Tuesday, March 29, 2016
"အွန်လိုင်းပေါ်မှာ ချစ်သူရှာဖို့ စိတ်ကူးသူတိုင်း လိုက်နာသင့်တဲ့ (၈) ချက်"
"အွန်လိုင်းပေါ်မှာ ချစ်သူရှာဖို့ စိတ်ကူးသူတိုင်း လိုက်နာသင့်တဲ့ (၈) ချက်"
အင်တာနက် မီဒီယာခေတ်ကြီးမှာ လူတိုင်းနီးပါး လူမှုကွန်ယက်နဲ့ နီးစပ်လာခဲ့ပါပြီ။ အချို့သော လူငယ်တွေအတွက်တော့ ဖူးစာရှာဖို့ အကောင်းဆုံး ကွန်ယက်ကြီး ဖြစ်သလို ချစ်သူ ဖြစ်သွားကြသူတွေထဲမှာလည်း အဆင်ပြေတာရှိသလိုအပြင် မျှော်လင့်ထားတဲ့ အချက်တွေနဲ့ တစ်ခြားဆီဖြစ်နေလို့ အဆင်မပြေတာတွေလည်း ရှိကြပါတယ်။ ဒါကြောင့် လူမှုကွက်ယက်မှာ ချစ်သူရှာတောမယ့်ဆိုရင် အောက်ပါ အချက် (၁၀) ချက်ကို လိုက်နာသင့်ကြောင်း အကြံပေးချင်ပါတယ်။
၁။ ရိုးသားပါ
လူတစ်ယောက်နဲ့တစ်ယောက် ရင်းနီးဖို့အတွက် အယောင်ဆောင်ထားတဲ့ ရိုးသားမှုဟာ အလုပ်ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကြာရှည်မခံပါ။ သင် မရိုးသားကြောင်းသာ သိသွားရင် သင့်ကို ချစ်ခင်တဲ့သူတွေကို မလွဲမသွေ ဆုံးရှုံးရတော့မယ်ဆိုတာ သတိချပ်ပါ။
၂။ အစစ်အမှန် ဖြစ်ပါစေ
လူမှုကွန်ယက်မှာ လူတစ်ချို့ရဲ့ စိတ်ထားက ကြောက်စရာ ကောင်းပါတယ်။ ငါနဲ့ အပြင်မှာမှ မသိတာ ဘာအားနာစရာလိုလဲ ဆိုတဲ့ သဘောနဲ့ ကြမ်းတမ်းတဲ့ အညှီအနောက်စကားတွေ၊ ညစ်ညမ်းပုံတွေ ပို့ပြီး နှောက်ယှက်တတ်ပါတယ်။ ဒီတော့ ဘယ်သူ့ကိုပဲ ချဉ်းကပ်သည်ဖြစ်စေ ကိုယ့်မှာ ဖြစ်သမျှ/ ရှိသမျှ ပွင့်လင်းမြင်သာ ဖြစ်ဖို့ လိုပါတယ်။
၃။ ဖန်တရာတေနေသော လက်သုံးစကားတွေကို ရှောင်ကြဉ်ပါ
ညစ်ညမ်းတဲ့ စကားတွေ၊ ပေါက်လွှတ်ပဲစား ပြောတာတွေ၊ တကယ်မဟုတ်တဲ့ ဘရုတ်သုက္ခရာထူး၊ စည်းစိမ်တွေကို အွန်လိုင်းပေါ်မှာ တကယ်ရှိသယောင် လုပ်တာမျိုးကို ရှောင်ကြဉ်ပါ။ အခုခေတ်မှာ လိမ်ရင်လည်း ခဏ ပေါ်တတ်ပါတယ်။
၎။ တိကျတဲ့ သက်မှတ်မှုမျိုး ထားပါ
အချို့ အွန်လိုင်းလူလည်များက Facebook Acc လေးငါးခု၊ အခြား Chat လို့ရတဲ့ Acc လေးငါးခုနဲ့ အွန်လိုင်းပေါ်မှာ ရည်စားတွေ မှုလိုပေါက်အောင် ထားကာ လူတွင်ကျယ် လုပ်နေတာ ရှိပါတယ်။ အလွန်ရှက်စရာကောင်းတဲ့ အပြုအမူမျိုးဖြစ်ပြီး ကိုယ့်ရဲ့ ကတိမတည်မှုကို ဖော်ပြထားရာ ရောက်ပါတယ်။ ဂုဏ်ယူစရာမဟုတ်ဘဲ ဂုဏ်ယူနေတာမျိုးတောင် ရှိပါသေးတယ်။ ကိုယ်ချဉ်းကပ်လိုတဲ့ သူတစ်ယောက်ကိုသာ တိတိကျကျ သက်မှတ်ပြီး ချဉ်းကပ်ပါ။
၅။ ဖော်ရွေပါ
တစ်ယောက်နဲ့တစ်ယောက် တစ်နည်းနည်းနဲ့ ဆက်စပ်နေနိုင်ပါတယ်။ တစ်ယောက်ကို အပူ၊ တစ်ယောက်ကို အအေး လုပ်လို့မရပါဘူး။ ကိုယ့်စိတ်မူမမှန်တာ သူတို့သိသွားရင် ရှက်စရာပါ။
၆။ တိုတောင်းပြီး ချစ်ဖွယ်ရာကိုသာ ပြောဆိုပါ
စကားလုံးတွေမှာ စွမ်းအားတွေ ပါဝင်ပါတယ်။ စကားကြောရှည်နေရင် ဟိုဘက်က ဖုန်းဘေလ်ကုန်လှပြီဆိုပြီး စိတ်ခုတတ်ပါတယ်။ ဒါကြောင့် တိုတိုနဲ့ လိုရင်းရောက်နိုင်မယ့် စကားလုံးတွေကိုသာ ရှာကြံပြောဆိုပါ။
၇။ ပုံကောင်းကောင်း ရွေးချယ်ပါ/ ပုံမှန် ပုံချိန် ပုံတင်တဲ့အလုပ်ကို လုပ်ပါ
Pro Pic အတွက်ပဲ ဖြစ်ဖြစ်၊ Post တင်ဖို့အတွက်ပဲ ဖြစ်ဖြစ် မိမိသဘောကျ နှစ်သက်တဲ့၊ အများအမြင်မှာလည်း လက်ခံနိုင်တဲ့ ပုံမျိုးကို ရွေးချယ်ပြီးတင်ပါ။ ယဉ်ကျေးမှုကို ထင်ဟပ်စေတဲ့ ပုံလေးတွေဆို ပိုကောင်းပါတယ်။ ပုံမှန် Pro Pic Change တာမျိုး လုပ်ပေးပါ။ အရမ်းကြီး များရင်လည်း မကောင်းပါဘူး။
တစ်ပတ်တစ်ခါ၊ တစ်လ သုံးခါလောက်ဆို သင့်တော်ပါတယ်။
၈။ ချက်ချင်းပြန်စာရေးပါ
ကိုယ် crush နေတဲ့ သူက စာပို့တဲ့အခါ ချက်ချင်း စာပြန်နိုင်အောင် ကြိးစားပါ။ ဒါဟာ သူ့ကို လေးစား တန်ဖိုးထားရာရောက်ပြီး ကိုယ့် Roll ကိုလည်း မြှင့်တင်ပေးနိုင်ရာ ရောက်စေပါတယ်။
နတ်စည်တော် (ShweMOM)
Credit: ShweMOM
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment