Monday, March 21, 2016
"သူ့အချစ်တွေ မပျက်ပြယ်သေးဘူးဆိုတာ သိနိုင်တဲ့အချက် (၇) ချက်"
"သူ့အချစ်တွေ မပျက်ပြယ်သေးဘူးဆိုတာ သိနိုင်တဲ့အချက် (၇) ချက်"
အချိန်နဲ့ အသက်အရွယ်သာ ပြောင်းလဲသွားမယ်။ သူကတော့ သင့်ကိုချစ်နေတုန်းပါပဲ။
တချို့အချစ်တွေက အသက်အရွယ် အိုမင်းလာတဲ့အခါ ပျက်ပြယ်သွားတတ်သလို အချို့တွေကတော့ အချိန်ကြာလို့ ငြီးငွေ့သွားကြပါတယ်။ ဒီလိုမဟုတ်ဘဲ အချိန်နဲ့ အသက်အရွယ်ကို အံတုလို့ မြဲမြံတဲ့ အချစ်တွေလည်း ရှိတတ်ပါသေးတယ်။ အချစ်စစ် အချစ်မှန်ဆိုတာ လွယ်လွယ်နဲ့ မပျက်ပြယ်နိုင်ပါဘူး။ ဒီအချက်တွေနဲ့ ကိုက်ညီနေရင်တော့ သူဟာ သင့်ကို ချစ်ခင် မြတ်နိုးနေတုန်းပဲဆိုတာ နားလည်လိုက်ပါ။
၁။ လူကြားထဲမှာ သင့်လက်ကို တွဲထားတုန်းပဲ
၂။ မကြာခဏ ဆိုသလို ပွေ့ဖက်တယ်။
၃။ ချစ်စနိုးမှည့်ထားတဲ့ နာမည်လေးကို ခေါ်ဝေါ်နေတုန်းပဲဆိုရင်လည်း သူ့အချစ်က တစ်စက်လေးမှ မလျော့ပါးသေးပါဘူး။
၎။ သင်အကြိုက်ဆုံးအရာတွေကို မှတ်မိနေတယ်။ သင့်အတွက် ယူဆောင်လာပေးတယ်။ ဥပမာ သင်ကြိုက်တဲ့ အစားအစာတို့လိုမျိုးပေါ့။
၅။ တစ်ခါတစ်ရံမှာ အလုပ်ထဲကနေ ဖုန်းခေါ်လေ့ရှိတယ်။ ဘာရယ်မဟုတ်ဘဲ အကြောင်းပြချက် တိတိကျကျမရှိဘဲ ဖုန်းခေါ်တယ်ဆိုရင် သင့်ကို အလုပ်လုပ်နေရင်း လွမ်းလာလို့ပါ။
၆။ မနက်ခင်းနှုတ်ဆက်တာမျိုး၊ ညမအိပ်ခင် နှုတ်ဆက်တာမျိုးတွေ ပြုလုပ်နေတုန်းပါပဲ။ Good Morning , Good Night ဆိုတဲ့ စကားတွေဟာ ဘယ်လောက်ပဲ ရိုးရှင်းပါစေ အဓိပ္ပာယ်ရှိနေဆဲပါ။
၇။ သင်ကြည့်ချင်တဲ့ ရုပ်သံလိုင်း ဒါမှမဟုတ် ရုပ်ရှင်ကို အတူတူ လိုက်ကြည့်ပေးတယ် ဆိုရင်လည်း သင့်ကို အလျော့ပေး အလိုလိုက်နေဆဲဆိုတာ နားလည်လိုက်ပါ။
Source : Huff Post
Credit: duwun
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment