ ယောက်ျားလေးတွေ Social Media ပေါ် တင်သောအရာများ"
"ကောာင်မလေးတွေ အထင်မကြီးတဲ့ ယောက်ျားလေးတွေ Social Media ပေါ် တင်သောအရာများ"
လူမှုကွန်ယက် မီဒီယာကို ကောင်းကောင်း အသုံးချတတ်တယ်ဆိုပြီး ကိုယ့်ရဲ့အပြုအမူတွေ မှန်ကန်တယ်လို့ မယူဆပါနဲ့။ တစ်ခါတလေ ငါ့ wall ပေါ် ငါတင်ချင်တာ တင်မှာ၊ ဒါ ငါ့လွတ်လပ်ခွင့် ဆိုပြီး လူတွင်ကျယ် လုပ်လိုသူတွေလည်း ရှိပါတယ်။ မည်သို့ပင်ဆိုစေကာမူ ကိုယ့်အပြုအမူဟာ ကောင်မလေးတစ်ယောက်ကို သူ ခိုက်လာမလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုမူတာဆိုရင်တော့ အောက်ပါအချက် (၆) ချက်ကို ရှောင်သင့်ပါတယ်။
၁။ ၀င်ငွေကောင်းတဲ့အလုပ်မှန်း သိစေချင်တာ
တစ်ချို့တစ်တွေက ရိုက်မစစ်ရပါဘဲ ကိုယ် လစာ ဘယ်လောက်ရကြောင်း၊ ရာထူး ဘယ်လောက်ကြီးကြောင်း ကြွားတာ စတဲ့ အပြုအမူတွေဟာ ပေါတောတောဆန်လှပြီး အမြော်အမြင်ရှိတဲ့ မိန်းကလေးတွေရဲ့ မျက်မုန်းကျိုးခြင်းကို ခံရတတ်ပါတယ်။
၂။ RS ရှိကြောင်းတင်တာ
ဒါကတော့ ဘယ်ကောင်မလေးဖြစ်ဖြစ် သေချာတာကတော့ RS တင်တဲ့သူကို ချဉ်းကပ်ဖို့ ကြိုးစားတော့မှာ မဟုတ်ပါဘူး။ တစ်ချို့က ကောင်မလေးက တင်ဖို့ ဖိအားပေးလို့ တင်ရတာမျိုးလည်း ရှိတတ်ပါတယ်။ မည်သို့ပင်ဆိုစေကာမှု ဒီတစ်ချက်နဲ့ လာဘ်ပိတ်သွားပါပြီ။
၃။ ရာဇ၀တ်မှုနဲ့ မကင်းတဲ့ အပြုအမူတွေ
ဒါကတော့ အတော်လေး ဉာဏ်နည်းတဲ့ အမျိုးသားတွေသာ လုပ့်လေ့ရှိပါတယ်။ တစ်ခါလေ မူးယစ်ဆေးသုံးနေတဲ့ ပုံတွေ တင်တတ်ပါတယ်၊ တစ်ခါတလေ ရန်ပွဲတစ်ခုမှာ ပါဝင် ပတ်သက်တာမျိုးတွေ တင်တတ်ပါတယ်၊ တစ်ခါတလေ ချစ်သူနဲ့ အဆင်မပြေလို့ လက်က သွေးပြန်ကြောကို ဓားနဲ့လှီးမိတယ် ဆိုတဲ့ ပုံစံမျိုးလည်း တင်တတ်ပါတယ်။ ဒါတွေက ကောင်မလေးတွေ အမှတ်ပေးမပေး မသေချာပေမယ့် ရဲကသိရင် ချက်ချင်း တန်းကွိနိုင်တဲ့ ကိစ္စမျိုးပါ။
၎။ ကြောင်တောင်တောင် ပုံတွေတင်တာ
အားလုံးလည်း ကြုံဖူးပါလိ့မ်မယ်။ ပိန်ကပ်နေတဲ့ စန္ဒယားခလုတ်ပုံစံ နံရိုးလေးတွေ လူမြင်အောင်၊
မဲပြာပြာအသားအရေကို မစို့မပို့ ဓာတ်ပုံပညာနဲ့ ပြင်ပြီး လူမြင်ကွင်းတင်တာ၊ အင်္ကျီတုံးလုံးချွတ်ပြီး
မိုက်ကယ်လိုလို ဘာလိုလိုလုပ်တာ၊ တက်တူးပရဗွနဲ့ အကောင်လုပ်တာမျိုးတွေကို ထက်မြတ်တဲ့ ကောင်မလေးတွေက အထင်ကြီးလေ့ မရှိပါဘူး။
၅။ အပြာကား အပြာဆိုဒ်တွေကို like လုပ်ထားတာ
တစ်ချို့က ကိုယ့်ဘာသာ like လုပ်တာ ဘယ်သူသိမှာလဲလို့ တွေးတဲ့သူ ရှိပါတယ်။ အမှန်တော့ လူမှုကွန်ယက်ရဲ့ သဘောတရားကိုက တစ်ယောက်နဲ့တစ်ယောက် တစ်နည်းနည်းနဲ့ အဆက်အသွယ်ရှိနေအောင် လုပ်ထားခြင်း ဖြစ်ပါတယ်။ ဥပမာ သင်နဲ့ Mg Phyu သူငယ်ချင်း ဖြစ်နေတယ်။ Mg Phyu က မကောင်းတဲ့ 18+ Page တစ်ခုကို Like ထားတယ်ဆိုရင် သင့် Wall ပေါ်မှာ သင့်သူငယ်ချင်း Mg Phyu ကတော့ ဒီ Page ကို Like လုပ်ထားတယ်။ သင်လည်း Like လုပ်ချင် လုပ်နိုင်တယ် ဆိုတဲ့ Imformation လာပေးပါတယ်။ ဒါမျိုး ကောင်မလေးတွေ သိသွားရင် စဉ်းစားသာ ကြည့်ပေတော့။
၆။ အသည်းခွဲခဲ့တာကို ဂုဏ်ယူစွာနဲ့ တင်တာ
ဘယ်မိန်းကလေးကမှ သူတို့နဲ့ ဘ၀တူ ကောင်မလေးတစ်ယောက် အသည်းခွဲခံရတာကို လက်ခုပ်တီး အားပေးတဲ့သူ ရှိမှာမဟုတ်ပါဘူး။ ရှိရင်လည်း ဒီကောင်မလေး တော်တော် ကိုယ်ချင်းစာစိတ် နည်းသူပဲလို့ မှတ်ချက်ပြုရမှာပါ။ ဒါကို ကိုယ်က ဂုဏ်ယူဝင်ကြွားစွာနဲ့ ဘယ်နေ့ကတော့ ဘယ်
ကောင်မလေးကို ဘယ်လို ဇာတ်လမ်း သိမ်းလိုက်တာ စသဖြင့် သွားဖောင်းရင် မျက်နှာမရ ခြေထောက်ရ ဖြစ်မှာပါ။
နတ်စည်တော်(ShweMOM)
Credit: ShweMOM
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment