Wednesday, March 16, 2016

"အာလူးကို ရေခဲသေတ္တာထဲ ဘာကြောင့် မထားသင့်တာလဲ"


"အာလူးကို ရေခဲသေတ္တာထဲ ဘာကြောင့် မထားသင့်တာလဲ"

ဈေးကဝယ်လာတာတွေကို လတ်လတ်ဆတ်ဆတ် ရှိစေဖို့ ရေခဲသေတ္တာထဲမှာ ထားတတ်ကြပါတယ်။ ဒါပေမဲ့ မထားသင့်တဲ့ ပစ္စည်းတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ အာလူးပါ။ အာလူးကို ရေခဲ့သေတ္တာထဲ ထည့်ထားမယ်ဆိုရင် သူ့ရဲ့ အရသာ ပျက်သွားပါတယ်။ အာလူးထဲက ကစီဓာတ်ဟာ ပိုချို ပိုမာသွားပါတယ်။

ကျန်းမာရေးအတွက်လည်း အန္တရယ်ရှိပါတယ်။ ရေခဲသေတ္တာထဲက ထုတ်ပြီး ချက်တဲ့အခါ လူကျန်းမာရေးကို ထိခိုက်နိုင်တဲ့ ဓာတုဗေဒ တုံ့ပြန်မှုတွေ ဖြစ်ပေါ်ပါတယ်။

Photos & Source: Metro

Credit: duwun

No comments:

Post a Comment