Wednesday, March 23, 2016

"သဝန်တိုတတ်တဲ့ချစ်သူ စိတ်မဆိုးအောင် လုပ်သင့်တဲ့ အချက် (၅) ချက်"


"သဝန်တိုတတ်တဲ့ချစ်သူ စိတ်မဆိုးအောင် လုပ်သင့်တဲ့ အချက် (၅) ချက်"

သဝန်တိုတက်တဲ့ချစ်သူကို ရင်ဆိုင်ရမယ့် နည်းလမ်းတွေ ရှိပါတယ်။

သဝန်တိုတတ်တဲ့ ချစ်သူကို ရထားတဲ့အခါ ကိုယ့်ကိုကိုယ် လွတ်လပ်ခြင်းကို အပြည့်အဝ မခံစားရဘူးလို့ ထင်လာတက်ကြပါတယ်။ အမျိုးသားတွေ သဝန်တိုပြီဆိုရင် အမျိုးသမီးတွေထက် သာလွန်လေ့ ရှိပါတယ်။

ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ၊ ဘယ်ကိုသွားတာလဲ စသဖြင့် အကုန်သိချင်တော့တာပါပဲ။ သဝန်တိုခြင်းဟာ ချစ်ခြင်းရဲ့ တစိတ်တပိုင်း ဖြစ်တယ်ဆိုတဲ့ စကားလည်း ရှိပါတယ်။ ဒီတော့ သဝန်တိုတတ်တဲ့ ချစ်သူကောင်လေးကို အပြစ်အရင်မမြင်ပဲ သူနဲ့ အဆင်ပြေအောင် အောက်ပါ (၅) ချက်ကို လိုက်လုပ်ကြည့်ပါ။

၁။ သူ သဝန်တိုတဲ့အခါ ချိုသာပါ

သူ သဝန်တိုတဲ့အခါ စိတ်မရှည်တဲ့ပုံစံ၊ စိတ်ဆိုးတဲ့ပုံစံ မပြပါနဲ့။ (သင် သူ့ကို တကယ်ချစ်တယ်ဆိုရင်) ဒီအချိန်မှာ စကားချိုချိုသာသာတွေ ရွေးပြောပေးပါ။ ငါမှန်နေတာပဲဆိုတဲ့အတွေးနဲ့ စိတ်ဆိုးမပြပါနဲ့။ ရှင်းပြတာနဲ့ ချိချိုသာသာ ပြောပေးတာဟာ တောင်းပန်တာနဲ့ အတော်ကွာခြားပါတယ်။ ဒီအချိန်မှာ ပိုပြီးချစ်ပြပါ။

၂။ သူ့ကို ဘယ်လောက်ချစ်ကြောင်းပြပါ

ချစ်ကြောင်းကို သက်သေပြတဲ့ နည်းလမ်းများစွာ ရှိပါတယ်။ ဒီလိုအချိန်မှာ ပိုပြီး လိုအပ်ပါတယ်။ သူက သင့်အတွက် ဘယ်လောက်အရေးကြီးတယ် ဆိုတာမျိုး သက်သေပြလိုက်ပါ။ မက်ဆေ့ပို့ပြီးတော့လည်း ချစ်ကြောင်း ပြလို့ရပါတယ်။

၃။ သဝန်တိုတက်တဲ့အပေါ် အပြစ်မရှာပြပါနဲ့

သဝန်တိုခြင်းဟာ အလုံးစုံကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သဝန်တိုတာကို သူ့အပြစ်လိုဖြစ်အောင် မပြောသင့်ပါဘူး။ အမျိုးသားတွေဟာ တစ်ခါတရံမှာ ထင်ယောင်ထင်မှား ဖြစ်လေ့ရှိပြီး အဲဒါကိုပဲ အမှန်လို့ ထင်သွားလေ့ရှိပါတယ်။ ကိုယ့်ဘက်က သေချာ ရှင်းပြပေးဖို့လည်း လိုအပ်ပါတယ်။ သဝန်တိုတက်တဲ့ အကျင့်ကို အပြစ်ရှာမယ့် စိတ်ကူးကို မေ့လိုက်ပါ။

၎။ သူသဝန်တိုစေမယ့် ကိစ္စတွေ ရှောင်ပါ

သင်ဝတ်တဲ့ အင်္ကျီအဝတ်အစားက စလို့ သင် ဘယ်အမျိုးသားနဲ့ စကားပြောလဲ၊ အပြင်သွားလဲဆိုတဲ့ ကိစ္စတွေအထိ အမျိုးသားတွေက သဝန်တိုတက်ကြပါတယ်။ ဒါကြောင့် တက်နိုင်သလောက် သူ သဝန်တိုမယ့် ကိစ္စတွေရှောင်ပါ။ မဖြစ်မနေ လုပ်ရမယ့် ကိစ္စရှိရင်လည်း (ဖြစ်နိုင်ရင်) သူ့ကို အရင်ကြိုပြောပါ။ နားလည်အောင် အေးအေးဆေးဆေး ရှင်းပြပါ။

၅။ သူ့အချစ်ဟောင်းနဲ့ မတူကြောင်း ရှင်းပြပါ

သူဟာ ချစ်သူဟောင်းရဲ့ သစ္စာမဲ့မှု၊ ဂရုမစိုက်မှုတွေကို ခံခဲ့ရသူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီအချက်ကို သင်သိထားတယ်ဆိုရင် သင်က သူ့အချစ်ဟောင်းနဲ့ မတူဘူးဆိုတာကို သူသဘောပေါက်အောင် ရှင်းပြပါ။ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို ရှင်းပြပါ။ သင်က တစ်ယောက်တည်းကို ချစ်ဖို့ မွေးဖွားလာတာ ဆိုပြီး ကဗျာဆန်ဆန် ပြောပြနိုင်ပါသေးတယ်။

Soure : WikiHow

Credit: duwun

No comments:

Post a Comment