Wednesday, March 30, 2016

"အထိုင်များခြင်းရဲ့ ကျန်းမာရေးဆိုးကျိုး"


"အထိုင်များခြင်းရဲ့ ကျန်းမာရေးဆိုးကျိုး"

တစ်ခါတလေ လုပ်ငန်းထဲမှာ ဈာန်ဝင်နေတဲ့အခါ အချိန်ကြာမြင့်စွာ ထိုင်ပြီး အလုပ်လုပ်မိနေတာကို သတိမမူ မိတတ်ကြပါဘူး။ တစ်ခါတလေကျတော့လည်း လုပ်ငန်းသဘောအရ ထိုင်ပြီးအလုပ်လုပ်ရတဲ့သူတွေ ရှိသလို၊ အကြောင်းမဲ့ အကြာကြီး ထိုင်မိတဲ့သူတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် အချိန်ကြာမြင့်စွာ အထိုင်ကြာတဲ့အခါ ခန္ဓာကိုယ်မှာ သက်ရောက်လာမယ့် ဆိုးကျိုးတွေကို ဖော်ပြပေး လိုက်ပါတယ်။

၁။ အစာခြေစနစ်နှေးကွေးခြင်း

ဝမ်းဗိုက်ထဲမှာ ရှိတဲ့ အစာတွေဟာ လှုပ်ရှားမှုများလေ အစာကြေညက်လွယ်လေ ဖြစ်ပါတယ်။ ထိုင်နေတဲ့အခါမှာ အလွန်ငြိမ်တဲ့ ဣရိယာပုဒ်ကြောင့် အစာခြေစနစ်ကို ကောင်းစွာ မထောက်ပံနိုင်ပါဘူး။ မြန်မာဆိုရိုးစကားလေးလည်း ရှိသားပဲ။ ၀မ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး ဆိုတာလေ။ ဒီတော့ အစာခြေစနစ် မကောင်းတာနဲ့အမျှ အခြားကျန်းမာရေး ဆိုကျိုးတွေကိုလည်း လက်ခံရတော့တာပါဘဲ။

၂။ ကိုယ်နေဟန်ထား ပြဿနာ

လူခန္ဓာကိုယ်ဖွဲ့စည်း တည်ဆောက်ပုံအရ လျှောင်း၊ ထိုင်၊ ရပ်၊ သွား စတဲ့ လုပ်ငန်းတွေကို မျှတစွာ လုပ်ပေးရပါတယ်။ ဒါမှလည်း ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ အဲဒီလိုမဟုတ်ပဲ တစ်ခုတည်းသာ အချိန်ကြာမြင့်စွာ လုပ်ရင် ခန္ဓာကိုယ်ရဲ့ ကြွက်သားစိုင်တွေမှာ ပြဿနာတွေ ပေါ်လာတော့တာပါဘဲ။ အထိုင်ကြာတဲ့အခါမှာလည်း ပုခုံး၊ လည်ပင်း၊ ကြောရိုးတို့မှာ ညောင်းညာကိုက်ခဲခြင်း စတဲ့ ဝေဒနာတွေ ခံစားရပါတော့တယ်။ အမျိုးသားတွေမှာ အဖြစ်များတဲ့ အူကျရောဂါလည်း ဖြစ်နိုင်ချေ ပိုရှိပါတယ်။

၃။ ခြေထောက်ကြွက်သားများ ကစဥ့်ကလျား ဖြစ်ခြင်း

အထိုင်ကြာလာတော့ သွေးလည်ပတ်မှုလည်း မကောင်းပါဘူး၊ အရိုးတွေကို အားနည်းစေနိုင်သလို၊ သွေးခဲပမာဏ ဖြစ်ပေါ်မှုကိုလည်း ဦးတည်စေပါတယ်။ ခြေထောက် ကြွက်သားတွေ ဖောရောင်ခြင်းနဲ့၊ ခြေထောက်တွင်း သွေးပြန်ကြောတွေကို ဖူးရောင်စေပါတယ်။ အဆိုးဝါးဆုံး အခြေအနေအဖြစ် အရိုးရောဂါတွေကိုလည်း ရစေနိုင်ပါတယ်။ ထိုင်တာက အကြောင်းမဟုတ်ပါဘူး။ အလုပ်လုပ်ရင်လည်း ထိုင်လိုက်၊ လမ်းလျှောက်လိုက် လုပ်တာက ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

၎။ ကြွက်သားများ အားနည်းခြင်း

ယေဘုယျအားဖြင့်တော့ တက်တက်ကြွကြွနေလေ ကျန်းမာသန်စွမ်းဖို့ အလားအလာ ပိုရှိလေပါဘဲ။
လှုပ်လှုပ်ရှားရှား နေခြင်းဟာ တက်ကြွမှုရဲ့ အခြေခံပါ။ အထိုင်များတဲ့အခါ စိတ်ပိုင်း၊ ရုပ်ပိုင်း တက်ကြွမှု အလွန်နည်းသွားပြီး ကြွက်သားတွေကို ဒုက္ခပေးပါတော့တယ်။ အထိုင်များတဲ့အခါ တက်ကြွမှုနည်းတဲ့ ကြွက်သားတွေကို အားနည်းစေပြီး ခန္ဓာကိုယ်တစ်ခုလုံး ချိနဲ့စေပါတယ်။

ဒီပြဿနာတွေကို ဘယ်လိုကာကွယ်မလဲ … ?

၁။ ခြေထောက်ကြွက်သားတွေ ကောင်းမွန်စေပြီး နှလုံးခုန်နှုန်းနဲ့ သွေးလည်ပတ်မှုကို မှန်ကန်စေဖို့
လှေကားစသည်ကို တက်ပေးပါ။

၂။ လမ်း များများလျှောက်ပေးပါ။

၃။ စကားနဲ့ သွားပြောလို့ရတာတွေကို မေးလ်ပို့ခြင်း၊ ဖုန်းနဲ့စာပို့ခြင်း မပြုဘဲ သွားပြောပါ။

၎။ လက်တင်မပါတဲ့ ကုလားထိုင်ကို အသုံးပြုပါ။ (သင့်ခန္ဓာကိုယ်ကို မက်မက်ထိုင်စေနိုင်လို့)

၅။ တစ်နာရီ ထိုင်ပြီးတိုင်း 10 မိနစ် လမ်းလျှောက်ပါ။

၆။ ထိုင်တဲ့အခါ ခြေထောက်အောက်မှာ ဖျာတစ်ခုခု ခင်းထာတာထက် အမာဘုလေးတွေပါတဲ့
ကျန်းမာရေး ခြေနင်းကို ထားပါ။

နတ်စည်တော် (ShweMOM)

Credit: ShweMOM

No comments:

Post a Comment