Wednesday, March 30, 2016
"ဆီးဖြူးသီးရဲ့ ကျန်းမာရေးကောင်းကျိုး (၇) မျိုး"
"ဆီးဖြူးသီးရဲ့ ကျန်းမာရေးကောင်းကျိုး (၇) မျိုး"
ဆီးဖြူသီးကို မြင်ဖူး စားဖူးကြပါသလား။ အညာမှာတော့ အတော်ပေါပါတယ်။ ဒီလို နွေရာသီတစ်လျှောက်လုံး ပေါ်ပေါက်တတ်ပြီး ဒီအတိုင်း တစ်ကိုက်ကိုက်လိုက်ပြီးတာနဲ့ ရေသောက်လိုက်ရင် ဘယ်လို အရသာလေး လျှာပေါ်မှာ ကျန်နေသလဲဆိုတာ စားဖူးသူတိုင်း သိပါလိ့မ်မယ်။ ဆီးဖြူသီးကို ဒီအတိုင်းလည်း စားကြသလို၊ ငပိ၊ ပုဇွန်ခြောက် စတာတွေနဲ့လည်း အချိုအစပ် ချက်စားကြပါတယ်။ အညာမှာတော့ သိပ်ပေါလွန်းလို့ အချဉ်သိပ်ပြီး စားကြပါတယ်။ ဆီးဖြူးသီးရဲ့ ကျန်းမာရေးကောင်းကျိုး (၇) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ကျန်မာရေးကို အကျိုးပြုတဲ့ ဓာတ်တွေ
ဆီးဖြူသီးမှာ ကျန်းမာရေးကို အကျိုးပြုနိုင်တဲ့ ဓာတ်တွေ မြောက်များစွာ ပါဝင်ပါတယ်။ အထူးသဖြင့် calcium, phosphorus, iron, copper, potassium, manganese, magnesium, chromium, vitamins A နဲ့ B စတဲ့ဓာတ်တွေအပြင် dietary fiber လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ရေဓာတ် 80% ပါဝင်ပြီး ကယ်လိုရီလည်း လုံးဝမပါသလောက် နည်းပါးပါတယ်။
၂။ ဆံပင်ကို သန်စွမ်းနက်မှောင်စေပြီး အသားအရေကို ကြည်လင်ဝင်းပစေနိုင်တယ်
ဆီးဖြူသီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်လို့ ဆံပင်သန်စွမ်း နက်မှောင်စေပါတယ်။ ဒါ့အပြင် အသားအရည်ကို ထောက်ပံ့မှုတွေ အများကြီး ပေးနိုင်တဲ့ ဗီတာမင် C နဲ့ အခြားသတ္ထုဓာတ်တွေလည်း ပါဝင်ပါတယ်။
၂။ မျက်စိအမြင်ကို ကြည်လင်စေတယ်
ဆီးဖြူသီးမှာ ခန္ဓာကိုယ်ရဲ့ သက်စောင့်ဓာတ်ဖြစ်တဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်ပါတယ်။ မျက်စိ မှုန်ဝါးခြင်း၊ မျက်လုံး ကြိမ်းခြင်း၊ အရွယ်မတိုင်မီ မျက်စိကွယ်ခြင်း စတာတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
၃။ သွေးတိုးသွေးကျ ရောဂါသည်တွေအတွက် ကောင်းမွန်တဲ့ ဆေး
ဆီးဖြူသီးကို ပုံမှန်စားသုံးပေးပါက သွေးပေါင်ချိန်မမှန်ခြင်း၊ သွေးတိုးခြင်း၊ သွေးကျခြင်း စတာတွေကို ကာကွယ် တားဆီးပေးနိုင်ပါတယ်။ ဆီးဖြူသီးမှာ ပါဝင်တဲ့ ဗီတာမင် C ဟာ သွေးထဲရှိ ကိုလက်စထရောနဲ့ သကြားဓာတ်ပါဝင်မှုကို သန့်စင်စေပြီး သွေးခဲခြင်း၊ သွေးကြောပိတ်ခြင်းတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
၎။ နှလုံးရောဂါကို ကာကွယ်ပေးတယ်
ဗီတာမင် C ဓာတ် ကြွယ်ဝစွာပါဝင်လို့ နှလုံးရောဂါနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါကိုလည်း ကာကွယ် ပေးနိုင်ပါတယ်။
၅။ အရွယ်တင် နုပျိုစေတယ်
အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ အသားအရည် ပျက်ဆီးခြင်း၊ အသားအရေ ခြောက်ကပ်ခြင်း၊ အရေတွန့်ခြင်း စတာတွေအတွက်လည်း ဆီးဖြူသီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။
၆။ သွားနဲ့ အရိုးကျန်းမာရေးကို ကောင်းမွန်စေတယ်
ဆီးဖြူသီးမှာ ဗီတာမင် C, B, A စတဲ့ ဓာတ်တွေကို ပါဝင်လို့ သွားတွေကို ဖြူဖွေး ကျန်မားစေပါတယ်။ ဒါ့အပြင် အရိုးပျက်ဆီးမှုကိုလည်း ထိန်ပေးပြီး အရိုးတွေကို ခိုင်မာစေပါတယ်။
၇။ ကင်ဆာရောဂါကို အကာကွယ်ပေးနိုင်တယ်
ဗီတာမင် C ဓာတ် ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်ထဲကို နည်းအမျိုးမျိုးနဲ့ ၀င်ရောက်လာမည့် ကင်ဆာဆဲလ်တွေကို တိုက်ဖြတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်လို့ ကင်ဆာဆဲလ် ဖြစ်ပေါ်မှုကို ထိရောက်စွာ တားဆီးပေးပါတယ်။
နတ်စည်တော် (Shwemom)
Credit: Shwemom
Labels:
ကျန်းမာရေး,
အစားအသောက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment