Wednesday, March 30, 2016

"ချစ်သူကောင်မလေးကို ပေးထားသင့်တဲ့ ကတိ (၈) ခု"


"ချစ်သူကောင်မလေးကို ပေးထားသင့်တဲ့ ကတိ (၈) ခု"

ကတိဆိုတာ သစ္စာပါဘဲ။ ချစ်သူဘ၀မှာ သစ္စာတရားဟာ အရေးကြီးလှပြီး ဘ၀နှစ်ခု တည်ဆောက်ချိန်ထိ ယုံယုံကြည်ကြည် သိမ်းနိုင်လေ အကျိုးရှိလေပါဘဲ။ ကတိပေးခြင်းဟာ ထိန်းချုပ်ခံရဖို့ မဟုတ်ဘဲ ကိုယ်ဟာ သူ့အပေါ်မှာ ဘယ်လိုပုံစံနဲ့ ချစ်တယ်ဆိုတာကို ပြရာလည်း ရောက်ပါတယ်။ ချစ်သူဘ၀ကို ရေရှည်လက်တွဲလိုသူတွေအတွက် ရည်ရွယ်ပြီး ချစ်သူကောင်မလေးကို ဘယ်လိုကတိမျိုးလေးတွေ ပေးထားသင့်တယ်ဆိုတာ အောက်ပါ (၈) ချက်နဲ့ အကြံပြုလိုက်ပါရစေကြောင်း …။

၁။ အပြစ်မရှာပါဘူး

အချို့သောသူတွေက အပြစ်မရှိ အပြစ်ရှာတတ်ပါတယ်။ တကယ်ချစ်လို့ လုပ်ကြတဲ့သူတွေ ရှိနိုင်သလို ချစ်တယ်ဆိုတဲ့
ခေါင်းစဉ်အောက်မှာတော့ ဒါဟာ ကွဲလွဲမှုကြီးတစ်ခု ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ချစ်သူကို အပြစ်မရှာပါဘူး ဆိုပြီး ကတိပေးခြင်းဟာ သူ့ကို လုံခြုံမှုရှိစေပြီး သင့်ကိုယ်သင်လည်း လိပ်ပြာ သန့်စေပါလိမ့်မယ်။

၂။ ကြိုက်တဲ့အချိန် စစ်ဆေးပါ

ကိုယ့်ချစ်သူကောင်မလေး သံသယရှင်းစေဖို့ ကြိုက်တဲ့အချိန် စစ်ဆေးခွင့် ပေးလိုက်ပါ။ ဥပမာအားဖြင့် သူတို့တစ်တွေဟာ ယောက်ျားလေးတွေရဲ့ ဖုန်းကို စပ်စုလေ့ရှိပြီး သိပ်ပြီး အပန်းမကြီးဘူးဆိုရင် သင့် acc ရဲ့ password ကိုတောင် ပေးထားသင့်ပါတယ်။ သင်ကိုယ်တိုင်က တစ်ခြား personal ကင်းရင်ပေါ့။

၃။ အဖြေမရခင်က ပုံစံအတိုင်း ကြိုးစားပါ့မယ်

အချို့ကောင်လေးတွေက အဖြေမရခင်တော့ သဲသဲလှုပ်ပါဘဲ။ နောက်များမှ အချိုးတွေ ပြောင်းလာပြီး ချစ်သူကောင်မလေးအပေါ် နိုင်စားတာ/ ဂရုမစိုက်တာတွေ ရှိလာတတ်ပါတယ်။ ဒီတော့ သူမကို အဖြေမပေးခင်က ပုံစံအတိုင်း ကြိုးစားအားထုတ်မှု မလျှော့ပါဘူးလို့ ပြောကြည့်ပါ။ သူ ပျော်သွားပါလိမ့်မယ်။

