Sunday, March 27, 2016
"အသက် ၂၀ ကျော်မှာ စိတ်ဓာတ် ကျနေတယ်ဆိုရင်"
"အသက် ၂၀ ကျော်မှာ စိတ်ဓာတ် ကျနေတယ်ဆိုရင်"
၁- လက်ရှိအလုပ်က သင့်ဘဝကို သတ်မှတ်တဲ့ အဖြစ်မျိုး လက်မခံပါနဲ့။ ပြောင်းလဲစရာရှိရင် ပြောင်းလဲပါ။
၂- ပညာရေးမှာ၊ အလုပ်အကိုင်မှာ၊ အချစ်ကိစ္စတွေမှာ သင်စီစဉ်ထားသလို မဖြစ်ခဲ့ဘူးဆိုရင်လည်း ဒီကိစ္စတွေကို ထားလိုက်ပါတော့။ သင့်ကို ပိုမာကြောအောင် လေ့ကျင့်ပေးခဲ့တဲ့ အရာတွေလို့ပဲ သတ်မှတ်လိုက်ပါ။
၃- ငွေရေးကြေးရေး သုံးစွဲမှုကို ဆင်ခြင်လိုက်ပါ။ လူတော်တော်များများအတွက်တော့ ဒီလိုလုပ်ရတာ ခက်ခဲပါတယ်။ လူငယ်ဘဝမှာ ပြန်ကြည့်စရာမရှိတာကြောင့် ဝင်ငွေနဲ့ထွက်ငွေ မမျှအောင် သုံးနေမိတတ်ပါတယ်။ စိတ်ဓာတ်ကျနေရတဲ့ အကြောင်းရင်းတွေထဲမှာ ငွေရေးကြေးရေးကလည်း အဓိက ဒုက္ခအပေးဆုံးပါပဲ။
၎- အခြားလူတွေဆီက အကူအညီယူဖို့လည်း ဝန်မလေးပါနဲ့။ အထူးသဖြင့် ကိုယ်နဲ့ အသက်တအားကြီး မကွာဘဲ ကိုယ့်ထက်လည်း အသက်ကြီးလူဆီက တိုင်ပင်အကြံဉာဏ် ယူသင့်ပါတယ်။
Photos & Source: Lifehack
Credit: duwun
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment