Friday, March 25, 2016

"First Date မှာ ယောက်ျားလေးတွေမကြိုက်တဲ့ မိန်းကလေးတွေရဲ့ အမူအရာ (၈) မျိုး"


"First Date မှာ ယောက်ျားလေးတွေမကြိုက်တဲ့ မိန်းကလေးတွေရဲ့ အမူအရာ (၈) မျိုး"

တစ်ခါတလေ ကောင်လေးတစ်ယောက်နဲ့ First Date အဖြစ် အပြင်မှာတွေ့ကြတယ်။ ဒါပေမယ့် အဲဒီကောင်လေးက နောက်ထပ် တွေ့ဆုံဖို့ ဘာကြောင့် မတောင်းဆိုတာလည်း ဆိုပြီး အံ့သြအားငယ်ဖြစ်ရတဲ့ မိန်းမပျိုလေးတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါကြောင့် ပထမဆုံးတွေ့ပြီး နောက်ထပ်မတွေ့ချင်အောင် ဖြစ်စေနိုင်တဲ့ မိန်းကလေးတွေရဲ့ အပြုအမူ (၈) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နှုတ်ဆိတ်နေတယ်
ပထမဆုံး တွေ့ဆုံမှုမှာ စကားနည်းတာက အကြောင်းမဟုတ်ပါဘူး။ တစ်ချို့သော ကောင်မလေးတွေဟာ ရှက်ကြောက်အားကြီးပြီး အင်း အဲတောင် မလိုက်နိုင်တာမျိုးလေးတွေ ရှိတတ်ပါတယ်။ ဒါဟာ အချစ်ရေးအတွက် ကောင်းတဲ့ အကျင့်မဟုတ်ပါဘူး။

၂။ စကားကို မောင်ပိုင်စီးထားတယ်
ဒါကတော့ အတော်လေး စကားများတဲ့ မိန်းကလေးတွေကို ဆိုလိုတာပါ။ တွေ့တဲ့ ပထမဆုံးနေ့မှာ စကားတွေ ရေပတ်မ၀င်အောင် ပြောလို့လည်း မဖြစ်ဘူးလေ။ သူ့အလှည့်လည်း ပေးရတယ်။ ပိုဆိုးတာက ပြန်ချိန်ရောက်နေသည့်တိုင်အောင် လေကြောမပြတ်လို့ ကောင်လေးက အတင်းဖြတ်ရတာမျိုးကျတော့ ပွဲမလှတော့ဘူး။ ဒီတော့ လေလည်း နည်းနည်းလျှော့ပေါ့ဗျာ။

၃။ ညည်းငွေ့တဲ့အမူအယာကို ပြမိခြင်း
ဒါကလည်း တစ်ဖက်သား သိက္ခာအရ အရမ်းနစ်နာပါတယ်။ တွေ့ချိန် ကြာလာလို့ပဲဖြစ်ဖြစ် စကားတွေက
စိတ်ဝင်စားစရာ မကောင်းတော့တဲ့အခါပဲဖြစ်ဖြစ် တစ်နေရာရာကို ငေးနေမိတာတို့ တ၀ါးဝါးနဲ့ သမ်းတာတို့ လုပ်မိရင်လည်း သင့်ကို သူ နောက်တစ်ကြိမ် ချိန်းမှာမဟုတ်တော့ပါဘူး။

၎။ အင်တာဗျူးတစ်ခုနဲ့ တူနေတဲ့ တွေ့ဆုံမှု
အချို့ကကျတော့ အမေးအမြန်းထူပါတယ်။ မေးသင့်သလောက်တော့ မေးရမှာပေါ့။ အမှန်က ပထမဆုံး တွေ့ဆုံမှုဖြစ်တဲ့အတွက် လွန်လွန်ကျွံကျွံ မမေးမိဖို့ လိုတယ်။ ဒါကို တစ်ချို့ မမများက ကိုယ့်ကိုလာတွေ့တဲ့ သကောင့်သားကို အလုပ်ခွင်ဝင် အင်တာဗျူးစစ်သလို စစ်လို့မရပါဘူး။

၅။ ရည်းစားဟောင်းအကြောင်း ပြောမိတာမျိုး
အဆိုးဆုံးအချက်ထဲမှာတော့ ရည်းစားဟောင်းအကြောင်း လွှတ်ကနဲဖြစ်စေ၊ တမင်ရည်ရွယ်ပြီးဖြစ်စေ ပြောလိုက်ခြင်းပါဘဲ။ တစ်ချို့ကတော့ ကိုယ်ဟာ ဘယ်လောက် ရိုးသားသူဖြစ်ကြောင်း ပြချင်တာနဲ့ ပြောမိလိုက်တာမျိုး ရှိတတ်ပါတယ်။ ကိုယ်က မိန်းကလေးဆိုတော့ သူမမေးရင် မပြောတာ အကောင်းဆုံးပဲ။ ဒီအချိန်က ပြောရမယ့် အချိန်လည်း မဟုတ်သေးဘူးလေ။

၆။ သိပ်ကို စိတ်အားထက်သန်နေတဲ့ပုံစံကို ပြမိရင်
အရပ်စကားနဲ့ ပြောရရင်တော့ မချွေခင်က ကြွေပြီးသားပါ မောင် လုပ်လို့ မရပါဘူး။ ကိုယ့်အိနြေ္ဒလေးနဲ့ ကိုယ်နေရပါမယ်။ အရမ်းကြီး လိုက်လိုက်လျှောလျှော နေပြန်ရင်လည်း ကောင်လေးတွေစိတ်ထဲမှာ အင်ကြီးလား၊ ဘလန့်ကြီးလားဆိုပြီး တွေးသွားနိုင်ပါတယ်။

၇။ အရမ်းကို မျှော်လင့်တဲ့ပုံစံ ပေါက်နေရင်
ဒီအချက်ကလည်း နံပတ် ၆ အချက်နဲ့ သိပ်မကွာပါဘူး။ အဲဒီလို ကောင်မလေးမျိုးတွေဟာ လိမ်မယ်ဆိုရင်တောင် အရင်ဆုံး အလိမ်ခံရနိုင်ပါတယ်။ ဒါကြောင့် ဘယ်သူ့ကိုပဲဖြစ်ဖြစ် ပါးစပ်ကနေ ထုတ်မပြောတဲ့
သံသယတွေ ထားပါ။ ရင်းနီးလာတာနဲ့အမျှ သံယသအလွှာကို တစ်ခုချင်း ခွာချရတာမျိုးပါ။

၈။ အများကြီးစားမိရင်
အမျိုးသမီးတော်တော်များများဟာ အစားအသောက်ဒဏ် သိပ်မခံနိုင်ကြပါဘူး။ အထူးသဖြင့် သူတိုက ဆာနေတဲ့အခါ လူစိမ်း/လူကျက် မရွေးနိုင်တော့ပဲ တစ်ထိုင်တည်း အ၀တီးပစ်တဲ့ အကျင့်ရှိတတ်ကြပါတယ်။
တစ်စုံတစ်ယောက်နဲ့ တွေ့မယ့်အချိန် ကိုယ်က အဲဒီအကျင့် ရှိနေတယ်ဆိုရင် အိမ်ကနေ တစ်ဝတစ်ပြဲ စားလာခဲ့တာ မမှားပါဘူး။

နတ်စည်တော် (ShweMOM)

Credit: ShweMOM

No comments:

Post a Comment