၎။ ဘယ်တော့မှ အရှုံးမပေးဘူး

နှစ်ကိုယ်နီးဖို့ ဆန့်ကျင်နေတဲ့သူတွေ၊ လောကဓံ အနှောက်အယှက်အမျိုးမျိုး၊ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရမှုတွေ၊ အအပြိုင်အဆိုင် လူ့သဘောတွေကို ဘယ်တော့မှ ဒူးထောက် အရှုံးမပေးဘဲ ချစ်သူဘေးမှာ ရဲရဲ ရင်ဆိုင်ပေးပါ့မယ်ဆိုတဲ့ ကတိကိုလည်း ပေးလိုက်ပါ။

၅။ အရေးကြီးတာတွေကို မေ့မထားပါဘူး

ချစ်သူတွေဘ၀မှာ အရေးကြီးတာတွေ အများကြီးရှိပါတယ်။ သာမာန်လူတွေအတွက် ရေးကြီးခွင်ကျယ် မဟုတ်တာတွေဟာ ချစ်သူဘ၀မှာ ရေကြီးခွင်ကျယ် ဖြစ်နေတတ်ပါတယ်။ ဥပမာ ချစ်သူဖြစ်တဲ့နေ့၊ ချစ်သူမွေးနေ့၊ ဘာအစားအစာကို ကြိုက်တယ်၊ ဘယ်အရောင်ကို ရှောင်တယ် စသည်တို့ကို အမှတ်ရနေခြင်းဟာ ချစ်သူကို တန်ဖိုးထား လေးစာခြင်းလည်း မည်ပါတယ်။

၆။ အမြဲဂရုစိုက်ပါ့မယ်

လူတစ်ယောက်ကို အချိန်ပြည့် ဒေါက်ထောက် ကြည့်နိုင်ဖို့ဆိုတာတော့ ခဲယဉ်းပါတယ်။ လုပ်နိုင်တဲ့သူလည်း ရှားပါတယ်။ ဒါပေမယ့် မိန်းကလေးဆိုတာ ဒီလို ကတိမျိုးပေးရင် သိပ်ကျေနပ်ကြတယ် မဟုတ်လား။ ဒီတော့ အမြဲဂရုစိုက်ပါ့မယ် ဆိုတဲ့ စကားဟာ အချိန်ပြည့် ဂရုမစိုက်နိုင်သည်ထားဦး ထိရောက်မှုတွေ ရှိပါတယ်။

၇။ ခြေမရှုပ်ပါဘူး

မိန်းကလေးတွေ အစိုးရိမ်ဆုံးကတော့ နောက်တစ်ယောက် တွေ့သွားမှာကိုပါ။ ဒီစိုးရိမ်စိတ်ဟာ ဘယ်အချိန်ထိလဲဆိုရင်
အိုမင်းမစွမ်း ဖြစ်တဲ့အချိန်ထိပါဘဲ။ ဒါကြောင့်မို့ ခြေမရှုပ်ပါဘူးလို့ ကတိပေးခြင်းဟာ မပိုပါဘူး။ စောစောကလို ဖုန်းတွေ၊ လူမှုကွန်ယက်တွေ စစ်ဆေးခွင့် ပေးခြင်းဟာလည်း ဒီအထဲမှာ အကြုံးဝင်ပါတယ်။

၈။ ၀မ်းနည်းချိန်မှာ ထွေးဖက်ထားမယ်

ကောင်မလေးတွေ ၀မ်းနည်းတဲ့အခါ အရင်ဆုံး ချစ်သူရဲ့ ရင်ခွင်ထဲမှာ အားရပါးရ ငိုခြင်းဖြစ်ပါတယ်။ ဒီတော့ သူတို့ ၀မ်းနည်းတဲ့အခါ သက်ဆိုင်သူတွေကို တမ်းတတတ်ပြီး သူသာ ငါ့ဘေးမှာရှိနေရင် အားရပါးရ ဖက်ပြီး ငိုချလိုက်ချင်ရဲ့ လို့ တောင့်တတတ်ပါတယ်။ သူဝမ်းနည်းတဲ့အခါ သင့်ရင်ဘတ်ဟာ မျက်ရည်ပင်လယ်ကြီးပေါ့လေ။

နတ်စည်တော် (Shwemom)

Credit: Shwemom

No comments:

Post a Comment